ရွာငံမြို့နယ် စစ်ကောင်စီ က ပြည်သူနေအိမ်များကို ဝင်ရောက်မွှေနှောက်၊ ကြက်များယူသွား

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သစ်စေးကျေးရွာအတွင်းသို့ စစ်ကောင်စီ က ပြည်သူနေအိမ်ဝန်းအတွင်း ဝင်ရောက် စစ်ဆေးပြီးနောက် ကြက်များကို ယူဆောင်စားသောက်ခဲ့ကြောင်း သတင်း သိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁၃) ရက် ညနေ ၆ နာရီ ဝန်းကျင်တွင် ရွာငံမြို့နယ် သစ်ဆေးကျေးရွာရှိ ပြည်သူနေအိမ်ဝန်းထဲသို့ စစ်ကောင်စီက ဝင်ရောက် မွှေနှောက်ရှာဖွေမှု ပြုလုပ်ခဲ့ပြီးနောက် အိမ်အတွင်းမှ ကြက်များကို ယူဆောင် စားသောက်ခဲ့ ကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံမြို့နယ်

“အိမ်ရှင်ကို စစ်မေးစရာရှိတယ်ဆိုပြီးတော့ အိမ်ကို လာမွှေသွားတယ် အဲ့နောက်မှာတော့ ကြက်သုံးကောင်ကို ဖမ်းပြီးယူသွားတယ်၊ ဟင်းစားဖို့အတွက် သတ်ပြီးစားသောက်ကြမှာ၊ ကြက်တစ်ကောင်ကို ၁ သောင်းနှုန်းနဲ့ပဲထား သုံးသောင်းကျော်တန်ဖိုးကို စစ်ကောင်စီတွေက အလကားယူဆောင်သွားတာ၊ မတရားဘူးလို့မြင်တယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် စက်တင်ဘာ ၁၂ ရက် ညတွင်လည်း ရွာငံမြို့ရှိ အလည်ချောင်းကျေးရွာမှ ပြည်သူအိမ်ဝန်း အတွင်းရှိ အိမ်ကြက်များကို စစ်ကောင်စီတပ်သားတို့ ယူဆောင်သတ်ဖြတ်သွားကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ပြည်သူ့အိမ်ဝန်းအတွင်းမှ ကြက်များကို အခမဲ့ယူဆောင်စားသောက်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များပြုမူခြင်း တို့ရှိနေသော်လည်း ပြည်သူများအနေဖြင့် အားကိုးရာမဲ့ နေကြောင်း အမည်မဖော်လိုသူ ရွာငံဒေသခံအမျိုးသား က တစ်ဦးက ပြောသည်။

“ကျနော်တို့ ပြည်သူတွေကို အမြင်ကတ်ပုဒ်မတပ်ပြီး စစ်ဆေးနေတာ၊ ရိုက်နက်နေတဲ့ အပြင် ကြက်တွေ ဝက်တွေ အလကားယူဆောင်စားသောက်နေကြတာတွေကို မတရားတာတွေက သိနေပေမဲ့ ဘာမှလုပ်လို့မရဘူး၊ ကျနော် တို့က သူတို့ကို ယှဥ်နိုင်ဖို့ မရှိပါဘူးဗျာ”ဟု ၎င်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တို့သည် ရွာငံမြို့နယ်အတွင်း စစ်အင်အားဖြန့်ကျက် နေရာယူမှု ရှိနေပြီး စစ်တပ်သတင်းပေး စစ်အာဏာရှင်ဆန့်ကျင် တော်လှန်သူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ နေအိမ်မီးရှို့ခြင်း နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...