ဟိုပုံးမြို့နယ် စစ်ဘေးရှောင် ၅၀၀ ကျော် အရေးပေါ် အကူအညီလိုအပ်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပန်လုံကျေးရွာသစ်ရှိ စစ်ရှောင် ၅၀၀ ကျော်သည် စားနပ်ရိက္ခာ နှင့် တဲဆောက်ရန်အတွက် အမိုးအကာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ယခု အောက်တိုဘာလမှ စတင်ပြီး သျှမ်းပြည်တွင်း ရာသီဉတု ပြောင်းလဲလာမှုကြောင့် အသက် ၃၀ ကျော် အရွယ် စစ်ရှောင်များ နှင့် (၁၈) နှစ်အောက် ကလေးငယ်များက အအေးမိ ဖျားနာနေကြပြီး စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား နှင့် ဟင်းသီးဟင်းရွက်များ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက ရာသီဉတု အပြောင်းအလဲမှုကြောင့် မနက်ခင်း နဲ့ ညနေခင်းမှာ အရမ်းအေးလာတယ်။ နေ့ဘက်တော့ နေအရမ်း ပူတယ်။ နေ့ဘက်မှာတော့ အလုပ်လုပ်နိုင်ပြီး ညဘက်ရောက်ရင် ကိုယ်လက် ကိုက်ခဲပြီး ဖျားကြတာ။ စားဖို့ သောက်ဖို့က ဟင်းတွေ မရှိဘူး၊ အလှူရှင်တွေ ပေးထားတဲ့ ကုလားပဲလေးဘဲ ရှိတယ် “ ဟု ၎င်း ဒေသခံ တစ်ဦးက ပြောသည်။

စစ်ရှောင်စခန်း

လက်ရှိတွင် တောင်ကြီးမြို့နယ် နမ့်ခုံး ပရဟိတ လူမှုကူညီရေးအသင်းက ဖျားနာနေသည့် စစ်ရှောင်များကို သွားရောက်ကြည့်ရှုပြီး ဆေးဝါးကုသပေးနေကြောင်း သိရသည်။

အလားတူ စစ်ရှောင်များနေထိုင်သည့် တဲအိမ်သည် မိုးကာများဖြင့်သာ ထရံကာ ထားရသောကြောင့် ညဘက်တွင် လေစိမ်းတိုက်ခတ်သဖြင့် ဖျားနာသူများအတွက် အခက်အခဲ ဖြစ်စေကြောင်း စစ်ရှောင်ကူညီသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခု စစ်ရှောင်တွေ နေဖို့ တဲအိမ် တော်တော်များများ ဆောက်ထားတယ်။ အမိုးအကာတွေတော့ လိုအပ် နေသေးတယ်။ အရင်ဆောက်ထားတဲ့ တဲအိမ်တွေက မိုးကာ နဲ့ ထရံထားတော့ ညဘက် လေစိမ်းတိုက်ရင် မလုံဘူး။ ဖျားနာတဲ့ သူဆို ပိုဒုက္ခရောက်တယ်။ အနွေးထည်၊ စောင်တွေက အလှူရှင် တချို့လာပေးတာ တွေရှိတယ် “ ဟု ၎င်းကပြောသည်။

ထို့အပြင် ဟိုပုံးမြို့နယ် ပန်လုံကျေးရွာသစ်ရှိ စစ်ရှောင်ဦးရေမှာ (၅၃၆) ဦး၊ အိမ်ထောင်စုဝင် အိမ်ခြေမှာ (၁၉၆) အိမ် နှင့် ကိုယ်ဝန်သည် အမျိုးသမီး (၃) ဦး ရှိပြီး ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာမှ စစ်ရှောင်လာသော စစ်ရှောင်များဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...