Tuesday, January 27, 2026

တက္ကသိုလ် ကြားကာလ ပါဝင်သင်ကြားမည့် CDM ဆရာ/မ များ အမည်စာရင်းပေါက်ကြား

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ တက္ကသိုလ် ကြားကာလတွင် ပါဝင်သင်ကြားပေးမည့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ CDM ဆရာ/မများ၏ အမည်စာရင်းပေါက်ကြားမှု ရှိနေသဖြင့် လုံခြုံရေး အတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရှိ ရသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန နှင့် ကြားကာလ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီတို့ ပူးပေါင်း ဖွင့်လှစ်နေသည့် ကြားကာလ တက္ကသိုလ်ကျောင်းတွင် ပါဝင်သင်ကြားမည့် တက္ကသိုလ် ဆရာ/မ များ၊ ပါမောက္ခများ နှင့် ဌာနမှူး အမည်များက စစ်ကောင်စီ ဝါဒဖြန့် Channel များတွင် ပြန့်နှံ့လာပြီးနောက် ဖမ်းဆီးရန် ပြောဆိုမှု ရှိနေကြောင်း တော်လှန်ရေး ဘက်တော်သား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီ ဝါဒဖြန့် တဲ့ တယ်လီဂရမ် ချန်နယ်ဖြစ်တဲ့ Truth Media ကနေ တင်လာတာဖြစ်ပါတယ်၊ ရပခတွေ ကို ဖမ်းဖို့ပါ ပြောဆိုထားတယ်၊ ဖမ်းဆီး ချိတ်ပိတ်ပေးဖို့ နာမည်စာရင်း နဲ့ ရာထူးနဲ့ တင်ထားတာ၊ ဒါကြောင့် သူတို့ လုံခြုံရေးအတွက် စိတ်ပူတယ်၊ သက်ဆိုင်သူများ သတိထားကြပါ” ဟု သျှမ်းတောင်မှ အမည်မဖော်လိုသူ တော်လှန်ရေး ဘက်တော်သား တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

CDM

စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်မှ တင်ထားသည့် တက္ကသိုလ် ဆရာ/မ နှင့် ပါမောက္ခများ၏ အမည်စာရင်းသည် စုစုပေါင်း ၇ ဦး ရှိနေပြီး ဖမ်းဆီးချိတ်ပိတ် အရေးယူရန် ပြောဆိုထားကြောင်း သတင်းသိရသည်။

လက်ရှိ စစ်ကောင်စီတို့၏ ဝါဒဖြန့် ချန်နယ်မှ တစ်ဆင့် ပျံ့နှံ့လာသည့် CDM ဆရာ/မ များ၏ စာရင်းသည် တောင်ကြီးတက္ကသိုလ်မှ ဖြစ်ကြောင်းဆိုသည့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း မပေါ့ဆသင့်ကြောင်း တောင်ကြီးတက္ကသိုလ်မှ CDM ကျောင်းသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ် စစ်ကောင်စီတွေက CDM ကျောင်းသားတွေ၊ ဆရာ/မတွေကို ဘာမှမလုပ်ရင်တောင်မှ ဖမ်းနေတာပဲလေ၊ အခုလို NUG နဲ့ ပေါင်းပြီး စာသင်နေတာ သိထားတယ်ဆိုရင် ပိုဖမ်းကြမှာ၊ ပိုရက်စက်မှာ၊ ဒါကြောင့် CDM တွေ အားလုံး သတိထားသင့်တယ်၊ ဘယ်နေရာပဲ ရောက်ရောက် မပေါ့ဆကြဖို့၊ လုံခြုံရေးကို အထူး ဂရုစိုက်ကြဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ ဖွင့်လှစ်သည့် တက္ကသိုလ်များတွင် ကျောင်းသွားတက်ရောက်သည့် ကျောင်းသား/သူ များသည် ဖက်ဒရယ် ပညာရေး စနစ် အခြေခံသည့် တက္ကသိုလ် ပြန်လည် ဖွင့်လှစ်ပါက အသိအမှတ် ပြုမည်မဟုတ်ကြောင်း ကြားကာလ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီက ပြီးခဲ့သည့် သြဂုတ်လတွင် ထုတ်ပြန် ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...