လားရှိုးလေဆိပ် ကျပြီးနောက် နမ့်စန်လေတပ်စခန်းကို စစ်ကောင်စီတိုက်လေယာဉ် ပိုမိုအသုံးပြုလာ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်း ဌာနချုပ်တွင် တိုက်လေယာဉ် အတက်အဆင်း ပိုမိုများပြားလာပြီး နေ့၊ည အချိန်မရွေး ပျံသန်းမှု ခပ်စိပ်စိပ် ရှိနေကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် ကပ်ရပ်ရှိ လားရှိုးလေဆိပ်နှင့် လေတပ်စခန်းတို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဇူလိုင်လ ၃၀ ရက်တွင် သိမ်းပိုက်လိုက်သည်။

၎င်းနောက်တွင် သျှမ်းပြည်တောင်ပိုင်းဘက် တစ်ခုတည်း ကျန်ရှိသည့် စစ်ကောင်စီ၏ နမ့်စန်လေတပ်စခန်းတွင် တိုက်လေယာဉ် အပါအဝင် စစ်သုံးရဟတ်ယာဉ်များ အတက်အဆင်း ပိုမိုများပြားလာပြီး နေ့ည အချိန်မရွေး ပျံသန်းမှု ခပ်စိပ်စိပ် ရှိလာကြောင်း နမ့်စန်ဒေသခံများက ပြောသည်။

“ပုစဉ်းအသေးတွေလည်း လာဆင်းတာ အခေါက်ရေ များလာတယ်။ ဒီနောက်ပိုင်း ဂျက်ဖိုက်တာတွေ ဆင်းတာ များတယ်။ ကျနော်အထင် ဒီကတက်သွားရင် သီပေါဘက်တွေ ဗုံးသွားကြဲတာပေါ့။ မနေ့က တစ်ရက်တည်း ရဟတ်ယာဉ်ပဲကို ၇ ခေါက်လောက် ဆင်းတယ်။ စစ်သုံးလေယာဉ် ဗုံးကြဲလေယာဉ်တွေပဲ တော်တော်စိပ်လာတယ်”ဟု နမ့်စန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်စန်လေတပ်

ယခုရက်ပိုင်းအတွင်း နမ့်စန်မြို့ရှိ စစ်ကောင်စီ လေတပ်စခန်းမှ တိုက်လေယာဉ်များသည် တစ်နေ့လျှင် ပျမ်းမျှ ၅ ကြိမ်မှ ၈ ကြိမ်အထိ အတက်အဆင်း ပြုလုပ်ပျံသန်းနေကြောင်း နမ့်စန်ဒေသခံများက ပြောသည်။

“လေယာဉ်တက်ဆင်းလုပ်ရင် အမြဲတမ်း ဆူညံနေတာ။ နိမ့်နိမ့်လေး ပျံရင် လန့်တောင် လန့်တယ်။ ရောဂါအခံရှိတဲ့လူနဲ့ လူအိုတွေဆိုရင် မခံနိုင်ဘူး။ စစ်ဖြစ်နေတဲ့ ဒေသဆိုရင် လေယာဉ်နဲ့ ဗုံးကြဲမှာ သေချာတယ်လေ။ နောက်တစ်မျိုး စဉ်းစားရင် နမ့်စန်ကလည်း လေတပ်ရှိတာဆိုတော့ စစ်ရေးပစ်မှတ်လို ဖြစ်လာမှာပေါ့”ဟု ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် သျှမ်းပြည်အတွင်း စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များ ဆင်းသက်နိုင်သည့် လေဆိပ်မှာ လားရှိုးလေတပ်စခန်း ကျပြီးနောက်တွင် နမ့်စန်လေတပ်စခန်း ဌာနချုပ်တွင်သာ ကျန်ရှိတော့ကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်းသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် စစ်ကောင်စီ တိုက်လေယာဉ်များ ပျံတက်နေသည့် မန္တလေးတိုင်း တံတားဦး လေတပ်စခန်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုကို ခံနေရပြီး တံတားဦး လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက ဩဂုတ်လ ၂၂ ရက်တွင် သိမ်းပိုက်ထားသည်။

ဩဂုတ်လ တတိယပတ်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ သီပေါနှင့် မိုးမိတ်မြို့များသို့ စစ်ကောင်စီတပ်မှ ထပ်မံ၍ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦးထက်မနည်း သေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် ပြည်သူနေအိမ် (၁၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...