သျှမ်းတောင် စစ်ရှောင်များ နေရပ်ပြန်ပို့ရန် စစ်ကောင်စီ ညွှန်ကြား

သျှမ်းပြည်တောင်ပိုင်း အတွင်းရောက် စစ်ရှောင်များကို မိုးရာသီအကုန် (အောက်တိုဘာလ) တွင် နေရပ်ပြန်ပို့ရမည်ဟု နိုင်ငံတော် ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ၏ ညွန်ကြားချက်အရ သိရသည်။

သျှမ်းတောင်ရောက် စစ်ရှောင်များ

“ နေရပ်ကိုပြန်ပို့မယ့်ကိစ္စက သျှမ်းပြည်တောင်ပိုင်းက စစ်ရှောင်တွေလည်းပါတယ်လို့ ပြောတယ်။ နောက်လာမယ့် (၁၀) လပိုင်းကုန်ရင် နေရပ်ကို ပြန်ပို့မယ်လို့တော့ ကြားတယ်။ သေချာတဲ့ ရက်စွဲတော့ မသိရသေးဘူး “ ဟု သျှမ်းပြည်တောင်ပိုင်းရှိ စစ်ရှောင်ကော်မတီ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲ စသည့်ကျေးရွာများမှ သျှမ်းပြည် ပင်လောင်း၊ ဆီဆိုင်မြို့နယ်အတွင်းရောက် ရှိနေသည့် စစ်ရှောင်များသည် နေရပ်သို့ပြန်ချင်သော်လည်း ပဋိပက္ခတိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသောကြောင့် နေရပ်ကိုမပြန်ရဲသေးကြောင်း သျှမ်းတောင်ဒေသခံ စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတောင် စစ်ရှောင်များနေထိုင်သည့်နေရာ

“ အခုချိန်က နေရပ်ပြန်ဖို့ခက်ခဲတယ်။ ကိုယ့်ရွာမှာလည်း ပြန်နေလို့လည်းမရဘူး။ တိုက်ပွဲတွေ၊ မြေမြှုပ်မိုင်း တွေကြောင့် ကျနော်တို့လည်း အဝတ်တစ်ထည် ကိုယ်တစ်ထည်နဲ့ ထွက်ပြေးလာရတာ။ အခုနေရပ်ကို ပြန်ပို့မယ်ဆိုရင် ကျနော်တို့ဒီထက် ပိုဒုက္ခရောက်သွားမယ်။ အခုအခြေနေနဲ့ ဘယ်သူမှ နေရပ်ကိုမပြန်ချင်သေးကြပါဘူး “ ဟု ၎င်းအမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် နေရပ်သို့ပြန်လည်ပို့ဆောင်မည်ဆိုသောကြောင့် ယခုလက်ရှိ မြို့နယ်စာသင်ကျောင်းမှ ကျောင်းတက် နေသော စစ်ရှောင်ကလေးများ၏ ပညာရေးပိုင်းမှာ ထိခိုက်နစ်နာမှု ရှိလာနိုင်ကြောင်း သျှမ်းတောင် ဒေသခံ စစ်ရှောင် အမျိုးသမီး တစ်ဦးကပြောသည်။

သျှမ်းတောင် စစ်ရှောင်များနေထိုင်သည့်နေရာ

“ စစ်ရှောင်လာတာ (၁) နှစ်ကျော်နေပြီလေ။ နေရပ်ကိုပြန်ပို့မယ်ဆိုရင်တော့ ကျောင်းတက်နေတဲ့ကလေးကို ကျောင်းခေါ်ထုတ်ရမှာလေ။ ကလေးပညာရေးအပိုင်း ထိခိုက်တယ်။ ပြီးရင် နေရပ်ကိုပြန်ပို့မယ်ဆိုတာလည်း ဘယ်နေရာကို ပြန်ပို့မယ်ဆိုလည်း မသိရဘူး “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း မြို့နယ်ဒေသတစ်ခုရှိ စစ်ရှောင်ဦးရေမှာ (၆,၀၀၀) ဝန်းကျင်ရှိနေပြီး အများအားဖြင့် အမျိုးသမီးနှင့် ကလေးများဖြစ်ကြပြီး နေရပ်ပြန်ပို့မည်ဆိုသည့် သတင်းကြောင့် စိုးရိမ်သောက ရောက်နေကြောင်းသိရသည်.

လက်ရှိ မိုးတွင်းရာသီ ကာလအတွင်း စစ်ရှောင်များသည် ရာသီတုပ်ကွေးရောဂါများ ဖြစ်ပွားနေကြ ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

လားရှိုးမြို့အဝင်အထွက် MNDAA စစ်ဆေးမှုတင်းကြပ်၊ စစ်တပ်ဘက်မှ လမ်းပိုင်းအချို့ ပိတ်ထား

0
သျှမ်းပြည် လားရှိုးမြို့အထွက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ထဲမှ သိန္နီဘက်ထွက်သည့် အေတီတံတားထိပ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး ကားအဝင်အထွက် စစ်ဆေးတင်းကြပ်နေခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...