တိုက်ပွဲပြင်းထန်နေသည့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီမှ ကျောင်းဖွင့်ရန် ပြင်ဆင်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသော်လည်း အာဏာသိမ်းစစ်ကောင်စီတို့မှ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းသိရသည်။

ဖယ်ခုံမြို့ နန်းဟူးရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်ရန် အတွက် ကျောင်းဝန်းအတွင်း စစ်သားအင်အားချမှတ်ထားခြင်းနှင့် ရပ်ကွက်သူများ ကျောင်းအပ်ရန် ခြိမ်းခြောက် ပြောဆိုမှုများ ရှိနေကြောင်း သတင်းသိရသည်။

“နန်းဟူး အလက စာသင်ကျောင်းကို စကစပြန်ဖွင့်ဖို့ လုပ်နေတယ်၊ အဲ့ဒါကို အင်အားပြတဲ့အနေနဲ့ သူတို့က စစ်အင်အား လာချတာတွေရှိနေတယ်၊ ပြီးတော့ရပ်ကွက်ထဲက ပြည်သူတွေ ကျောင်းအပ်ဖို့ပြောတာလည်း ရှိတယ်” ဟု နန်းဟူးရပ်ကွက်မှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံမြို့

လက်ရှိဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတို့မှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများအနက် (၄၂၁) တပ်မှ တပ်ကျောင်းတစ်ကျောင်းသာ ဖွင့်လှစ်နေလျက်ရှိပြီး ယခုတွင် နန်းဟူးကျောင်းကိုပါ ဖွင့်လှစ်ရန် ပြင်ဆင်လာကြောင်း ဒေသခံများက ပြောသည်။

ကျောင်းပြန်ဖွင့်လှစ်ရန် စစ်ကောင်စီတို့ ပြင်ဆင်လာခြင်းနှင့် ပတ်သက်ပြီး ကလေးများကို ကျောင်းအပ်ရန်အတွက် စိတ်လုံခြုံမှု မရှိကြောင်း ဒေသအတွင်းမှ ကလေးမိဘတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကလေးတွေ ကျောင်းမတက်ရတာ ကလေးအတွက် နစ်နာတာဟုတ်ပေမယ့် စစ်ကောင်စီတွေ ဖွင့်တဲ့ ကျောင်းကို အပ်ဖို့အတွက်ကျတော့ ကျမတို့မိဘတွေက စိတ်မလုံခြုံဘူး၊ အခုစစ်ကောင်စီတွေ ဖျက်စီးလိုက်တဲ့ အိမ်တွေ ဘာသာရေးအဆောက်အအုံတွေ နည်းတာမှ မဟုတ်တာ၊အဲ့ကြောင့် အပ်ဖို့ မဖြစ်နိုင်သေးဘူး” ဟု ဖယ်ခုံမြို့မှ ကျောင်းသားမိဘတစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့သည် နန်းဟူး အလက ကျောင်းအပြင် လက်ရှိတွင် အမက အမှတ် ၉ ကိုလည်း ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး စစ်အင်အားများ ချထားခြင်း၊ ပြည်သူနေ ရပ်ကွက် ကျေးရွာအတွင်း စစ်အင်အားပြသခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။

စစ်ကောင်စီတို့သည် ၎င်းတို့ အထိနာ ကျရှုံးခဲ့ရသည့် ဖယ်ခုံမြို့နယ် ညောင်ဝိုင်းတိုက်ပွဲအပြီး ဖယ်ခုံမြို့အတွင်း စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည့် အပြင် ပြည်သူများကို ညှင်းပန်းနှိပ်စက်မှုများလည်း ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...