Friday, April 19, 2024

နမ္မတူမြို့နယ် ဆီပြတ်လပ် တောင်ယာသို့ လမ်းလျှောက်သွားနေရ

Must read

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ နယ်အတွင်း ဓာတ်ဆီအဆမတန်မြင့်တက်ပြီး ဓာတ်ဆီဆိုင်များ ပိတ်လိုက်ရသဖြင့် တောင်ယာ လုပ်ကိုင်သည့်ဒေသခံများ လမ်းလျှောက်သွားနေရသည်ဟု စုံစမ်းသိရှိရသည်။

နမ္မတူအထွက်ဆိုင်းဘုတ်

ပြီးခဲ့သည့် ဇွန် ၃ ရက်တွင် နမ္မတူမြို့နယ်မှာ ဓာတ်ဆီအဆမတန် မြင့်တက်လာသဖြင့် ဝယ်ယူရန် အခက်အခဲကြုံ တွေ့ရသည့်အတွက် ပြည်သူများတောင်ယာသို့ လမ်းလျှောက်သွားလာနေကြရကြောင်း နမ္မတူဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“အခက်ခဲကတော့ အများကြီးပဲရှိတယ် ။ အခုချိန်မှာ ဓာတ်ဆီ ဆိုင်ကြီးတွေလည်း အကုန်ပိတ်ပြီ ဆိုင်ငယ်တွေမှာဘဲ ကျန်တော့တယ် ၊ပိတ်ထားတာ ကြာတော့ တချို့တွေအလုပ်သွားဖို့ လမ်းလျှောက် သွားရတယ်” ဟု၎င်းက ပြောသည် ။

ထို့အပြင် ဓာတ်ဆီကျန်ရှိနေသေးသည့် ဆိုင်ငယ်တွင်လည်း ယခင်ကဓာတ်ဆီ တစ်လီတာကို (၃၀၀၀) ကျပ် ဖြစ်ပြီး ယခုချိန်တွင် ဆီပန့်ဆိုင်ကြီးများပိတ်ထားမှုကြောင့် ဓာတ်ဆီ တစ်လီတာ (၃၃၀၀) ကျပ်ဈေးမြင့်တက် လာသည်ဟု သိရသည် ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နမ္မတူမြို့နယ်အတွင်းသာမက သျှမ်းပြည်တွင်းရှိ နေရာတစ်ချို့တွေမှာလည်း ဓာတ်ဆီပြတ်လပ်မှု ကြုံတွေ့နေရသဖြင့် ဓာတ်ဆီများကို အကန့်အသတ်ဖြင့် ရောင်းနေကြရသည်။

Leave a Comments

- Advertisement -spot_img

Latest article