ရွာငံမြို့နယ် ပြည်သူ နေအိမ်တစ်လုံး မီးထပ်မံရှို့ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာရှိ အရပ်သားပြည်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ (မေလ ၁၆ ) ရက် ည ၁၀ နာရီဝန်းကျင်တွင် ရွာငံမြို့မှ လယ်ကိုင်းကျေးရွာတွင် ရှိသည့်  ဦးမောင်ဌေး ၏ နှစ်ထပ်တိုက်နေအိမ်ကို စစ်ကောင်စီတပ်သားတို့မှ လာရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံ အမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဦးမောင်ဌေး အိမ်ကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်၊ အိမ်ရှင်မိသားစုတွေတော့ အချိန်မှီရှောင်တိမ်းနိုင်ခဲ့လို့ ထိခိုက် မှုမရှိပါဘူး၊ ဒါပေမဲ့ အိမ်တွင်းပစ္စည်းနဲ့ နေအိမ်တော့ ဆုံးရှုံးရတာပေါ့” ဟု အထက်ပါ ဒေသခံအမျိုးသား လူငယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ ပြည်သူနေအိမ်ကို မီးရှို့ဖျက်စီးထား

ဦးမောင်ဌေးသည် ရိုးရိုးအရပ်သား ပြည်သူတစ်ဦးသာဖြစ်ပြီး မည်သည့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ နှင့် ဆက်စပ်မှု မရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့များ၏ လာရောက်ရှာဖွေခြင်း မကြာခဏ ခံရသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုကဲ့သို့ နေအိမ်မီးရှို့ခံရမှု မဖြစ်ပွားခင် တစ်လခန့် အကြာတွင်လည်း လယ်ကိုင်းကျေးရွာတွင်းသို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့က ဒလန်လမ်းပြမှုဖြင့် ဦးမောင်ဌေးနေအိမ်သို့ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်က အဲ့အိမ်ကိုလာပြီး PDF တွေနဲ့ ဆက်စပ်မှုမရှိ မေးမြန်းတာတွေ လုပ်ဖူးတယ်၊ ပြီးတော့ အိမ်ကိုလည်းရှာ ဖွေမှုတွေ လုပ်ခဲ့တယ်၊ အဲ့နောက်ပိုင်း ရွာထဲကို စစ်ကောင်စီစစ်ကြောင်းဝင်တာနဲ့ သူတို့မိသားစုလည်း ရှောင်နေရ တော့တာပဲ၊ မနေ့ညကနေ သူတို့ အချိန်မှီရှောင်နိုင်ခဲ့တယ်” ဟု ၎င်းလူငယ်က ပြောသည်။

လက်ရှိတွင် ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတို့  မီးရှို့ဖျက်ဆီးခဲ့သည့် အရပ်သား ပြည်သူနေအိမ်ပေါင်း ၈ လုံးထက် မနည်းရှိနေပြီး ချိတ်ပိတ်ခံရသည့် ပြည်သူ့နေအိမ် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်နေအိမ်များ စုစုပေါင်း ၁၀ လုံးကျော် ရှိနေကြောင်းလည်း ဒေသခံများပြောပြချက်အရ သိရသည်။

၂၀၂၁ခုနစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနစ် ဧပြီလ ၃၀ရက်ထိ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများမှ မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေ ၁၁,၄၁၇ လုံးအနက် သျှမ်းတောင်တွင် အိမ်ခြေ ၉၈ လုံးရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန မှ ဧပြီ ၇ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...