ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်များ ဈေးသွားစဥ် ငွေကြေး ခြိမ်းခြောက်တောင်းခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်မန်းကျေးရွာအနီးရှိ စစ်ဘေးရှောင်များ စျေးသွားရောင်းစဥ် လမ်းတစ်ဝက် အရောက်တွင် ရဲယောင်ဆောင်သည့် လူတစ်စုက ငွေကြေးလိမ်လည် တောင်းခံခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်၊ နံနက် ၂ နာရီ ဝန်းကျင်အချိန်တွင် နမ့်မန်းရွာမှ စစ်ဘေးရှောင် ရွာသား ၄ ဦး တို့သည် ဟင်းသီးဟင်းရွက်များ ရောင်းရန်အတွက် ဘူတာဈေးသို့ သွားနေစဥ် လူတစ်စုမှ ရဲယောင်ဆောင်ပြီး ငွေကြေး ခြိမ်းခြောက်တောင်းခံနေကြောင်း နမ့်မန်းရွာမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ တောထဲကနေ ရှာလာတဲ့ ဟင်းသီးဟင်းရွက်တွေ၊ မျှစ်တွေကို ဘူတာဈေးမှာ ရောင်းဖို့ သွားတဲ့အချိန် လမ်း တစ်ဝက်မှာ အသက် (၁၇) နှစ် (၁၈) နှစ်လောက်ရှိတဲ့ လူငယ်တွေပါတဲ့ အမျိုးသားတစ်စုက လမ်းကို ပိတ်တားပြီး ပိုက်ဆံတောင်းတာ၊ သူတို့က ရဲတွေဖြစ်တယ်ဆိုပြီး ရဲ ဝတ်စုံလည်း မဝတ်ဘူး။ သူတို့ လက်ထဲမှာ ဓားတွေပဲ ရှိ တယ်။ သေနတ်တော့ မတွေ့ရဘူး။ သူတို့ကို တစ်ယောက် ၂ သောင်းပေးမှ လွတ်ပေးမယ် ဆိုပြီး ပြောပေမယ့် သူတို့က မရှိတော့ တစ်ယောက် ၂ ထောင်ပေးခဲ့ လိုက်ရတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ကျောက်မဲမြို့နယ်ရှိ စစ်ရှောင်

နမ့်မန်း စစ်ရှောင်များဖြစ်ကြသော အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၂ ဦး ဆိုင်ကယ် နှစ်စီးဖြင့် ဘူတာဈေးသို့ သွားနေစဥ် မျက်နှာဖုံးစွပ် အမျိုးသား လူငယ် (၈) ဦးခန့် ဓါးထုတ်ပြပြီး ရဲများဖြစ်သည်ဟု ဆိုကာ ပိုက်ဆံ တောင်းခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“စစ်ရှောင်တွေက မျှစ်တွေရှာပြီး ဈေးကိုသွားရောင်းကြတာ၊ အစောကြီး မသွားရင် လာဝယ်တဲ့ ဈေးသည်တွေနဲ့ မတွေ့မှာဆိုးလို့ အဲ့လို မနက် ၂ နာရီလောက်မှာ သွားရတာဖြစ်တယ်၊ ဒီ လမ်းကိုပဲ သုံးပြီးသွားနေကြပဲ၊ ဒီလိုမျိုး တော့ ဒါ ပထမဆုံးအကြိမ် ကြုံရတာဖြစ်တယ်၊ အဲ့ကြောင့် အခုဆို စစ်ရှောင်တွေကလည်း ဈေးကို မသွားရဲတော့ ဘူး” ဟု ၎င်းက ပြောသည်။

နမ့်မန်းစစ်ရှောင်များသည် မိသားစု စားဝတ်နေရေးအတွက် တောထဲသို့ ဟင်းသီးဟင်းရွက်များ ရှာဖွေပြီး ဘူတာ ဈေးသို့ သွားရောက် ရောင်းချလေ့ရှိသော်လည်း ယခုလို ဖြစ်စဥ်မျိုးသည် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

စစ်ရှောင်များထံမှ ငွေကြေးခြိမ်းခြောက် တောင်းယူသည့် လူတစ်စုသည် နောက်တကြိမ်လျှင် လွတ်မည်မဟုတ် ကြောင်း ပြောဆိုခြိမ်းခြောက်ထားသဖြင့် စစ်ရှောင်များလည်း ဟင်းရွက်ရှာဖွေ ရောင်းချခြင်းကို မသွားရဲတော့ ကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းများ မပြုလုပ်နိုင်သည့်အတွက် စစ်ရှောင်များ၏ ဝင်ငွေများလည်း ထိခိုက်လာနိုင်ကြောင်း နမ့်မန်းဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိချိန်ထိ နေရပ်သို့ မပြန်နိုင်သေးပဲ စစ်ဘေးရှောင် စခန်းတွင်နေထိုင်ရင်း ကြုံရာ ကျပန်းအလုပ်များဖြင့် နေ့စားလိုက်နေရကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...