မူဆယ်မြို့ လောင်းကစားများ လူမြင်ကွင်းတွင် ပေါ်တင်ဖွင့်လှစ်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ လမ်းဘေးများတွင် လောင်းကစားဝိုင်းများကို ပေါ်တင် ဖွင့်လှစ်ဆော့ ကစားနေကြောင်း သတင်းသိရသည်။

မူဆယ်မြို့

မူဆယ်မြို့ပေါ် ရပ်ကွက်များဖြစ်ကြသည့် စွမ်စော်ရပ်ကွက်၊ ကောင်းမူးတုံရပ်ကွက်၊ ဆင်ဖြူဈေး၊ ကောင်းမူးလွယ် နှင့် AYA ဘဏ်တို့ ဘက်တွင် လောင်းကစားဝိုင်းများကို လမ်းဘေးတွင် ပေါ်တင်စွာ ဖွင့်လှစ်နေကြကြောင်း ဒေသခံ များက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုလောင်းကစားဝိုင်းများကို ပေါ်တင်ဖွင့်လှစ် နေမှုကြောင့် အပြင်သွားလာပါက လုံခြုံရေးမရှိသည့်အပြင် လက်ရှိအချိန်ထိ လောင်းကစားဝိုင်းများကို အရေးယူခြင်း မရှိသေးကြောင်း မူဆယ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လောင်းကစားဝိုင်းတွေက နေရာတိုင်းမှာရှိနေတော့ ညနေရောက်ပြီဆိုတာနဲ့ အပြင်မထွက်ရဲကြတော့ဘူး၊ ဥပဒေ အရဆိုလည်း ဘယ်သူကို အားကိုးရမလဲ မသိဘူး။ လမ်းဘေးမှာ ရောင်စုံမီးနဲ့ ဖွင့်နေကြတဲ့ လောင်းကစားဝိုင်းတွေ ကို ဘယ်အဖွဲ့ မှလည်း နှိမ်နင်းအရေးယူပေးတာ မရှိဘူး” ဟု မူဆယ်မြို့နယ်မှ အမည်မဖော်လိုသူ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ လောင်းကစားဝိုင်းများ ပေါများသည့် နေရာများတွင် အပြင်ထွက်သွားလာပါက သူခိုးများ ဓါးထောက် လုယက်မှုများ လည်း ကြုံတွေ့ရလေ့ရှိသည့်အတွက် လုံခြုံရေး မရှိကြောင်း ဒေသခံများက ဆက်ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများသည် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး လွတ်လပ်စွာ ဖွင့်ခွင့်ပေး ထားခြင်း ဖြစ်ကြောင်း အသက် ၄၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကိုပြောသည်။

“လောင်းကစားဝိုင်းတိုင်းမှာ တရုတ်ပိုက်ဆံရှိတဲ့သူတွေက ဒိုင်ကိုင်ထားကြတာ၊ ပြီးတော့ တရုတ်လူမျိုးတွေ ဖြစ်ကြတဲ့ ပြည်သူ့စစ်တွေကလည်း ရှိနေကြတယ်၊ ကိုဗစ် အခြေနေကြောင့် နဲ့ စားဝတ်နေရေး ခက်ခဲပါတယ်ဆို၊ အခုက လောင်းကစားဝိုင်းကြောင့် ပိုပြီး ခက်ခဲလာရတယ်” ဟု ၎င်းက ပြောသည်။

မူဆယ်မြို့နယ်သည် စစ်ကောင်စီ တပ်ဖွဲ့အပြင် ၎င်းတို့၏ လက်အောက်ခံ တရုတ်လူမျိုးများ ပါဝင်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့မှ သွားလာလှုပ်ရှားနေသည့်နေရာဖြစ်သည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် မူဆယ်မြို့နယ်အတွင်း၌ မူးယစ်ဆေးဝါး နှင့်လောင်းကစား ဝိုင်း များပြားလာပြီးစက်တင်ဘာ လတွင် ဆယ်ကျော်သက်ကလေး တစ်ဦး ၊ အောက်တိုဘာအတွင်း ကလေး ၂ဦး ပြန်ပေးဆွဲခံရကာ သက်ဆိုင်ရာက ကူညီဖြေရှင်းပေးခြင်းမရှိခဲ့ပေ ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...