Wednesday, January 28, 2026

ဟိုပုံးမြို့နယ် စစ်ဘေးရှောင် ၅၀၀ ကျော် အရေးပေါ် အကူအညီလိုအပ်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပန်လုံကျေးရွာသစ်ရှိ စစ်ရှောင် ၅၀၀ ကျော်သည် စားနပ်ရိက္ခာ နှင့် တဲဆောက်ရန်အတွက် အမိုးအကာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ယခု အောက်တိုဘာလမှ စတင်ပြီး သျှမ်းပြည်တွင်း ရာသီဉတု ပြောင်းလဲလာမှုကြောင့် အသက် ၃၀ ကျော် အရွယ် စစ်ရှောင်များ နှင့် (၁၈) နှစ်အောက် ကလေးငယ်များက အအေးမိ ဖျားနာနေကြပြီး စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား နှင့် ဟင်းသီးဟင်းရွက်များ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက ရာသီဉတု အပြောင်းအလဲမှုကြောင့် မနက်ခင်း နဲ့ ညနေခင်းမှာ အရမ်းအေးလာတယ်။ နေ့ဘက်တော့ နေအရမ်း ပူတယ်။ နေ့ဘက်မှာတော့ အလုပ်လုပ်နိုင်ပြီး ညဘက်ရောက်ရင် ကိုယ်လက် ကိုက်ခဲပြီး ဖျားကြတာ။ စားဖို့ သောက်ဖို့က ဟင်းတွေ မရှိဘူး၊ အလှူရှင်တွေ ပေးထားတဲ့ ကုလားပဲလေးဘဲ ရှိတယ် “ ဟု ၎င်း ဒေသခံ တစ်ဦးက ပြောသည်။

စစ်ရှောင်စခန်း

လက်ရှိတွင် တောင်ကြီးမြို့နယ် နမ့်ခုံး ပရဟိတ လူမှုကူညီရေးအသင်းက ဖျားနာနေသည့် စစ်ရှောင်များကို သွားရောက်ကြည့်ရှုပြီး ဆေးဝါးကုသပေးနေကြောင်း သိရသည်။

အလားတူ စစ်ရှောင်များနေထိုင်သည့် တဲအိမ်သည် မိုးကာများဖြင့်သာ ထရံကာ ထားရသောကြောင့် ညဘက်တွင် လေစိမ်းတိုက်ခတ်သဖြင့် ဖျားနာသူများအတွက် အခက်အခဲ ဖြစ်စေကြောင်း စစ်ရှောင်ကူညီသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခု စစ်ရှောင်တွေ နေဖို့ တဲအိမ် တော်တော်များများ ဆောက်ထားတယ်။ အမိုးအကာတွေတော့ လိုအပ် နေသေးတယ်။ အရင်ဆောက်ထားတဲ့ တဲအိမ်တွေက မိုးကာ နဲ့ ထရံထားတော့ ညဘက် လေစိမ်းတိုက်ရင် မလုံဘူး။ ဖျားနာတဲ့ သူဆို ပိုဒုက္ခရောက်တယ်။ အနွေးထည်၊ စောင်တွေက အလှူရှင် တချို့လာပေးတာ တွေရှိတယ် “ ဟု ၎င်းကပြောသည်။

ထို့အပြင် ဟိုပုံးမြို့နယ် ပန်လုံကျေးရွာသစ်ရှိ စစ်ရှောင်ဦးရေမှာ (၅၃၆) ဦး၊ အိမ်ထောင်စုဝင် အိမ်ခြေမှာ (၁၉၆) အိမ် နှင့် ကိုယ်ဝန်သည် အမျိုးသမီး (၃) ဦး ရှိပြီး ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာမှ စစ်ရှောင်လာသော စစ်ရှောင်များဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...