တာချီလိတ် – မယ်ဆိုင် အမှတ် (၁) တံတားကို ဖွင့်လှစ်ရန် နယ်စပ်ပြည်သူများ မျှော်လင့်နေ

သျှမ်းပြည်အရှေ့ပိုင်း မြန်မာ – ထိုင်းနယ်စပ် တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေး အမှတ် (၁) တံတားများဖွင့်လှစ်ရန် နယ်စပ်ပြည်သူများ မျှော်လင့်ခဲ့သော်လည်း ယနေ့ချိန်ထိ မဖွင့်လှစ်သေးကြောင်း စုံစမ်းသိရသည်။

ယနေ့ ဇွန် ၁ ရက်နေ့တွင် တံတားကို ဖွင့်လှစ်ပေးမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တံတားမဖွင့်လှစ်နိုင်သည့်အတွက် နယ်စပ် ပြည်သူများ စားဝတ်နေရေးအတွက် တံတားဖွင့်လှစ်ပေးရန်လည်း မျှော်လင့်နေကြသည်။

“ သူတို့ပြောတာ ဖွင့်တော့မယ်။ ဖွင့်တော့မယ်နဲ့ ပြောနေတာ။ ဖွင့်ပြီးလို့ မမြင်ရသေးရင်တော့ မမျှော်လင့်နိုင်သေးပါဘူး။ မယ်ဆိုင်ဘက်လူဆိုရင် အရမ်းကို မျှော်လင့်နေတယ်။ တံတားမှာ ဆိုင်ကယ် ကယ်ရီ လုပ်နေတဲ့သူတွေဆို သူတို့အရမ်းမျှော်နေတယ်။ တာချီလိတ်ဘက်ကလူတွေ မမျှော်ဘူးလာဆိုရင် မျှော်တာပေါ့။ ဒါပေ့မယ့်လည်း ကျမတို့ဘက်သိနေတယ်လေ။ သူတို့တစ်ခါထဲ ဖွင့်မယ်မဟုတ်ဘူး” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသမီးက ပြောသည်။

မြန်မာ – ထိုင်း ချစ်ကြည်ရေး အမှတ် (၁) တံတား

အဆိုပါ တံတားကို ဖွင့်ရန် မကြာခဏ သတင်းထွက်ပေါ်လာခဲ့သော်လည်း လက်တွေ့မှာ တကယ်မဖွင့်ပေးသော်ကြောင့် ပြည်သူတစ်ချို့ မျှော်လင့်ချက်ကို ရိုက်ချိုးခံရသည့်အတွက် တစ်ချို့က မမျှော်လင့်ရဲကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

“ တကယ့်အခြေနေကို ကြည့်မယ်ဆိုရင်လည်း ဘာမှမကွာခြားဘူး။ ဖွင့်ဖို့ အကြိမ်ကြိမ်လုပ်နေတာ။ ဒါကြောင့် ပြည်သူတွေလည်း အရမ်းကို မမျှော်လင့်ရဲတော့ဘူး။ တံတားတကယ်ဖွင့်မှပဲ အဆင်ပြေတော့မယ်။ ကျနော်တို့ ဒီဘက်ကတော့ အရမ်းကို သိပ်မမျှော်လင့်ရဲတော့ဘူး” ဟု တာချီလိတ်မြို့တွင် နေထိုင်သည့် အမျိုးသားက ပြောသည်။

လက်ရှိထို တံတားအမှတ် (၁) ကို မဖွင့်သေးသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံမှ ထိုင်းကို ဘတ်ငွေ သန်း (၂၀) တောင်းထားပြီး ထိုင်းက မပေးနိုင်သောကြောင့် တံတားကို မဖွင့်သေးကြောင်း တာချီလိတ်မြို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းတစ်ချို့က‌ ပြောသည်။

မြန်မာ – ထိုင်း ချစ်ကြည်ရေး အမှတ် (၁) တံတား

“ကြားရတာတော့ ဒီတံတားကို ဖွင့်ဖို့ မြန်မာဘက် က ထိုင်းကို ဘတ်ငွေ သန်း ၂၀ တောင်းထားတာ။ ဒါကို သူတို့ သဘောတူညီမှုမရသေးလို့ တံတားကို မဖွင့်သေးတာလား မသိဘူး” ဟု တာချီလိတ်မြို့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးက ပြောသည်။

သို့သော် ထိုတံတားကို မဖွင့်ရခြင်းသည် ကိုဗစ်-၁၉ ကြောင့် ဟု တာချီလိတ်ခရိုင် အုပ်ချုပ်‌ရေးမှူး ဦးမြင့်နိုင် ကပြောသည်။

“ ကျနော်တို့ ဒီနိုင်ငံတော် အစိုးရကနေပြီးတော့ ကိုဗစ် -၁၉ ကြောင့် မလို့ မဖွင့်ပေးသေးတာပါ။ အခုနယ်စပ်တိုင်းကို ကိုဗစ် -၁၉ ကြောင့်ပဲ ပိတ်ထားတာပါ” ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးထားနေကြပြီဖြစ်ပြီး တစ်ချို့ဒေသတွင် ကိုဗစ် -၁၉ ရောဂါကို ပေါ့ဆနေသေးကြောင်း၊ တာချီလိတ်မြို့တွင်လည်း တစ်ချို့ပြည်သူများက Mask ( နှာခေါင်းစည်း) တပ်ခြင်းမရှိဘဲ အပြင်သွားလာမှုများလည်း ရှိနေကြောင်း သိရသည်။

“ အကုန်လုံးကလည်း ကိုဗစ် ကာကွယ်ဆေးထိုးပြီးကြပြီလေ။ တစ်ချို့ဆို ကိုဗစ် ကို မကြောက်တော့ဘူး။ ငှက်ဖျားလိုဖြစ်နေတော့ တစ်ချို့က ကိုဗစ် ကို အလေးမထားတော့ဘူး။ Mask ( နှာခေါင်းစည်း) မတပ်ပဲ အပြင်သွားလာနေတာတောင်ရှိနေတာပဲ” ဟု တာချီလိတ်မြို့တွင် ရောက်နေသည့် အမျိုးသား တစ်ဦးက ပြောသည်။

တာချီလိတ် – မယ်ဆိုင် တံတားကို ပြီးခဲ့သည့် မေ ၂၄ ရက်နေ့တုန်းက Thai – Myanmar Township Border Committee (TBC) ညှိနှိုင်းရေးမှူး၊ ချင်းရိုင်း အုပ်ချုပ်ရေးမှူး Passakorn Boonyaluck ၊ မြန်မာနိုင်ငံ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် တို့က ဇွန်လ ၁ ရက်နေ့တွင် ဖွင့်သွားမည်ဟု အစည်းဝေးတက်ပြီး ဆုံးဖြတ်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...