Thursday, April 25, 2024

ဆိုင်ကယ်စီးလာသည့် သျှမ်းအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သား သေနတ်ဖြင့် ပစ်ခတ်

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဆိုင်ကယ်စီးလာသည့် သျှမ်းအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်လိုက်ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက် နံနက်ပိုင်းတွင် ယာခြံသွားရန် ဆိုင်ကယ်မောင်းထွက်လာသည့် အမျိုးသားကို နမ့်စီးရီးတံတားဂိတ်မှ ဂိတ်စောင့်စစ်သားများက သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့

“သူက ခြံသွားဖို့ ဆိုင်ကယ်တစ်စီးနဲ့ အိမ်က ထွက်သွားတာ။ ဓားတစ်ချောင်းလည်းပါတော့ စစ်ကောင်စီတပ်သားတွေက အထင်လွဲပြီး ပစ်လိုက်တာလားတော့ မသိဘူး၊ ရပ်ဖို့ အော်တာ မကြားလို့ ဆက်မောင်းရင်း အပစ်ခံရတယ် ” ဟု နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အဆိုပါ ပစ်ခတ်ခံရသည့် အမျိုးသားသည် နမ့်ခမ်းမြို့ရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူနေလျက်ရှိ နေကြောင်းနှင့် ဒဏ်ရာရှိမှု အသေးစိတ် အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မြန်မာ -တရုတ် နယ်စပ်မှာ ပြည်သူလူထုများ မကြာခဏ ပစ်သတ်ခံလိုက်ရပြီး စစ်ကောင်စီတပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်များ အများအပြား လှုပ်ရှားသည့် နေရာဒေသ ဖြစ်သည်။  

Leave a Comments

- Advertisement -spot_img

Latest article