ကျိုင်းတောင်းမြို့ မဟာဂျာ ပြည်သူ့စစ် တပ်သားသစ်စုဆောင်း

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA က တပ်သားစုဆောင်းဖို့ ရပ်တန့်ရန်ထုတ်ပြန်ပြီးနောက် မဟာဂျာ (SSS) ပြည်သူ့စစ်က တပ်သားသစ် ကောက်နေကြောင်း စုံစမ်းသိရှိရသည်။

လီဆူးတိုင်းရင်းသား အများဆုံး နေထိုင်သည့် ကျိုင်းတောင်းမြို့ ရပ်ကွက် (၄) ထဲတွင် ယခုလအတွင်း မဟာဂျာဦးဆောင်သည့် SSS ပြည်သူ့စစ် ရာအိမ်မှူးသည် ဒေသခံများကို ပြည်သူ့စစ်ထဲ တပ်သားဝင်လုပ်ရန် ခြိမ်းခြောက်နေကြောင်း သိရသည်။

“ရာအိမ်မှူးက အရင်က ပြည်သူ့စစ်ထဲသွားလုပ်တာ။ သွားလုပ်ပြီးပြန်လာတော့ အခုက တပ်သားတွေ လာကောက်နေတာ။ ပြီးတော့ မလုပ်နိုင်ရင် တစ်လတစ်လ ပိုက်ဆံထောက်ပံ့ပေးရမယ်တဲ့။ ကျေးရွာကနေ ထွက်ပြေးရင်လည်း မြေယာ၊ ခြံ၊ အိမ်၊ လယ်တွေ သိမ်းပစ်မယ်လို့ ပြောတယ်” ဟု အမည် မဖော်လိုသည့် အမျိုးသား တစ်ဦး ကပြောသည်။

ကျိုင်းတောင်းမြို့ရှိ ရပ်ကွက်တွင်း ပြည်သူနေအိမ်

SSS ပြည်သူ့စစ်ထံ တပ်သားမလုပ်လိုပါက နေအိမ်၊ ခြံ၊ လယ်ယာများကို သိမ်းဆည်းမည်ဖြစ်ကြောင်းလည်း ပြည်သူများကို ခြိမ်းခြောက်ထားကြောင်း သိရသည်။

ထို့အပြင် ရာအိမ်မှူးက လာရောက်ခြိမ်းခြောက်ပြီးနောက်ပိုင်း ရပ်ကွက် (၄) ဥက္ကဌက ထွက်ပြေး တိမ်းရှောင် သွားပြီး လက်ရှိမှာ ပြည်သူ့စစ်က ၎င်း၏ နေအိမ်ကို သိမ်းလိုက်ပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“အခုက ရပ်ကွက်ဥက္ကဌက ထွက်ပြေးသွားပြီး။ သူ့အိမ်လည်း ပြည်သူ့စစ်တွေ သိမ်းသွားပြီ။ သူတို့ (SSS) သွားနေ နေပြီ။ သူ့ကို အရင်လာခြိမ်းခြောက်ထားလို့ထင်တယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လပိုင်းတွင် SSS ပြည်သူ့စစ်ကို ပြည်သူ (၃၀) ဦး ပေးခဲ့ရပြီး၊ လက်ရှိမှာ ထပ်မံလာတောင်းနေသောကြောင့် ပြည်သူများက ထပ်မံပေးဆောင်ရန် ခက်ခဲနေကြောင်း သိရသည်။

လက်ရှိမှာလည်း ရပ်ကွက် (၄) အတွင်းတွင် လူငယ်များက ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

“အခုဆိုရင် ကျနော်တို့ ရပ်ကွက် (၄) မှာ လူငယ်တွေ သိပ်မရှိတော့ဘူး။ လူကြီးတွေပဲ ကျန်တော့တယ်။ အများစုက ထွက်ပြေးနေကြပြီ။ မြို့ထဲက လူငယ်များများ ထွက်ပြေးနေကြတာပါ” ဟု ရပ်ကွက် (၄) က အမျိုးသားတစ်ဦး ပြောသည်။

ကျိုင်းတောင်းမြို့တွင် ယခင်က RCSS/SSA က တပ်သားကောက်ခဲ့သည့် ဒေသတခုဖြစ်သည်။

သို့သော် စက်တင်ဘာ ၄ ရက်နေ့မှစပြီး RCSS/SSA နယ်မြေ စိုးမိုးသည့်ဒေသများတွင် တပ်သားမကောက်ရန် ထုတ်ပြန်ကြေညာခဲ့သည်။

ကျိုင်းတောင်းမြို့သည် စစ်ကောင်စီ၊ RCSS/SSA နှင့် SSS ပြည်သူ့စစ်တို့ သွားလာလှုပ်ရှားနေသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...