Wednesday, January 28, 2026

RCSS ခေါင်းဆောင် စစ်ကောင်စီနှင့် ဆွေးနွေးရန် ခရီးစဥ် စတင်ထွက်ခွာ


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA)မှ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်တိုင် ဦးဆောင်သည့် အဖွဲ့သားများသည် စစ်ကောင်စီ နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက်ခရီးစဥ် စတင် ထွက်ခွာ နေကြောင်း သတင်းသိရသည်။


ယနေ့ (မေလ ၁၉) ရက်တွင် ဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် ဦးဆောင်သည့် အဖွဲ့သားများက အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့ ဖိတ်ခေါ်ထားသည့် အတိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် တာချီလိတ်လေဆိပ်မှ နေပြည်တော်သို့ ခရီးထွက်ခွာသွားကြောင်း အမည်မဖော်လိုသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


“စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ စဝ်ယွက်စစ် (ဗိုလ်ချုပ်ကြီးယွက်စစ်) ကိုယ်တိုင် အဖွဲ့သားတွေကို ဦးဆောင်ပြီး သွားပါ တယ်၊ ဒီနေ့နေ့လည်မှာ တာချီလိတ်လေဆိပ်ကနေ နေပြည်တော်ကိုသွားဖို့ ခရီးစဥ်စပါပြီ၊ လေကြောင်းလိုင်းနဲ့ နေပြည်တော်ကို သွားမယ်ပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်လေဆိပ်သို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်ကြီးယွက်စစ်

တာချီလိတ်လေဆိပ်မှတစ်ဆင့် နေပြည်တော်သို့ ခရီးထွက်မည့် ဗိုလ်ချုပ်ကြီးယွက်စစ်ကို လေဆိပ် လေယာဥ် ကွင်းအထိ လိုက်လံနှုတ်ဆက်နေသည့် ဒေသခံတိုင်းရင်းသား ပြည်သူလည်း များစွာရှိနေကြောင်း ဒေသအစိုးရပိုင် သတင်းဌာန တစ်ခုဖြစ်သည့် တာချီလိတ်မဏ္ဍိုင် သတင်းစာမျက်နှာ Facebook Page မှ တင်ထားသည်။


လက်ရှိစစ်ကောင်စီတို့ ဖိတ်ခေါ်ထားသည့် ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးအတွက်ဆွေးနွေးညှိနှိုင်းရန်ဟု ပြောဆို ထားပြီး အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဦးဆောင်မည်ဟု သတင်းသိရသည်။


စစ်ကောင်စီ၏ အဆိုပါ ဆွေးနွေးပွဲကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအနက် DKBA၊ MNSP၊ RCSS/SSA၊ ALP၊ PNL နှင့် LDU စသည့်တိုင်းရင်းသားလက်နက်ကိုင်တို့မှ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။


ထို့အပြင် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့ များအနက် “ဝ” တပ်ဖွဲ့ (UWSA)၊ မိုင်းလားတပ်ဖွဲ့ (NDAA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့မှ တက်ရောက်မည်ဟုလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...