မိုင်းဝီးပြည်သူများ မြို့တက်စပါးမရောင်းရန် လက်နက်ကိုင်တပ်ဖွဲ့ မှ တားဆီးပိတ်ပင်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသခံများကို မြို့တက်ပြီး စပါးမရောင်းရန် လက်နက်ကိုင်တပ်ဖွဲ့မှ တားဆီးနေကြောင်း စုံစမ်းသိရှိရပါသည်။

ယခု အောက်တိုဘာလသည် စပါးရိတ်သိမ်းချိန်ဖြစ်ပြီး မိုင်းဝီးပြည်သူများ စပါးစိုက်ချိန်တွင် ချေးယူထားသည့် အရင်းအနှီးငွေကြေးများကို ပြန်ဆပ်ရမည် အချိန်ဖြစ်နေကြောင်း မိုင်းဝီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိ အချိန်က တောင်သူလယ်သမားတွေ ကောက်စိုက်စရိတ်တို့ လယ်ထွန်စရိတ်တို့ တခြားချေးငွေတွေကို ပြန်ဆပ်ဖို့ ငွေလိုနေတဲ့ အချိန်ဖြစ်တယ်။ ဒါပေမယ့် TNLA တပ်ဖွဲ့က ရွာသားတွေ မြို့တက်စပါးမရောင်းဖို့ တားမြစ်ထားတယ်။ အကြွေးရှင်ဘက်လည်း ပိုက်ဆံလာတောင်းနေကြပြီ။ စပါးတွေ မရောင်းရပဲ ဘယ်လို အကြွေးဆပ်နိုင်မလဲ။ အားလုံးကလည်း အဖက်ဖက်က ခက်ခဲနေကြရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

မိုင်းဝီးကျေးရွာ

လက်ရှိ မိုင်းဝီးဒေသခံပြည်သူများ လယ်ယာရိတ်သိမ်းပြီး အိမ်သို့ စပါးသီးနှံများ ရောက်ရှိလာသော်လည်း TNLA တပ်ဖွဲ့ မှ ယင်းစပါးသီးနှံများကို မြို့သို့ သယ်ဆောင်ရောင်းချခြင်းမပြုရန် တားမြစ်ထားသည့်အတွက် အကြွေးကို မဆပ်နိုင်ကြသေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းကိစ္စရပ် နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ TNLA တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပေ။

ထို့အပြင် အကြွေးရှင်များဘက်မှလည်း ချေးငွေယူထားသည့် တောင်သူများထံ ငွေကြေးလက်ခံရရှိမှု မရှိသည့်အတွက် အကြွေးရှင်ဘက်မှလည်း တောင်းဆိုနေကြကြောင်း မိုင်းဝီးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အကြွေးရှင်တွေ ဘက်ကတော့ ငွေရဖို့လိုတဲ့သူတွေထံ အချိန်ရောက်လာပြီလေ၊ သူတို့လည်း လိုချင်ကြမှာပဲ၊ ဒါပေမယ့် ရွာသားတွေဘက်ကလည်း ဒီစပါးသီးနှံတွေ မရောင်းနိုင်ရင် ဘယ်က ပိုက်ဆံနဲ့ အကြွေးဆပ်ရမလဲ၊ ဒါကြောင့် ကျနော်တို့ ဒေသခံ ပြည်သူတွေအနေနဲ့ ကောက်ပဲသီးနှံတွေ ဝယ်ယူရောင်းချမှုကို အရင်လို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရချင်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

လက်ရှိအချိန်သည် ကုန်ပစ္စည်းဈေးနှုန်းများလည်း တစ်နေ့ထက်တစ်နေ့ မြှင့်တက်လာပြီး လယ်သမားများ နှင့် သီးနှံစပါးများရုတ်သိမ်းချိန်က လုပ်သားများ၏ လုပ်အားခကိုလည်း စပါးသာ မရောင်းချနိုင်သေးသရွေ့ ပေးချေရန် ငွေကြေးမရှိကြောင်း ဒေသခံများကပြောသည်။

မိုင်းဝီးဒေသသည် နမ့်ခမ်းမြို့နယ်အတွင်း တည်ရှိနေပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့မှ လှုပ်ရှားနေကြောင်း သတင်းသိရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...