TNLA စစ်သားများ လုံခြုံရေးအကြောင်းပြပြီး ပြည်သူ့နေအိမ်ဝန်းအတွင်း ဝင်ရောက်နေရာယူမှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း လုံခြုံရေး အကြောင်းပြကာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့များသည် ပြည်သူ့နေအိမ်ဝန်းအတွင်း ဝင်ရောက်နေရာယူကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက် နံနက် ၈ နာရီ ဝန်းကျင်မှ စတင်ကာ TNLA တပ်ဖွဲ့များသည် မူဆယ်မြို့နယ် နောင်လောင်း ကျေးရွာ အုပ်စုမှ ပြည်သူ့နေအိမ်ဝန်းများအတွင်း ဝင်ရောက်နေရာယူကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နောင်လောင်းကျေးရွာအုပ်စုအတွင်းမှာ သူတို့လမ်းကြောင်းရှိလို့ ဆိုလား လုံခြုံရေးလာယူတာတဲ့၊ ပြည်သူ့အိမ်ဝန်းထဲကို ဟိုတစ်ဆု ဒီတစ်စု ဝင်ပြီးနေရာယူတာ၊ အင်အားများတယ်၊ ရေတွေဆိုလည်း မသောက်ဘဲ သူတို့ ခပ် သောက်ကြတာ၊ လမ်းမဘက်ရောက်တဲ့သူတွေကျတော့ ဆေးလိပ်ဖိုး၊ အချိုရည်ဖိုးဆိုပြီး ကားသမားတွေဆီ ပိုက်ဆံတောင်းတယ်တဲ့” ဟု ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း ကားလမ်းမပေါ်တစ်နေရာ TNLA စစ်ကြောင်း တွေ့ရစဥ်

သြဂုတ်လ ၂၂ ရက်တွင် နမ့်ခမ်းမြို့နယ် နမ့်စန်ကျေးရွာမှ မန့်ကန့်ကျေးရွာအထိ စစ်အင်အား ၃၀၀ ခန့်ရှိ TNLA စစ်သား တို့သည် လမ်းကြောင်းတစ်လျှောက် စစ်ကြောင်းချီ အင်အားပြခဲ့ကြောင်း သတင်းသိရသည်။

အလားတူ သြဂုတ်လ ၂၃ ရက်တွင်လည်း ကွတ်ခိုင်မြို့နယ်မှ ကောင်းခါးပြည်သူ့စစ် (ခ) ယခင် ကေဒီအေ (KDA) ဌာနချုပ်နယ်မြေဖြစ်သည့် မြို့လယ် လမ်းမပေါ်သို့ TNLA တပ်ဖွဲ့မှ အမှတ် ၅ တပ်မဟာမှူး ကိုယ်တိုင် ဦးစီးပြီး အင်အားပြခဲ့ကြောင်း သိရသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း ကွန်လုံမြို့နယ် ကန်မိန်းကျေးရွာအုပ်စု၊ ကောင်းဆန်းကျေးရွာတွင်လည်း TNLA မှ တပ်သားသစ် လာရောက်စုဆောင်းနေစဥ် သေနတ်ပစ်ဖောက်ခြိမ်းခြောက်မှုကြောင့် ရွာသားများက ရရာ လက်နက်မဲ့ဖြင့် TNLA စစ်သားများအား ဝိုင်းဝန်းဖမ်းဆီးလိုက်ရကြောင်း သတင်း သိရသည်။

အဆိုပါ ဖြစ်စဥ်ကိစ္စရပ်များနှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ကို မေးမြန်းရန်အတွက် ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရရှိခဲ့ပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...