Tuesday, January 27, 2026

နမ့်ခမ်းမြို့ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ပျောက်ဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ လွယ်ဟွမ်ရွာတွင် နေထိုင်သည့် အသက် ၁၆ နှစ် အရွယ်ရှိ လွေးအိုဟန်မိုးသည် သူငယ်ချင်းတစ်ဦးနှင့် ဈေးဝယ်သွားရင်း ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

ပျောက်ဆုံးနေသည့် အမျိုးသမီး

ယခု (ဒီဇင်ဘာလ) ၁၂ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် လွေးအိုဟန်မိုးသည် သူငယ်ချင်း အမျိုးသားတစ်ဦးနှင့် ဈေးဝယ်သွားရန် အိမ်ကိုအကြောင်းကြားပြီး ထွက်သွားရာမှ ယနေ့ (ဒီဇင်ဘာ ၁၄)ရက် အချိန်ထိ အိမ်ကိုပြန်မလာဘဲ ပျောက်ဆုံးနေကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဟိုတစ်နေ့က သူ့ သူငယ်ချင်းကောင်လေး တစ်ယောက်နဲ့ ဈေးသွားမယ်ဆိုပြီး ထွက်သွားတာ။ ဈေးခဏသွားမယ်နော် ဆိုပြီး ထွက်သွားကတည်းက ဒီနေ့ဒီချိန်ထိ ပြန်မလာသေးဘူး။ သူတို့နှစ်ယောက်ကလည်း ဘာဖုန်းမှ မရှိဘူး။ လွေးအိုဟန်မိုးကတော့ အထဲအင်္ကျီအပွ နဲ့ အပေါ်က ဂျင်းအင်္ကျီအပါးလက်ရှည် ထပ်ထားတယ်“ ဟု ၎င်းနီးစပ်သည့်အသိုင်းအဝန်းမှ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ပျောက်ဆုံးသွားသည့် ရက်မှစ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် လက်နက်ကိုင် တပ်ဖွဲ့များကို တိုင်ကြားထားခြင်း မရှိသေးကြောင်းလည်း သိရသည်။

ပျောက်ဆုံးနေသည့် အသက် ၁၆ နှစ် လွေးအိုဟန်မိုးနှင့် အသက် ၁၈ နှစ်အရွယ် အညီ ဆိုသူဖြစ်ပြီး ၎င်းနှစ်ဦးကို တွေ့ရှိထားပါက ဖုန်းနံပါတ် 09 425 174 303 ကို ဆက်သွယ်ပြီး အကြောင်းကြားပေးရန်လည်း ၎င်းနီးစပ်သူများက ပြောဆိုလိုက်သည်။

နမ့်ခမ်းမြို့ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင် အများအပြားလှုပ်ရှားသည့် နယ်မြေဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...