အဝေးပြေးလိုင်းကားခများ ဈေးတက် လိုင်းကားပုံမှန်ပြေးဆွဲမှုမရှိ

မြန်မာပြည်တဝှမ်း စက်သုံးဆီဈေးတက်လာသည့်နောက်ပိုင်း တောင်ကြီးမြို့မှ တခြားမြို့သို့ ပြေးဆွဲနေသည့် အဝေးပြေးကားများသည် ကားခ ဈေးနှုန်းတက်လာသဖြင့် လိုင်းကား ပုံမှန်ပြေးဆွဲမှုမရှိတော့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း၊ ကန်ရှေ့ရပ် ၊ ရွှေရုပ်လေးကားဂိတ်တွင် တောင်ကြီးကနေ ရန်ကုန်ထိ တစ်ယောက်ကိုကားခ ၂၅၀၀၀ ကျပ် ပေးရပြီး တစ်ရက်ကိုခရီးသည် ၁၀ ဦးခန့် ရှိသည်ဟု ဂိတ်တာဝန်ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ဆီဈေးတက်လာပြီးနောက်ပိုင်း လိုင်းကားတွေတော့ အရင်ထက်တော့ မပြေးဆွဲဘူး ၊ကားခတွေက ပုံမှန်မဟုတ်တော့ တစ်ယောက်ကို ၂သောင်းခွဲ တော့ပေးရတယ်၊ အခုနောက်ပိုင်းလည်း တစ်နေ့ကို နှစ်စီးဘဲထွက်တယ်“ ဟု ၎င်းက ပြောသည်။

ထို့အပြင် တောင်ကြီး မှ တာချီလိတ်သို့ လိုင်းကားများသည် ယခုနောက်ပိုင်း ပုံမှန်မရှိသည့် အပြင် တစ်နေ့ကို ကား ၂ စီး တာပြေးဆွဲ နေရကြောင်း ကားခများလည်း ပုံမှန်မရှိသဖြင့် တစ်ဦးလျှင် ၃ သောင်းခွဲအထက် ရှိသည်ဟု တာချီလိတ် လိုင်းကားမောင်းသူ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“ ကားတွေတော့ ပုံမှန်မရှိဘူး။ ကားခတွေလည်း ပုံမှန်လည်းမရှိတော့ဘူး။ အရင်ကတော့ ဈေးနည်းတယ်၊ အခုနောက်ပိုင်း ဆီဈေးလည်းတက်တော့ တစ်ယောက်ကို ၃သောင်း တစ်ခါတစ်လေ ၄ သောင်း ယူရတယ်” ဟု အထက်ပါ အမျိုးသား ကပြောသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့အဝင်ဂိတ်မှာ စစ်ကောင်စီတပ်များ ပိုက်ဆံကောက်ခံနေကြောင်း ဂိတ်တိုင်းတွင် ပေးဆောင်နေရသည်ဟု ၎င်းက ဆက်ပြောသည် ။

“လမ်းမှာ စစ်တပ်က ပိုက်ဆံတွေ ကောက်တာတော့ရှိတယ်။ ကြုံရင် ကြုံသလိုတော့ အဆင်ပြေသလို ပေးလိုက်ရတယ်၊ အခေါက်တိုင်း ကောက်တယ်၊ ၂ ထောင်ပေးရင် ၃ထောင် တောင်းတယ် ၃ ထောင်ပေးရင်လည်း ၄ ထောင်လောက်တောင်းနေတယ်”ဟု ၎င်းကထပ်လောင်းပြောသည် ။

ယနေ့ ဇွန် ၈ ရက် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ရှိ ဓာတ်ဆီဆိုင်များမှာ ဓာတ်ဆီ (92 ) တစ်လီတာ ၂၂၈၅ ကျပ်၊ (95) တစ်လီတာ ၂၃၈၀ ကျပ် ၊ ဒီဇယ်ကို တစ်လီတာ ၂၆၅၅ ကျပ် ဈေးတက်လာသည်ဟု သိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်အကြာတွင် မြန်မာနိုင်ငံအတွင်းရှိ ကုန်ပစ္စည်းအားလုံး ဈေးမြင့်တက်လာသည့်အတူ ဓာတ်ဆီစျေးလည်း အဆမတန်မြင့်တက်လာပြီး တောင်ကြီး နှင့် သျှမ်းမြောက်ရှိ လာရှိုးမြို့တွင်လည်း ဓာတ်ဆီဆိုင် တချို့ပိတ်လိုက်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...