မိုင်းဖုန်းဆရာတော်သွားဖူးမည့်လမ်း စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ စစ်ဆေးမှုကြမ်းနေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူ မိုင်းဖုန်းဆရာတော်သွားဖူးမည့်လမ်းကြောတလျောက် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ စစ်ဆေးမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။

မိုင်းဖုန်းဆရာတော် (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်အောင်ပြီး ယမန်နေ့ (သြဂုတ် ၁) ရက် မနက်ပိုင်း ၁၁နာရီတွင် မိုင်းကျက်ဂူမှ ထွက်လာပြီး၊ ထောင်ချီပြည်သူများက မိုင်းဖုန်းဆရာတော်ကို သွားရာက်ဖူးမြော်ရန် အတွက် မိုင်းကျက်ဂူသို့ သွားကြသည်။

မိုင်းကျက်ဂူ အဝင် ဖြစ်သည့် နားယိုင်းကျေးရွာ၊ နားခေါ်ကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့တို့က စစ်ဆေးနေကြောင်း သိရသည်။

မိုင်းကျက်ဂူ အဝင်လမ်း

“သူတို့ မိုင်းကျက်အဝင်ဘက်က ရွာတွေမှာ စစ်ဆေးနေတာ။ နားယိုင်းကျေးရွာတွေဘက်မှာစစ်ဆေးနေတာ။ ဘယ်ကလာလဲ။ ဘယ်သူတွေပါလဲ။ ဘယ်နှစ်ယောက်ပါလဲ။ ဘယ်သွားမလဲမေးပြီးတော့စစ်တာ။ ပြီးတော့ မှတ်ပုံတင်ပြရတယ်။ ကားနံပါတ်တွေ ဖုန်းနံပါတ်တွေကော ပေးထားရတယ်” ဟု မိုင်းပျဉ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းကျက်ဂူသို့သွားရာတွင် မိုင်းကျက် နှင့် မိုင်းပျဉ်းကြားတွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ ဆေးစစ်နေသည့် နေရာ (၄) နေရာရှိသည်။

“ ကျနော်တို့ သျှမ်းတောင်ကနေ မိုင်းပျဉ်းထိက စစ်ဆေးမှုရှိတယ် အရမ်းမစစ်ဘူး။ မိုင်းပျဉ်းကနေ မိုင်းကျက်ကတော့ တော်တော်လေးစစ်တယ်။ ၄ နေရာတောင်စစ်တာ။ ၂ နေရာကတော့ ပြည်သူ့စစ်အဖွဲ့ကနေစစ်တာ။ တကယ်တမ်းဆို ကျနော်တို့ အလှူလာလုပ်တာပဲလေနော်။ အရမ်းကြီးစစ်ဆေးဖို့ မလိုဘူးထင်တယ်။ မလွတ်လပ်သလိုခံစားရတယ်” ဟု မိုင်းကျက်ကိုလာသည့် သျှမ်းတောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ ဩဂုတ် ၁ ရက်နေ့တွင် မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူမှ ထွက်လာကြောင်းသိရသည်။ အလားတူ မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူတွင် ၅ ရက် သတင်းသုံးဆောင်မှာဖြစ်ပြီး ထိုနောက်တွင် တစ်ခြားနေရာသို့ ကြွသွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...