Thursday, April 25, 2024

မူဆယ်မြို့ ပစ်ခတ်သံများကြားနေရ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ သြဂုတ် ၁ ရက်ည ၉နာရီခွဲဝန်းကျင်၌ ဗုံး (၃)လုံးပေါက်ကွဲပြီး ပစ်ခတ်သံများ ကြားနေရကြောင်း သတင်းရရှိသည်။

မူဆယ်မြို့

အဆိုပါ ဗုံး ၃ လုံးသည် စစ်ကောင်စီများရှိသည့်နေရာများတွင် ပေါက်ကွဲကြောင်း သိရသည်။

” ၃ လုံးပေါက်တာ။ နောက်ဆုံးတစ်လုံးက ကောင်းနောင်ရပ်ကွက်မှာ ပေါက်တာ။ ပေါက်တဲ့နေရာတွေက စစ်ကောင်စီတွေရဲ့နေရာပဲဖြစ်တယ်။ ထိခိုက်ဒဏ်ရာရတာရှိလားတော့ မသိဘူး။ အခုလေးတင်ပေါက်သွားတာ”ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင်လက်ရှိသတင်းရေးသားချိန်ထိ မူဆယ်မြို့ စရဖ ရုံးအနီးတစ်ဝိုက်တွင် ပစ်ခတ်သံများ ဆက်လက်ကြားနေရကြောင်း သိရသည်။

” ခဏက ဗုံးပေါက်တာ။ အခုတော့ သေနတ်သံတွေကြားနေရတယ်။ စရဖ ရုံးနားလောက်ပဲ။ ဘယ်သူနဲ့ ဘယ်သူပစ်နေကြတာလဲတော့ မသိသေးဘူး” ဟု အထက်ပါအမျိုးသားက ပြောသည်။

အလားတူ ယနေ့မနက်တွင်လည်း မူဆယ်မြို့လယ်စျေး အမှတ် (၁) မီးပွိုင့်နားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ ယာဥ်ထိန်းရဲ နှင့် ပြည်သူ့စစ် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article