ပန်ဆိုင်း သူခိုးနှင့် မူးယစ်သုံးစွဲသူများကို ဖမ်းသည့် ပြည်သူများ ရဲက ပြန်လည်ခြိမ်းခြောက်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်(ခွဲ) အတွင်း လူဆိုး နှင့် မူးယစ်သုံးစွဲသူများကို ဖမ်းဆီးသည့် ပြည်သူများကို ရဲများက ပြန်လည် ခြိမ်းခြောက်နေကြောင်း သတင်းသိရသည်။

ပန်ဆိုင်း

မြန်မာ-တရုတ် နယ်စပ် ပန်ဆိုင်းမြို့နယ်(ခွဲ) မှ ရဲစခန်းသည် အရပ်သား ပြည်သူများ ဖမ်းဆီးအရေးယူထားသည့် သူခိုးများနှင့် မူးယစ်သားကောင်များကို ပြန်လည်အပ်နှံရာတွင် အရပ်သား ပြည်သူများက အရေးယူခံရနိုင် သည်ဟု ပြန်လည် ပြောဆိုခြိမ်းခြောက်ကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ ရပ်ကွက်ထဲကပြည်သူတွေ စုပေါင်းပြီး သူခိုးတွေကို ဖမ်းမိရင် ရဲစခန်းကို ပို့တာ၊ တခါတလေလည်း ရိုက်နှက်မိတာတွေရှိတာပေါ့၊ ရဲစခန်းက ပြန်ပြောတာက လုပ်ပိုင်ခွင့်မရှိဘူး၊ တရားတောင် ပြန်စွဲလို့ရတယ်ဆိုတာ မသိဘူးလား ဆိုပြီး ပြန်ခြိမ်းခြောက်တယ်” ဟု ပန်ဆိုင်းမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

အရပ်သား ပြည်သူများ ဖမ်းမိသော သူများသည် မူးယစ်ဆေးဝါးသုံးသူများ နှင့် ရက်ကွက်အတွင်း နေအိမ်များရှိ ရေနုတ်မြောင်းကာ သံပန်း နှင့် မီးကြိုးများကို ခိုးယူသူများဖြစ်သည်။
ယခင် ပန်ဆိုင်းဒေသအတွင်းက သူခိုးနှင့် မူးယစ်ဆေးသားကောင်များ၏ သောင်းကျန်းမှုများနှင့် ပတ်သက်ပြီး ရဲစခန်းသို့ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ရပ်ကွက်ကျေးရွာနေများက စုပေါင်းကာ ဖမ်းဆီးရခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ဖမ်းမိတဲ့သူတွေကို ရဲစခန်းပို့လိုက်ရင် အဲ့သူခိုးတွေ၊ မူးယစ်သုံးသူတွေကို လက်မှတ်ထိုးပြီး ဆွေမျိုးတွေ လူကြီးတွေကို လာထုတ်ခိုင်းတယ်၊ ဖမ်းပေးတဲ့ ကျနော်တို့ကျတော့ အရေးယူနိုင်တယ်လို့ ခြိမ်းခြောက်တယ်၊ ဒါကြောင့် ဒီနောက်ပိုင်းဆို ရဲစခန်းကို သွားမတိုင်တော့ဘူး၊ ဖမ်းပြီးလည်း မပို့တော့ဘူး၊ ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ ဖြေရှင်းလိုက်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပန်ဆိုင်းမြို့နယ် (ခွဲ) မှ ဒေသခံပြည်သူများသည် မိမိတို့၏ ဒေသလုံခြုံရေးအတွက် ရပ်ကွက်/ ကျေးရွာ အလိုက် အရပ်သားများစုပေါင်းကာ လုပ်ဆောင်နေရကြောင်းသိရသည်။
ထို့အပြင် ပန်ဆိုင်းမြို့နယ်(ခွဲ)အတွင်း၌ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ ဖြစ်ကြသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA) တပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့်အတွက် ရဲစခန်းရှေ့ လမ်းကြောင်းမှာလည်း လုံခြုံရေး နှင့် စစ်ဆေးမှု တင်းကြပ်စွာ ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်ည ၁၁ နာရီဝန်းကျင်အချိန်မှာလည်း ပန်ဆိုင်းမြို့နယ်(ခွဲ)ရှိ ရဲစခန်းဝန်း အနီး ဖူဆယ်ကွင်း နှင့် ပြည်သူ့စစ်ဝန်းတို့တွင် သေနတ်ပစ်သံများထွက်ပေါ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...