နောင်ချိုမြို့နယ် မိုင်းနင်းမိပြီး သေဆုံးသွားသည့် အမျိုးသားအလောင်းပြန်မတွေ့သေး

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပိန်းအွေကျေးရွာ ဒေသခံ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိသေဆုံးပြီး (၁၀) ရက်ကျော်ကြာသော်လည်း ရုပ်အလောင်း ပြန်မတွေ့ရသေးကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ (၁၃) ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် သားအဖ နှစ်ဦး ချိပ်ဆေးသွားရှာရင်း အဖေဖြစ်သူက မြေမြှုပ်မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး လက်ရှိအချိန်ထိ ရုပ်အလောင်းကို ပြန်မတွေ့သောကြောင့် ကျန်ရှိနေသည့် မိသားစုဝင်များက စိတ်ပူနေကြောင်း သိရသည်။

“အခုက သူ့ရုပ်အလောင်းပျောက်သွားနေတာ။ ပြန်မတွေ့သေးဘူး။ PDF တပ်ဖွဲ့က ယူသွားတာလားမသိဘူး။ သူ့မိန်းမ နဲ့ သူ့သားကတော့ သူ့အဖေ ရုပ်အလောင်းကို ပြန်တွေ့ချင်နေတာ။ သူ့သားပြောတာတော့ သူ့အဖေက ဒဏ်ရာပြင်းထန်လို့ ချက်ချင်းသေသွားတာတဲ့။ သူများသွားခေါ်ပြီး ရုပ်အလောင်းကို ပြန်သွားယူချိန်တော့ ရုပ်အလောင်းက ပျောက်သွားတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နောင်ချို

လက်ရှိမှာလည်း ကျန်ရှိနေသည့် မိသားစု စိုးရိမ်စိတ်ပူနေကြောင်း သိရသည်။

“ရုပ်အလောင်းပျောက်သွားတာလည်း (၁၀) ရက်ကျော်နေပြီလေ။ ပြန်မတွေ့သေးဘူး။ စိတ်ပူတယ်။ တကယ်သေသွားပြီးဆိုရင် ရုပ်အလောင်းကို ပြန်လိုချင်တယ်” ဟု ဒေသခံ က ပြောသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ နှင့် မန္တလေး PDF တို့က ဩဂုတ် နောက်ဆုံးပတ် နှင့် စက်တင်ဘာ ပထမပတ်ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အလားတူ နောင်ချိုမြို့သည် စစ်ကောင်စီတပ်၊ SSPP/SSA၊ RCSS/SSA ၊ TNLA ၊ KIA နှင့် PDF တပ်ဖွဲ့တို့က သွားလာလှုပ်ရှားနေသည့် ဒေသဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...