ကျိုင်းတုံ စစ်ကောင်စီဟုဆိုပြီး ဖုန်းမှတဆင့် ခြိမ်းခြောက် ငွေတောင်းမှုရှိလာ

သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ် ကျိုင်းတုံမြို့ဒေသခံများထံ စစ်ကောင်စီ လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ဟုဆိုပြီး ဖုန်းမှတဆင့် ခြိမ်းခြောက်ငွေတောင်းခံမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ခြိမ်းခြောက်ငွေတောင်း

ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ်ကစပြီး ယနေ့ အချိန်ထိ ကျိုင်းတုံမြို့တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုက ဒေသခံပြည်သူများထံ တိုက်ရိုက်ဖုန်းခေါ်ဆိုလာပြီး ကျပ်သိန်း ၅၀ တောင်းခံကာ မပေးနိုင်လျှင် အိမ်ထိလာရောက် ဖမ်းဆီး ခေါ်ဆောင်မည်ဟု ခြိမ်းခြောက်နေကြောင်း ကြုံတွေ့ခဲ့သူ ဆရာတော်တစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

“ဆရာတော်ကို PDF နဲ့ ပတ်သက်တယ်ဆိုပြီး ဖုန်းဆက်ငွေတောင်းလာတယ်။ သူတို့ကို (စ.ရ.ဖ) ကဆိုပြီး ပြောတယ်။ PDF နဲ့ ပတ်သက်ထားတယ်၊ အဖမ်းမခံရချင်ရင် ကျပ်ငွေ သိန်း (၅၀) လွှဲလာပေးလို့ ပြောတယ်။ ဆရာတော်ကတော့ မယုံလို့ မလွှဲပေးဘူး“ ဟု ဆရာတော် တစ်ပါးက မိန့်ကြားသည်။

အဆိုပါ ဖုန်းမှတစ်ဆင့် ခြိမ်းခြောက်ငွေတောင်းလာမှုနှင့် ပတ်သက်ပြီး ကျိုင်းတုံမြို့ စစ်ကောင်စီ တပ်ရင်း (၅၂၉) ကို အကြောင်းကြားထားသည်ဟု သိရသည်။

အလားတူ ကျိုင်းတုံမြို့ မြို့မဈေးထဲတွင် ငွေလဲလှယ် အလုပ်ကို လုပ်ကိုင်နေသည့် အမျိုးသား တစ်ဦးကလည်း ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖုန်းမှတစ်ဆင့် ခြိမ်းခြောက် ငွေတောင်းခံရကြောင်း သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ကျနော်ကို နိုင်ငံရေးနဲ့ ပတ်သက်တယ်ဆိုပြီး ဖုန်းဆက်ငွေတောင်းလာတာဗျာ။ နိုင်ငံရေး ပတ်သက်တဲ့သူကို ဖမ်းမယ်။ ဖမ်းခံရရင် တရားလွှတ်တော်ကို ရင်ဆိုင်ရမယ်၊ ပိုက်ဆံအများကြီးကုန်မယ်ဆိုပြီး အဖမ်းမခံချင်ရင် ကျပ်သိန်း ၇၀ လွှဲလာပေး၊ မလွှဲရင် လာဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်လာဗျာ။ သူတို့ကို ဗိုလ်မှူးရုံးကလို့ ပြောတယ် “ ဟု ကြုံတွေ့ခဲ့ရသူ ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ခြိမ်းခြောက်ငွေတောင်း ခံနေရသူသည် ဆရာတော် အပါအဝင် ၅ ဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် ပင်လုံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နာမည်ဖြင့် ဒေသခံပြည်သူများထံ ခြိမ်းခြောက်ငွေတောင်းခံမှု ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...