တောင်ကြီးမြို့ နှင့်ထိစပ်နေသည့် နမ့်ဆီးကျေးရွာအုပ်စုထိ PNO တပ်မှ တပ်သားသစ်စာရင်း နှင့် ငွေကောက်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့်ထိစပ်နေသည့် နမ့်ဆီးကျေးရွာအုပ်စုထိ PNO တပ်ဖွဲ့က တပ်သားသစ် နှင့် ငွေကြေး လိုက်တောင်းခံ နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့် မေလ ၂၀ ရက်နေ့က တောင်ကြီးမြို့နယ် (၄) မိုင် နှင့် (၆) မိုင်ကျေးရွာတွင် နေထိုင်သည့် ပြည်သူများကို PNO တပ်ဖွဲ့က ငွေကြေး နှင့် တပ်သားသစ်များ ကောက်ယူလျက်ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ပတ်တုန်းက ၄ မိုင် ၆ မိုင် တစ်၀ိုက်နားလေးမှာ PNO တပ်ကေန  နာမည်စာရင်းတွေ၊ ငွေကြေးတွေ ကောက်သွားတယ် ၃သောင်းခွဲကျပ်ပေးရတယ်လို့ ကြားရတယ်။ ကျောင်းရန်ပုံငွေတွေ ကင်းစောင့်တွေ လုပ်အားပေးခတွေ နဲ့ စစ်သင်တန်းသွားမယ့်သူရဲ့ ခရီးစားရိတ်ဆိုပြီး ကောက်သွားကြတယ်လို့ ကြားရတယ်” ဟု တောင်ကြီးဒေသခံ ပအို၀်းအမျိုးသား တစ်ဦး ကပြောသည်။  

တောင်ကြီး (၄) မိုင်


ထိုအပြင် ၄ မိုင် မဲတောင်းကျေးရွာ၊ ( ဘုရား ၉ ဆူ) ကျေးရွာတွင်လည်း PNO တပ်ဖွဲ့က စစ်သားလုပ်ရန်အတွက် နာမည်ကောက်ယူထားပြီး ဖြစ်ကြောင်းသိရသည်။

“ ကျမတို့ရွာမှာတော့ နာမည်တွေကောက်ထားတာတော့ရှိနေပါတယ်။ ပြီးတော့ ပိုက်ဆံတွေ လည်းကောက် နေတယ်။ စစ်သားလုပ်ဖို့ ဘယ်လောက်ပါသွားလဲတော့ မသိဘူး။ သူတို့က မဲနှိုက်ခိုင်းတာ” ဟု (၄) မိုင် တွင် နေထိုင်သည့် ‌ဒေသခံအမျိုးသမီးက ပြောသည်။

PNO တပ်ဖွဲ့သည် ယခုလအတွင်း  တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်ထဲအထိ တပ်သား အသစ်နှင့် ငွေကြေးများကို အတင်းတောင်းခံနေလျက်ရှိကြောင်းသိရသည်။

ထိုအပြင် တစ်ချို့ပြည်သူများက စစ်သားမလုပ်ချင်သောကြောင့် ထွက်ပြေး တိမ်းရှောင်နေသူများ လည်း ရှိကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...