တရုတ်ပြည်ဝယ်လက်မရှိသဖြင့် ဖရဲသီး စိုက်ပျိုးသူများ အရှုံးပေါ်နေ

တရုတ်ပြည် ရွှေလီ – ဝမ်တိန်တွင် လော့ဒေါင်း မကြာခဏချထားမှုကြောင့် ဂိတ်ပုံမှန်ဖွင့်လှစ်မရှိခြင်း၊ တရုတ်ပြည်ဘက်မှ ဝယ်လက်များ မရှိသဖြင့် သျှမ်းပြည်ထွက် ဖရဲသီး စိုက်ပျိုးသူများ အရှုံးပေါ်နေကြောင်း စုံစမ်း သိရှိရသည်။

ဖရဲသီး

ပြီးခဲ့သည့် အောက်တိုဘာလထဲတွင် ကိုဗစ် – ၁၉ ရောဂါကူးစက်နှုန်း ပြန်လည်မြင့်တက်လာပြီး Lockdown ကို မကြာခဏ ချထားခြင်းကြောင့် တရုတ်ပြည်ဘက်မှ ဝယ်လက်များ မရှိသဖြင့် ဖရဲသီးများကို ၁ တန်လျှင် တရုတ်ယွမ်ငွေ ၁,၆၀၀ (မြန်မာငွေ ကာလပေါက်စျေး ၄၆၀,၀၀၀ ကျော်) ပေးကာ ဝယ်ယူနေကြောင်း သီပေါမြို့ဒေသခံ ဦးလုံးမောက် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“လွန်ခဲ့တဲ့ ၃ ရက်လောက်က ဝမ်တိန်မှာ ကိုဗစ် ကူးစက်တဲ့သူ ထပ်တွေ့တယ်လို့ ပြောတယ်။ ဒီနေ့ ဒီချိန်ထိ သူတို့က စစ်ဆေးမှုတွေ လုပ်နေတယ်။ မနေ့က ၁ တန်ကို တရုတ်ယွမ်ငွေ ၁,၆၀၀ ထိပဲ ပေးတယ်။ ဂျုတီခတွေ၊ ကားခတွေက ကုန်ကျစရိတ်များတော့ တွက်ချေ မကိုက်တော့ဘူး။ ဝမ်တိန်ဂိတ်ကလည်း သူတို့ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေတယ် ပုံမှန်ကိုမရှိဘူး “ ဟု ၎င်း ဒေသခံ တစ်ဦးက ပြောသည်။

ယခင်က ဖရဲသီးကို ၁ တန်လျှင် တရုတ်ယွမ်ငွေ ၃,၉၀၀ (မြန်မာ ငွေကာလပေါက်စျေး ၁၁သိန်းကျော်) ထိရှိသော်လည်း လက်ရှိတွင် တရုတ်ပြည်ဘက်မှ ကိုဗစ်-၁၉ ရောဂါကို တင်းကြပ်ထားသဖြင့် ဝယ်လက်များမရှိကာ ဖရဲသီးဈေးနှုန်း ကျဆင်းနေကြောင်း သိရသည်။

ထို့အပြင် တရုတ်နယ်စပ် မူဆယ်၊ နမ့်ခမ်း နှင့် ဖရဲသီးစိုက်ပျိုးဒေသ ဖြစ်သည့် သီပေါ၊ ကျောက်မဲ စသည့်ဖြင့် တောင်သူများသည် ပြင်ပမှ ကုမ္ပဏီများ ဝင်ရောက်ဝယ်ယူခြင်း မရှိတော့သဖြင့် လက်ရှိ ခြံအတွင်းရှိ ဖရဲသီးများ ပျက်စီးမည်ကို စိုးရိမ်နေကြောင်း နယ်စပ် တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ အခု ၃ နှစ်အတွင်းမှာ ဖရဲသီး စိုက်တဲ့သူတွေတော့ အရှုံးပေါ်နေတယ်။ တချို့ကလည်း မျှော်လင့်ချက်ရှိသေးလို့ စိုက်ကြတယ်။ အရင်နှစ်က ကျနော်တို့ သီပေါမြို့နယ်က တောင်သူတွေ သွားရောင်းတယ်။ ဖရဲသီးကတော့ ထွက်နှုန်း ကောင်းပေမယ့် ဝမ်တိန်မှာ ဂိတ်တွေဖွင့်လိုက် ပိတ်လိုက်လုပ်နေတော့ ဖရဲသီးအလုံး ၂၀၀ ကျော် လောက်မှာ ရောင်းမရဘဲ အလကားပျက်စီးသွားတယ်။ ဒီနှစ်လည်း ရောင်းမထွက်ရင် အပြင်မှာ ဈေးပေါပေါ နဲ့ ပုံရောင်းရတော့မယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်တွင် ရွှေလီမြို့နယ် နောင်တောင်းကျေးရွာအုပ်စု၊ စယ်ဆိုင်ကျေးရွာအုပ်စုရှိ ဒေသခံများ နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တရုတ်အစိုးရ ကျန်းမာရေးဌာနမှ ကိုဗစ် – ၁၉ လာရောက် စစ်ဆေးပေးခြင်းကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

တရုတ်ပြည် အလုပ်လုပ်ရန် မူဆယ်(လဝက) အသက်ပြင် မှောင်ခိုစျေးကွက်နှင့် လာဘ်စားမှု

0
မြန်မာနိုင်ငံ၏ စစ်ရေး ပဋိပက္ခနှင့် စီးပွားရေး ကျဆင်းမှုကြောင့် တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်မည့် လူငယ်များသည် နယ်စပ်ဖြတ်ကျော်ခွင့် ကန့်သတ်ချက်များလာပြီး၊ ဌာနဆိုင်ရာအသီးသီးက အဆမတန် ငွေညှစ်မှုနှင့် ခေါင်းပုံဖြတ်မှုများကို ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို ပြည်ပအလုပ်အကိုင်ဖြင့်...