မူဆယ်မြို့ စက်သုံးဆီ မှောင်ခိုစျေးကွက် ကြီးထွားနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ စက်သုံးဆီများ ဝယ်ယူပြီး လမ်းဘေးတွင် မှောင်ခိုဖြင့် ရောင်းချနေကြောင်း စုံစမ်းသိရသည်။

ယခုရက်ပိုင်း မြန်မာနိုင်ငံတဝှမ်း စက်သုံးဆီ ပြတ်လပ်မှုရှိလာသည့်အပြင် ဆီစျေးနှုန်းတွေကလည်း မြင့်တက်လာသည့် အတွက် မှောင်ခိုစျေးကွက်ကလည်း ကြီးထွားလာကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ မူဆယ်မြို့ပေါ်တွင် စက်သုံးဆီဆိုင်ကြီးများမှ ဗူးဖြင့်ဝယ်ယူသူများကို ကန့်သတ်လိုက်သော်လည်း မှောင်ခိုရောင်းနေသူများသည် ကားများဖြင့် စက်သုံးဆီကို သွားထုတ်ကာ ပြင်ပစျေးကွက်တွင် မှောင်ခိုပြန်ရောင်းနေကြောင်း မူဆယ်ဒေသခံများက ပြောပြသည်။

မူဆယ်မြို့ လမ်းဘေး ဆီသည်များ

“ဆီဆိုင်ကြီးက အခု ဗူး နဲ့တော့ မရောင်းပေးတော့ဘူး။ ဘယ်လိုလုပ်ကြလဲဆိုတော့ ကားနဲ့ သွားတန်းစီကြတယ်။ ပြီးရင် ဆီတွေပြန်ထုတ်ရောင်းကြတယ်။ ဆီဆိုင်မှာ ကားတန်းတွေက အရှည်ကြီးပဲ။ကိုယ့်အလှည့်ရောက်ရင် ဆီက ကုန်သွားတယ်လေ” ဟု မူဆယ်မြို့ အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စက်သုံးဆီဆိုင်များတွင် 92 ဆီ တစ်လီတာလျှင် မြန်မာကျပ်ငွေ (၃,၀၀၀) ကျပ်ရှိပြီး ကားတစ်စီးလျှင် မြန်မာကျပ်ငွေ (၅၀,၀၀၀) ကျပ်ဖြင့်ရောင်းချနေပြီး၊ ဆိုင်ကယ်တစ်စီးလျှင် မြန်မာကျပ်ငွေ (၅,၀၀၀) သာရောင်းချပေးနေကြောင်းသိရသည်။

ထို့ပြင် အပြင်မှောင်ခိုစျေးကွက်တွင် 92 တစ်လီတာလျှင် မြန်မာကျပ်ငွေ (၈,၀၀၀) ကျပ်နှုန်းထိ စျေးပေါက်နေကြောင်း သတင်းရရှိသည်။

မူဆယ်မြို့ လမ်းဘေး ဆီသည်များ

“ပန့်ဆီဆိုင်မှာ ဆီဖြည့်ဖို့က တစ်နာရီလောက် စောင့်ရတယ်။ တစ်ခါတစ်လေ ဆီကုန်သွားတယ်လည်း ရှိတယ်။ မဖြစ်မနေတချို့တွေက လမ်းဘေးမှာ ဝယ်ပြီးဖြည့်ရတယ်။ လမ်းဘေးမှာက သူတို့ကားနဲ့ ဆီသွားဖြည့်ပြီး ကားထဲက ဆီကိုပြန်ရောင်းရတာ“ ဟု ၎င်းဒေသခံအမျိုးသား တစ်ဦးကပြောသည်။

စက်သုံးဆီမှောင်ခိုစျေးကွက်ရောင်းစားနေသည့် သူများလာသည့်အတွက် ဆီဆိုင်များတွင် စောင့်ဆိုင်းပြီး ဆီလာဖြည့်သူများလာကာ သာမာန် ဆီဖြည့်သူများအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း မူဆယ်မြို့ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မှောင်ခိုစျေးကွက်တွေကို မထိန်းချုပ်သရွေ့တော့ ကားသမားတွေအတွက် အခက်အခဲတွေ ဆက်ကြုံနေရမှာပဲ။ အရင်လို ဆီတွေလိုသလောက်လည်းဝယ်မရတော့ လုပ်စားတဲ့သူကလည်း လုပ်စားနေမှာပဲ။ လမ်းဘေးက မှောင်ခို ရောင်းတဲ့သူတွေကို ထိန်းချုပ်ဖို့ လိုအပ်တယ်” ဟု ကားသမားက ဆိုသည်။

ကမ္ဘာ့နိုင်ငံများ အပါအဝင် မြန်မာပြည်မှာလည်း စက်သုံးဆီ စျေးနှုန်းများ ရက်ဆက်ဆိုသလို ကျဆင်းလာသော်လည်း မြန်မာနိုင်ငံတွင် ဒေါ်လာစျေး ကမောက်ကမကြောင့် စက်သုံးဆီရောင်းသူများ စက်သုံးဆီ မဝယ်ယူရဲသဖြင့် ဆီပြတ်လပ်မှုနှင့် ကြုံတွေ့လာရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...