မူဆယ်မြို့ လောင်းကစားဝိုင်းများ ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်၊ အရေးယူမှုမရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်အတွင်း လောင်းကစားဝိုင်းများကို ၂၄ နာရီ ပိတ်ရက်မရှိ ပေါ်တင် ပြုလုပ်နေပြီး သက်ဆိုင်ရာမှ အရေးယူမှုမရှိကြောင်း စုံစမ်းသိရသည်။

လောင်းကစားကို ကြေငြာဆိုင်းဘုတ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ လမ်းဆိုင်းဘုတ်များတွင် တရုတ်စာများ ရေးသားခြင်း၊ လောင်းကစား( ကြက်တိုက်) ခြင်းများကိုလည်း တရုတ်စာများဖြင့် လမ်းထိပ်တွင် ရေးသားကြေငြာ ထားမှုများလည်းရှိကြောင်း မူဆယ်မြို့ ဒေသခံများ ပြောပြချက်အရ သိရသည်။

“ စွမ်စော်ရပ်ကွက်မှာဆိုရင် လောင်းကစားတွေက ပေါ်တင်ပဲ။ လမ်းထိပ်ဆိုင်းဘုတ်တောင် ကြက်တိုက်တယ် ဆိုတာ တရုတ်လိုရေးသားပြီးပေါ်တင်ကြေငြာတယ်။ ဘယ်သူက အရေးမယူဘူး” ဟု မူဆယ်မြို့ အသက် ၅၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများသည် ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ပြီး မီးပျက်လျှင်လည်း မီးစက်နှိုးပြီး ဖွင့်လှစ်သည့်အတွက် ဒေသခံများက သက်ဆိုင်ရာကို တိုင်ကြားချင်သော်လည်း ထိုလောင်းကစားဖွင့်လှစ်သူများသည် အခွန်ပေးပြီး ဖွင့်လှစ်ထားသဖြင့် တိုင်ကြားရန် ခက်ခဲနေကြောင်းလည်း ၎င်းအမျိုးသမီးက ဆိုသည်။

“ ည လူအိပ်ချိန်လည်း မီးစက်နှိုးပြီး ဖွင့်တော့ ညဆိုအိပ်လို့မရဘူး။ သူတို့က ရဲတွေကို ပိုက်ဆံပေးထားတော့ ကျမတို့က ဘယ်သူကိုတိုင်လို့တိုင်ရမှန်းမသိဘူး။ ကြက်တိုက်ရော ကာစီနိုတွေရော အများကြီးပဲ။ ဒီနှစ်မှာ ပိုများလာတယ်” ဟု အမည်မဖော်လိုသည့် အသက် ၂၅ နှစ်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုလောင်းကစားရုံများသည် အဓိကအားဖြင့် ပြည်သူ့စစ်နှင့် စစ်ကောင်စီများ ပူးပေါင်းပြီးဖွင့်လှစ်ထားသည့်အတွက် ပြည်သူများက တိုင်ကြားချင်သော်လည်း တိုင်ကြားရန် ခက်ခဲနေကြောင်းလည်း ၎င်းအမျိုးသားက ဆိုသည်။

မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် တရုတ်လူမျိုးများစွာနေထိုင်သည့်အတွက် လမ်းထိပ်တိုင်းတွင် မြန်မာစာကိုမတွေ့ရတော့ဘဲ လမ်းဆိုင်းဘုတ်က အစ တရုတ်စာများဖြင့်သာ ရေးသားနေကြောင်းသိရသည်။

“အခုက ကျနော်တို့ လမ်းတွေမှာတောင် တရုတ်စာတွေပဲတွေ့လို့ တရုတ်ပြည်လားလို့ထင်ရတယ်။ မူဆယ်မြို့ပေါ်မှာတော့ သိပ်မတွေ့ရဘူး စွမ်စော်ဘက်ပဲ လမ်းတိုင်းက တရုတ်ပဲ”လို့ အထက်ပါ လူငယ်အမျိုးသားက ဆိုသည်။

မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် စစ်အာဏာသိမ်းပြီးနောက် မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာဖြစ်သည်။

မူဆယ်မြို့နယ်သည် စစ်ကောင်စီ တပ်ဖွဲ့အပြင် ၎င်းတို့၏ လက်အောက်ခံ တရုတ်လူမျိုးများ ပါဝင်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့မှ သွားလာလှုပ်ရှားနေသည့်နေရာဖြစ်သည်။

ယခုနှစ် ဇူလိုင် ၃၁ ရက် ညပိုင်းတွင်လည်း မင်္ဂလာမူဆယ်မြို့သစ်ရှိ ကိုးထပ်တိုက် အဆောက်အအုံတွင် ဖွင့်လှစ်ထားသည့် တရုတ်လူမျိုးကို ပစ်မှတ်ထားပြီး အွန်လိုင်းမှငွေလိမ်သည့် လုပ်ငန်း စီးနင်းခံရပြီး၊ ထိုလောင်းကစားလုပ်ငန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ ပါဝင်ပတ်သက်နေသည်ဟုလည်း မူဆယ်ဒေသခံများ ပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...