တောင်ကြီးမြို့ပေါ်ရှိ လိုင်းကားဂိတ်များ ရွှေ့ပြောင်းရန် စစ်ကောင်စီမှ ထပ်မံဖိအားပေး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ လိုင်းကားဂိတ်များ အေးသာယာ ကားလေးကွင်း နှင့် တောင်ကြီး – ဟိုပုံး ပြည်ထောင်စု လမ်းမဘေးရှိ TBC ကားဂိတ်သို့ အပြီးရွှေ့ပြောင်းပေးရန် စစ်ကောင်စီမှ ထပ်မံဖိအားပေး နေကြောင်း စုံစမ်း သိရှိရသည်။

TBC ကားဂိတ်

ဒီဇင်ဘာ (၁၇) ရက်နေ့မှာ မြို့ပေါ်ရှိ လိုင်းကားဂိတ်များကို တောင်ကြီး – ဟိုပုံး ပြည်ထောင်စု လမ်းမဘေးရှိ TBC ကားဂိတ်သို့ အပြီးရွှေ့ပြောင်းခဲ့ကြောင်း စစ်ကောင်စီက ညွန်ကြားထားသည်ဟု လိုင်းကားပြေးဆွဲနေသည့် အမျိုးသား တစ်ဦး ကပြောသည်။

တောင်ကြီးမြို့တွင်း ခရီးသည်တင်ပို့ဆောင်ရေး ယာဉ်လိုင်းဂိတ်စခန်းများ ဖွင့်လှစ်နေခြင်း တွေ့ရှိပါက လိုင်းကားကို ဖြတ်သိမ်းရသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီမှ ခြိမ်းခြောက်ထားကြောင်း တောင်ကြီးမြို့ပေါ် လိုင်းကားပြေးဆွဲသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ တောင်ကြီးမြို့ပေါ်ကရှိတဲ့ လိုင်းကားဂိတ် အားလုံးကို အေးသာယာ ကားလေးကွင်း နဲ့ မြို့အပြင်က ၄ မိုင် TBC ကားဂိတ်ကို ရွှေ့ပြောင်းခိုင်းတယ်။ သူတို့ ခိုင်းသလို ကျနော်တို့ လိုက်မလုပ်ရင် အရေးယူမယ်ပေါ့။ နောက်ဆုံး လိုင်းကားဖြတ်သိမ်းတဲ့ အထိ အရေးယူမယ်လို့တော့ ခြိမ်းခြောက်ထားတယ် “ ဟု ၎င်း လိုင်းကားသမားတစ်ဦးက ပြောသည်။

လက်ရှိ အေးသားယာ ကားလေးကွင်းက ဆိုင်ခန်းတစ်ခန်းကို ကျပ်ငွေ သိန်း ၃၆၀ ဖြင့် ရောင်းချပေးနေသလို တောင်ကြီး – ဟိုပုံး ပြည်ထောင်စု လမ်းမဘေးရှိ TBC ကားဂိတ်ဝင်းရှိ ဆိုင်ခန်းတစ်ခန်းကိုလည်း တစ်လလျှင် ကျပ်ငွေ (၈) သိန်း နှင့် အငှားပေးပြီး ကျပ်ငွေ သိန်း (၈၀၀) ဖြင့် စစ်ကောင်စီက ရောင်းချပေးနေကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ပို့ဆောင်ရေး ယာဉ်လိုင်းကားဂိတ်များ မြို့တွင်း၌ ဖွင့်လှစ်ခြင်းမရသဖြင့် ကုန်တင်၊ ကုန်ချရာမှာ အခက်ခဲများစွာ ကြုံတွေ့နေရကြောင်း ဆိုသည်။

“ ရန်ကုန် – မန္တလေးက လာတဲ့ လိုင်းကားဆိုရင် တောင်ကြီးမြို့ပေါ်ကို ပေးမတက်ဘူး။ ဟိုပုံး လမ်းဘက်က လာတဲ့ လိုင်းကားတွေကို မြို့ထဲ ပေးမဝင်ဘူး။ အခု လူတင်၊ ကုန်တင်၊ ကုန်ချ မယ်ဆိုရင် အရမ်းခက်သွားတယ်။ မြို့ထဲမှာ နောက်ထပ် ကားတစ်စီး မလောက်ရင် နှစ်စီးထပ်ဆွဲရမယ်။ အဲ့ကားကနေ မြို့ပေါ်မှာ ကုန်တင်၊ လူတင် ပြီးတော့မှ မြို့ပြင်က ကားဂိတ်ကို နောက်တစ်ခေါက် လာပို့ရတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့ကြောင့် တောင်ကြီးမြို့ပေါ်ရှိ လိုင်းကားဂိတ်များ အားလုံးကို မြို့ပြင်သို့ ရွှေ့ပြောင်းသွားရသဖြင့် လိုင်းကားဂိတ်ဖွင့်လှစ်သူများ အခက်ခဲရှိသလို ပစ္စည်းတင်ပို့မည့် ဒေသခံ ပြည်သူများလည်း အခက်ခဲကြုံတွေ့နေရကြောင်း သိရှိရသည်။

တောင်ကြီးမြို့ ဦးကြီးခမ်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက မြို့တွင်းရှိ လိုင်းကားဂိတ်များ ရွှေ့ပြောင်းသွားပြီးနောက် ကုန်ပစ္စည်းတင်ပို့ရာမှ ယခင်ကထက် ပိုပြီး ကုန်ကျစရိတ်များလာသလို အချိန်လည်း ပိုကုန်လာကြောင်း ဆိုသည်။

“ မြို့ပေါ်က လိုင်းကားမရှိတော့ရင် တစ်ခုခုပစ္စည်း ပို့ချင်ရင် အေးသာယာကို တစ်ခါဆင်းရမယ်။ ပြီးရင် မြို့ပေါ်တစ်ခါပြန်တက်လာရမယ်ဆိုတော့ ငွေလည်းကုန်တယ် အချိန်လည်းကုန်တယ် “ ဟု ၎င်းအမျိုးသား ကပြောသည်။

ထို့အပြင် ဆိုင်ခန်းအသစ်ကို မဝယ်နိုင်သည့် လိုင်းကားဂိတ် တချို့မှာလည်း လက်ရှိမှာ ရပ်နားထားရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လပိုင်းတွင် စစ်ကောင်စီ၏ လက်အောက်ခံ မြို့နယ် ပုဂ္ဂလိကယာဉ် လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီက တောင်ကြီးမြို့ပေါ်ရှိ လိုင်းကားဂိတ်စခန်းများနှင့် ဆိုင်ခန်းများကို အေးသာယာ ကားလေးကွင်းသို့ ရွှေ့ပြောင်းရန် ဖိအားပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...