Tuesday, January 27, 2026

စာသင်ကျောင်းများ ဓားစားခံ မပြုလုပ်သင့်

“လူတိုင်း ပညာသင်ကြားခွင့်ရှိသည်။ အနိမ့်ဆုံး မူလတန်း ပညာကို အခမဲ့ သင်ခွင့်ရှိသည်”။ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူသားတိုင်း ရသင့်ရထိုက်သော ခံစားထိုက်သော အခွင့်အရေး များကို လူ့အခွင့်အရေး ကြေညာ စာတမ်းအဖြစ် အတည်ပြု ကြေညာခဲ့သည်။ 

ကလေးငယ်ပညာသင်ကျောင်း

ယင်းကြေညာစာတမ်းပါ အချက်များကို လေးစား လိုက်နာရန် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အားလုံးကို ဖြန့်ဝေ၍ သက်ဆိုင်ရာ နိုင်ငံသူ နိုင်ငံသားများ သိရှိစေရန် စာသင်ကျောင်းများ၊ ပညာရေး အဖွဲ့အစည်းများတွင် ထင်ရှား သိသာ မြင်တွေ့စေရန် ထပ်ဆင့် ဖြန့်ဝေခိုင်းသည်။ 

လူသားတိုင်း ခံစားနိုင်သည့် အခြေခံ လူ့အခွင့်အရေး များကို အတည်ပြုခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် အချက်ပေါင်း (၃၀) ပါရှိသည်။

သို့သော် မြန်မာနိုင်ငံတွင်မူ ယင်းလူ့အခွင့်အရေး ကြေညာ စာတမ်းပါ အချက် အများစုကို အစိုးရ အဆက်ဆက် လိုက်နာရန် ပျက်ကွက် သကဲ့သို့ ပြည်သူများ အနေဖြင့် လူ့အခွင့်အရေး ချိုးဖာက်ခံနေရသည်မှာ မထူးဆန်းတော့ သလို ဖြစ်နေလေပြီ။

“သားကျောက်တက်ချင်တယ် မေမေ”၊ “သား ကျောင်းတက်ချင်တယ် ဖေဖေ” ။ ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် နေထိုင်သည့် အသက် ဆယ်နှစ်အရွယ် မောင်သက်ထူး (အမည်လွှဲက) သူ၏ ယခုရက်ပိုင်း အတွင်း သူ၏ မိဘနှစ်ပါးကို ကျောင်းတက်ချင်ကြောင်း မကြာခဏ ပြောလေ့ရှိ သကဲ့သို့ အသက်ရှစ်နှစ် အရွယ် မသီတာ သည်လည်း ထိုကဲ့သို့ပင် ပြောလေ့ရှိသည်။

ကိုကျော်ထူးတို့ ဇနီးမောင်နှံသည် ကုမ္ပဏီ ဝန်ထမ်းများ ဖြစ်သဖြင့် အထိုက်အလျှောက် အဆင်ပြေခဲ့သည်၊ ကလေး နှစ်ဦးကို တောင်ကြီးမြို့ရှိ ပုဂ္ဂလိက မူကြိုနှင့် ကျောင်းတွင် ထားနိုင်ခဲ့သည်။ သို့သော် စစ်အာဏာသိမ်းပြီး လအနည်းငယ် အကြာ လစာများ လျှော့ချခံရသည်။ ယခု ကိုယ်ပိုင်ကျောင်းများ၏ လစဉ်ကြေးမှာလည်း နှစ်ဆ ဈေးတက်သဖြင့် ကျောင်းထားရန် အခက်အခဲ ဖြစ်နေရကြောင်း ဆိုသည်။

“အရင်က ကိုယ်ပိုင်ကျောင်းလခ တစ်လ ငါးသောင်း၊ မူကြိုလည်း ငါးသောင်း၊ အခုက တစ်လ တစ်သိန်း ဝန်းကျင်ဆိုတော့ နှစ်ယောက်စာ နှစ်သိန်း၊ ဝတ်စုံ မုန့်ဖိုးနဲ့ဆို မနည်းဘူး၊ ကျနော်တို့ လုပ်တဲ့ ကုမ္ပဏီကလည်း အရောင်းကျတော့ လစာ လျှော့ထားတယ်၊ ကလေးကျောင်းထားဖို့ ရင်ပူနေရတယ်” ဟု အသက် ၃၅ နှစ်အရွယ် ကိုကျော်ထူးက ဆိုသည်။

နွေဦးတော်လှန်ရေးနှင့် အတူ CDM လှုပ်ရှားမှု အားကောင်းလာ ပြီးနောက် လူငယ်နှင့် ကလေးများ ကျောင်းမတက်ရေး လှုံ့ဆော်မှုများလည်း ပြင်းထန်နေဆဲ ဖြစ်သည်။ 

NLD အစိုးရ လက်ထက် ကိုဗစ်ကြောင့် ကျောင်း အားလုံး ပိတ်ခဲ့ရပြီး ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ယခင်နှစ်က ကျောင်းတက်သူ အနည်းငယ်သာ ရှိခဲ့သည်။ 

နှစ်နှစ် ဆက်တိုက် ကျောင်းမတက်ခဲ့ရသည့် အတွက် မိဘ အများစုမှာ ကလေး ပညာရေး အတွက် ပူပန်မှု များစွာ ပေါ်ပေါက်ခဲ့ ပြီးနောက် ယခု ပညာသင်နှစ်တွင် ပုဂ္ဂလိက ကျောင်းများတွင် သာမက အစိုးရကျောင်းများတွင်ပါ ကျောက်အပ်သူများ ရှိနေသကဲ့သို့ NUG မှ ဖွင့်လှစ်မည့် အွန်လိုင်းစနစ် အခြေပြု ကျောင်းများတွင် အပ်နှံသူ အများအပြား ရှိနေသည်ကိုလည်း တွေ့ရသည်။ 

ယင်းသို့ ကလေး ပညာရေးအတွက် ပြင်ဆင်မှုများ ရှိနေသော်လည်း တစ်ဖက်တွင် ပြည်တွင်း ပဋိပက္ခ များကြောင့် နိုင်ငံ တစ်ဝန်း အိမ်မီးရှို့ခံရမှုများ၊ ဖမ်းဆီး သတ်ဖြတ်ခံရမှုများ ပေါ်ပေါက်နေပြီး ပြည်သူ တစ်သန်းကျော် စစ်ဘေးရှောင် နေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် နိုင်ငံ တစ်ဝန်း ဝမ်းနည်းဖွယ် အဖြစ်အပျက်များ နေ့စဉ် ပေါ်ပေါက် နေစဉ် စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနက ဖွင့်လှစ်သည့် ကျောင်းများတွင် တက်ရောက် သင်ကြားခြင်း မပြုရန် “စစ်ကျွန်ပညာရေး” အဖြစ် လှုံ့ဆော်မှုများ၊ နိုင်ငံရေးအရ အကြမ်းဖက်မှု အဖြစ် ဝါဒဖြန့်ချိရန် အတွက် စာသင်ကျောင်း တိုက်ခိုက်မှုများကြောင့် မိဘများ ရင်ပူနေရသည့် အခြေအနေ ဖြစ်သည်။

“အခု အခြေအနေက ပညာရေးအတွက် ငွေသုံးနိုင်တဲ့ လူတန်းစားက ပြဿနမရှိဘူး။ ကိုယ်တတ်နိုင်တဲ့ ငွေကြေးနဲ့ ရွေးစရာ ကိုယ်ပိုင်ကျောင်းတွေ၊ နိုင်ငံခြားကျောင်းတွေရှိတယ်။ အခြေခံ လူတန်းစားနဲ့ ကျေးလက် ဒေသက ကလေးတွေက ပြဿနာကြီးတယ်၊ NUG ကလည်း အခြခံပညာကနေ အဆင့်မြင့်အထိ အွန်လိုင်း ကနေ ဖွင့်တာ ရှိပေမယ် တစ်နိုင်ငံလုံး လွှမ်းခြုံဖို့ ဆိုတာက မဖြစ်နိုင်ဘူး ဆိုတာက အရှိတရားပဲ” ဟု မြန်မာနိုင်ငံ၏ ပညာရေးကို သုတေသန ပြုနေသည့် ကျောင်းဆရာဟောင်း ဦးတင်ထွန်းအောင် (အမည်လွှဲ) ကဆိုသည်။

နွေဦး တော်လှန်ရေးကြောင့် ငွေကြေး တတ်နိုင်သူများနှင့် အင်တာနက် အသုံးပြုနိုင်သူများသာ ပညာသင့်ခွင့် ရှိရမည် ဆိုပါက မျှတမှု မရှိကြောင်း NLD လက်ထက်က ရေးဆွဲခဲ့သည် သင်ရိုးကို စစ်ကောင်စီက ပြောင်းလဲခြင်း မရှိသေးပေ။

 အဓိက ပြဿနာသည် စစ်ကောင်စီက လုံခြုံရေး အကြောင်းပြ ကျောင်းများတွင် တပ်စွဲခြင်းနှင့် ယခင် စစ်အစိုးရခေတ် ကာလများ ကဲ့သို့ စစ်ဗိုလ်ချုပ်များအား ကလေးငယ်များကို ကြိုဆိုစေခြင်းနှင့် ကျောင်းဖွင့်မှု အပေါ် နိုင်ငံ တည်ငြိမ် သယောင် ဝါဒဖြန့်ခြင်း၊ တော်လှန်ရေး အင်အားစု များအပေါ် ထင်ယောင်ထင်မှား ဖြစ်စေရန် ဖောက်ခွဲမှု ကဲ့သို့ အကြမ်းဖက်မှုများ ပြုလုပ်မည့် အရေးဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။ 

လက်ရှိတွင် ပညာရေးဆိုင်ရာ အဆောက်အအုံ များအား ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိရာ မေလ ၃၀ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပညာရေးမှူးရုံးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ပညာရေးဝန်ထမ်း ရှစ်ဦး ဒဏ်ရာရရှိခဲ့သည့် အနက် မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်စောခင်ခင်ချိုလှိုင် သေဆုံးခဲ့ရသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ အနေဖြင့် ကလေး သူငယ်များ၏ ပညာ သင်ကြားပိုင်ခွင့် (Right to Education) ကို မျက်ကွယ်ပြုကာ နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချရန် ကြိုးစားနေကြောင်း စစ်အုပ်စု ဖွင့်လှစ်မည့် စာသင်ကျောင်းများ အပေါ် အကြမ်းဖက် စစ်အုပ်စု တပ်ဖွဲ့ဝင်များ ကိုယ်တိုင် အကြမ်းဖက် တိုက်ခိုက်နိုင်သည် ဟူသည့် ဖြစ်နိုင်ချေကို ပေါ့ပေါ့တန်တန် မမှတ်ယူ အပ်ကြောင်း တော်လှန်ရေး အင်အားစုများ အနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို တင်းကျပ်စွာ လေးစား လိုက်နာကြရန်အတွက် တိုက်တွန်းကြောင်း စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းအား မည်သည့်ဘက်၊ မည်သည့် အစုအဖွဲ့က တိုက်ခိုက်သည် ဖြစ်စေ လုံးဝ လက်ခံမည် မဟုတ်ပဲ ရှုတ်ချမည် ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၏ ပညာရေး ဝန်ကြီးဌာနက ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

သို့သော် ချင်းပြည်နယ်၊ မတူပီမြို့နယ်၌ စစ်ကောင်စီ ဖွင့်လှစ်မည့် ကျောင်းများတွင် အပ်နှံမည့် ကျောင်းသူ ကျောင်းသားများကို ပြည်သူများ၏ သစ္စာဖောက် အဖြစ် မှတ်ယူမည် ဖြစ်ကြောင်း မတူပီ ပညာရေး ဘုတ်အဖွဲ့ (Matupi Education Board) က မေလ ၂၆ ရက်နေ့တွင် ကြေညာထားသည်ကို တွေ့ရသည်။

ထို့အတူ စစ်ကောင်စီက ဖွင့်လှစ်ထားသော ကျောင်းများ၌ သင်ကြားပေးနေသော ဆရာ၊ ဆရာမများအား ထိထိရောက်ရောက် အရေးယူမည် ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – မင်းတပ်က ဇွန်လ ၅ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း စာသင်ကျောင်းများ တိုက်ခိုက်မှုနှင့် စစ်စခန်း အဖြစ် အသုံးချသည့် လုပ်ရပ်ပေါင်း ၂၀၀ ကျော်ရှိကြောင်း GCPEA ခေါ် ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု-ကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာ ညွှန့်ပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာ စစ်ကောင်စီ သာမက လက်နက်ကိုင် အဖွဲ့များကပါ ပညာရေး ကဏ္ဍကို တိုက်ခိုက်နေမှုကို တွေ့ရပြီး စာသင်ကျောင်းနှင့် တက္ကသိုလ်များကို စစ်ရေးစခန်းများ အဖြစ် အသုံးချနေကြောင်း စစ်ကောင်စီနှင့် တကွ ဆန့်ကျင်သည့် လက်နက်ကိုင်များ အနေဖြင့် ပညာရေး ကဏ္ဍကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တချို့က စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းများ ပျက်စီးခဲ့ရကြောင်း ပြစ်တင် ပြောဆို သကဲ့သို့ PDF များသည် စာသင်ကျောင်းနှင့် ပညာရေးမှူးရုံးများကို ဗုံးထောင် တိုက်ခိုက်မှုများ ပြုလုပ်ကြောင်း စစ်ကောင်စီဘက်က ပြန်လည် စွပ်စွဲမှုများ ရှိနေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

စစ်အာဏာသိမ်း ဆန့်ကျင်သည့် အဖွဲ့များ၏ ဖေါက်ခွဲ တိုက်ခိုက်မှုကြောင့် အခုချိန်ထိ စာသင်ကျောင်းပေါင်း ၃၀၀ ကျော် ပျက်စီးခဲ့ရပြီး ပညာရေး ဝန်ထမ်း ၃၀ ကျော် သေဆုံးခဲ့ရကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ သို့သော် CDM ဆရာ၊ ဆရာမ မည်မျှ ဖမ်းဆီး ထားသည်ကိုမူ ထုတ်ပြန်ခြင်း မရှိပေ။ 

ယခု ၂၀၂၂-၂၃ ပညာသင်နှစ် အတွက် အခြေခံပညာ ကျောင်းများ ကျောင်းအပ်နှံမှု သီတင်းပတ် အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိ စစ်ကောင်စီက သတ်မှတ်ခဲ့ရာ ယင်းကာလ အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ၌ အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဒသမ ၆ သန်းကျော်ရှိကြောင်း ဇွန်လ ၂ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီက ထုတ်ပြန်သည့် စာရင်းအရ ဧရာဝတီတိုင်းတွင် ကိုးသိန်း တစ်သောင်းကျော်ဖြင့် အများဆုံး ကျောင်းအပ်နှံခဲ့ပြီး ချင်းပြည်နယ်တွင်မူ နှစ်သောင်းကျော်ဖြင့် အနည်းဆုံး အပ်နှံခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်ထက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၅ ဒသမ ၃ သန်းသာရှိခဲ့ရာ ယခု ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ပမာဏ ၀ ဒသမ ၃ သန်းကျော်သာ တိုးလာသည်ကို တွေ့ရသည်။

သို့သော် အာဏာ မသိမ်းခင် NLD အစိုးရ လက်ထက်က အခြေခံပညာ ကျောင်းများတွင် တက်ရောက်သူ အရေအတွက်မှာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကစပြီး နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော် ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။ 

ယခုပညာသင်နှစ် အတွက် ကျောင်းသား၊ ကျောင်းသူ ၅ ဒသမ ၆သန်းကျော် ကျောင်းအပ်နှံထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားရာ NLD အစိုးရ လက်ထက်က ကျောင်းအပ်နှံမှုနှင့် နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်းနီးပါ လျှော့ကျသွားသည်ကို တွေ့ရသည်။

လက်ရှိ အခြေခံပညာ ကျောင်းသား ဆယ်သန်းဝန်းကျင် ရှိနိုင်သည်ဖြစ်ရာ ထက်ဝက်ခန့်သာ ကျောင်းအပ် သည်ဟု တွက်ဆနိုင် သဖြင့် များစွာ နည်းပါးနေကြောင်း ဦးတင်ထွန်းအောင်က ထောက်ပြသည်။

လက်ရှိ အခြေအနေအရ စစ်ကောင်စီနှင့် ၎င်းအား တော်လှန်နေသည့် အင်အားစုများ အနေဖြင့် ပညာရေးအား နိုင်ငံရေးအရ အသုံးချနေသည်မှာ မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံတွင် ကေဘယ် အင်တာနက် လက်လှမ်း မမီသည့် အိမ်ထောင်စု သန်းပေါင်းများစွာ ရှိနေသဖြင့် ၎င်းတို့ လက်လှမ်းမီသည့် ကျောင်းများတွင် ပညာသင်ကြားနိုင်သည့် အခွင့်အရေး ပေးသင့်ကြောင်း နှစ်ဖက်စလုံး အနေဖြင့် နိုင်ငံရေး အကျိုးအမြတ် အတွက် ပညာရေး ကဏ္ဍကို အသုံးမချသင့်ကြောင်း ကလေး သူငယ်များ၏ ပညာ သင်ကြားပိုင်ခွင့် (Right to Education) ကို မျက်ကွယ် မပြုသင့်ကြောင်း ဦးတင်ထွန်းအောင်က မေတ္တာရပ်ခံသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

0
ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...