RCSS ခေါင်းဆောင် စစ်ကောင်စီနှင့် ဆွေးနွေးရန် ခရီးစဥ် စတင်ထွက်ခွာ


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA)မှ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်တိုင် ဦးဆောင်သည့် အဖွဲ့သားများသည် စစ်ကောင်စီ နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက်ခရီးစဥ် စတင် ထွက်ခွာ နေကြောင်း သတင်းသိရသည်။


ယနေ့ (မေလ ၁၉) ရက်တွင် ဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် ဦးဆောင်သည့် အဖွဲ့သားများက အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့ ဖိတ်ခေါ်ထားသည့် အတိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် တာချီလိတ်လေဆိပ်မှ နေပြည်တော်သို့ ခရီးထွက်ခွာသွားကြောင်း အမည်မဖော်လိုသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


“စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ စဝ်ယွက်စစ် (ဗိုလ်ချုပ်ကြီးယွက်စစ်) ကိုယ်တိုင် အဖွဲ့သားတွေကို ဦးဆောင်ပြီး သွားပါ တယ်၊ ဒီနေ့နေ့လည်မှာ တာချီလိတ်လေဆိပ်ကနေ နေပြည်တော်ကိုသွားဖို့ ခရီးစဥ်စပါပြီ၊ လေကြောင်းလိုင်းနဲ့ နေပြည်တော်ကို သွားမယ်ပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်လေဆိပ်သို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်ကြီးယွက်စစ်

တာချီလိတ်လေဆိပ်မှတစ်ဆင့် နေပြည်တော်သို့ ခရီးထွက်မည့် ဗိုလ်ချုပ်ကြီးယွက်စစ်ကို လေဆိပ် လေယာဥ် ကွင်းအထိ လိုက်လံနှုတ်ဆက်နေသည့် ဒေသခံတိုင်းရင်းသား ပြည်သူလည်း များစွာရှိနေကြောင်း ဒေသအစိုးရပိုင် သတင်းဌာန တစ်ခုဖြစ်သည့် တာချီလိတ်မဏ္ဍိုင် သတင်းစာမျက်နှာ Facebook Page မှ တင်ထားသည်။


လက်ရှိစစ်ကောင်စီတို့ ဖိတ်ခေါ်ထားသည့် ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးအတွက်ဆွေးနွေးညှိနှိုင်းရန်ဟု ပြောဆို ထားပြီး အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဦးဆောင်မည်ဟု သတင်းသိရသည်။


စစ်ကောင်စီ၏ အဆိုပါ ဆွေးနွေးပွဲကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအနက် DKBA၊ MNSP၊ RCSS/SSA၊ ALP၊ PNL နှင့် LDU စသည့်တိုင်းရင်းသားလက်နက်ကိုင်တို့မှ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။


ထို့အပြင် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့ များအနက် “ဝ” တပ်ဖွဲ့ (UWSA)၊ မိုင်းလားတပ်ဖွဲ့ (NDAA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့မှ တက်ရောက်မည်ဟုလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...