သျှမ်းမြောက် ဓာတ်ဆီဆိုင်ပြတ်လပ် တချို့ဆိုင်ပိတ်ရ

သျှမ်းမြောက် တချို့မြို့နယ် အတွင်း ဓာတ်ဆီများပြတ်လပ်မှုကြောင့်တချို့ဓာတ်ဆီဆိုင်များ ပိတ်လိုက်ရပြီ ဖြစ်ကြောင်းစုံစမ်း သိရသည် ။

လားရှိုးဓာတ်ဆီဆိုင်

လားရှိုးမြို့ ရှိ ဓာတ်ဆီဆိုင်တချို့ ဆီပြတ်လပ်မှုကြောင့် ကားတစ်စီးကို ကျပ်ငွေ ၂ သောင်းဖိုးသာ ဆီထည့်ရန်နှင့် ဆိုင်ကယ် တစ်စီးကို ကျပ်ငွေ ၅ ထောင်သာ ထည့်ရန် ကန့်သတ်လိုက်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ကတော့ ဓာတ်ဆီကို ၁ လီတာ ၂၅၀၀ ကျော် ၊ဒီနေ့ဈေးထပ်တက်လာတယ်။ ဓာတ်ဆီ ၁ တစ်လီတာ ၂၆၀၀ ကျော် ပေးနေရတယ် ။ တချို့ဆိုင်တွေတော့ ပိတ်နေပြီ တချို့ဆိုင်တွေတော့ ရောင်းနေသေးတယ်၊ သူတို့က အကန့်သတ်နဲ့ ရောင်းပေးနေတယ် “ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

လာရှိုးမြို့ရှိ ပန်းခြံအနီး နှင့် မြို့ပြင်ထွက် တိုးဂိတ်မှာလည်း ဆီဆိုင်များ ပိတ်ထားပြီး တချို့ ဖွင့်ထားသည့် ဆိုင်များသည် ယခင်ကထက် ဆီဈေးအဆမတန် မြင့်တက်လာသောကြောင့် ဒေသခံများ အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။

လားရှိုးဓာတ်ဆီဆိုင်

ထို့အပြင် မိုင်းရယ်မြို့တွင် အောက်တိန်းဓာတ်ဆီများ ပြတ်လပ်နေသဖြင့် တာချီလိတ်မြို့သို့ သွားတင်နေရပြီ ဖြစ်ကြောင်း မိုင်းရယ်ဒေသခံများ ပြောပြချက်အရ သိရသည်။

“ အဓိက ကတော့ အောက်တိန်းဓာတ်ဆီတွေ မရှိတော့ဘူး ၊ဓာတ်ဆီတွေတော့ ရောင်းကောင်းလွန်းလို့ မှာလို့တောင် မရတော့ဘူး ၊ဗမာပြည်မှာလည်း မရှိဘူး လားရှိုးမှာလည်း ကုန်နေလို့ တာချီလိတ်မြို့မှာ သွားတင်ရနေပြီ” ဟု ဒေသခံ သျှမ်းအမျိုးသားတစ်ဦးက ပြောသည် ။

အောက်တိန်းဓာတ်ဆီ ၁ လီတာလျှင် မြန်မာကျပ်ငွေ ၂၇၀၀ ခန့် ပေးနေရပြီး ရန်ကုန်၊ မန္တလေးမြို့တွင်လည်း ဆီများပြတ်လပ်နေသဖြင့် ထိုင်းနယ်စပ် နှင့် နီးသော တာချီလိတ်မြို့ သို့ ကိုယ်တိုင်သွားသယ်နေရကြောင်း ၎င်းက ထပ်လောင်းပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်အကြာတွင် မြန်မာနိုင်ငံအတွင်းရှိ ကုန်ပစ္စည်းအားလုံး ဈေးမြင့်တက်လာသည့်အတူ ဓာတ်ဆီစျေးလည်း အဆမတန်မြင့်တက်လာသည့်အတွက် သာမန်ပြည်သူများလည်း စားဝတ်နေရေး ခက်ခဲလာသည့်အပြင် အခြေခံလူတန်းစားများ အတွက် ပိုမို ခက်ခဲလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...