Tuesday, January 27, 2026

TNLA စစ်သားများ လုံခြုံရေးအကြောင်းပြပြီး ပြည်သူ့နေအိမ်ဝန်းအတွင်း ဝင်ရောက်နေရာယူမှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း လုံခြုံရေး အကြောင်းပြကာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့များသည် ပြည်သူ့နေအိမ်ဝန်းအတွင်း ဝင်ရောက်နေရာယူကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက် နံနက် ၈ နာရီ ဝန်းကျင်မှ စတင်ကာ TNLA တပ်ဖွဲ့များသည် မူဆယ်မြို့နယ် နောင်လောင်း ကျေးရွာ အုပ်စုမှ ပြည်သူ့နေအိမ်ဝန်းများအတွင်း ဝင်ရောက်နေရာယူကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နောင်လောင်းကျေးရွာအုပ်စုအတွင်းမှာ သူတို့လမ်းကြောင်းရှိလို့ ဆိုလား လုံခြုံရေးလာယူတာတဲ့၊ ပြည်သူ့အိမ်ဝန်းထဲကို ဟိုတစ်ဆု ဒီတစ်စု ဝင်ပြီးနေရာယူတာ၊ အင်အားများတယ်၊ ရေတွေဆိုလည်း မသောက်ဘဲ သူတို့ ခပ် သောက်ကြတာ၊ လမ်းမဘက်ရောက်တဲ့သူတွေကျတော့ ဆေးလိပ်ဖိုး၊ အချိုရည်ဖိုးဆိုပြီး ကားသမားတွေဆီ ပိုက်ဆံတောင်းတယ်တဲ့” ဟု ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း ကားလမ်းမပေါ်တစ်နေရာ TNLA စစ်ကြောင်း တွေ့ရစဥ်

သြဂုတ်လ ၂၂ ရက်တွင် နမ့်ခမ်းမြို့နယ် နမ့်စန်ကျေးရွာမှ မန့်ကန့်ကျေးရွာအထိ စစ်အင်အား ၃၀၀ ခန့်ရှိ TNLA စစ်သား တို့သည် လမ်းကြောင်းတစ်လျှောက် စစ်ကြောင်းချီ အင်အားပြခဲ့ကြောင်း သတင်းသိရသည်။

အလားတူ သြဂုတ်လ ၂၃ ရက်တွင်လည်း ကွတ်ခိုင်မြို့နယ်မှ ကောင်းခါးပြည်သူ့စစ် (ခ) ယခင် ကေဒီအေ (KDA) ဌာနချုပ်နယ်မြေဖြစ်သည့် မြို့လယ် လမ်းမပေါ်သို့ TNLA တပ်ဖွဲ့မှ အမှတ် ၅ တပ်မဟာမှူး ကိုယ်တိုင် ဦးစီးပြီး အင်အားပြခဲ့ကြောင်း သိရသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း ကွန်လုံမြို့နယ် ကန်မိန်းကျေးရွာအုပ်စု၊ ကောင်းဆန်းကျေးရွာတွင်လည်း TNLA မှ တပ်သားသစ် လာရောက်စုဆောင်းနေစဥ် သေနတ်ပစ်ဖောက်ခြိမ်းခြောက်မှုကြောင့် ရွာသားများက ရရာ လက်နက်မဲ့ဖြင့် TNLA စစ်သားများအား ဝိုင်းဝန်းဖမ်းဆီးလိုက်ရကြောင်း သတင်း သိရသည်။

အဆိုပါ ဖြစ်စဥ်ကိစ္စရပ်များနှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ကို မေးမြန်းရန်အတွက် ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရရှိခဲ့ပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...