Wednesday, January 28, 2026

မိုင်းကိုင်မြို့နယ် အမျိုးသား (၂) ဦး အမဲလိုက်သွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး တစ်ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု တွန်ကျိုင်းကျေးရွာမှ ဒေသခံ (၂) ဦး အမဲလိုက်ရန် သွားနေစဉ် မြေမြုပ်မိုင်းနင်းမိပြီး တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

မိုင်းကိုင် မြေမြုပ်မိုင်းနင်းမိ

ပြီးခဲ့သည့် ဧပြီ (၁၆) ရက် သင်္ကြန်အတက်နေ့တွင် အသက် (၄၀) ကျော်အရွယ် လုံးဆမ် နှင့် လုံးလမ် တို့ (၂) ဦး အမဲလိုက်သွားရာ မြေမြုပ်မိုင်း နင်းမိခဲ့ပြီး လုံးဆမ်မှာ ဒဏ်ရာ ပြင်းထန်သည့်အတွက် သေဆုံးသွားခဲ့ရပြီး လုံးလမ်သည် ခြေထောက်တွင် ဒဏ်ရာပြင်းထန်ပြီး ဆေးကုသမှု ခံယူနေကြောင်း နီးစပ်သူ တစ်ဦးက ပြောသည်။

“ဘယ်အဖွဲ့ထောင်ထားတဲ့ မိုင်းတော့မသိရဘူး။ အမဲလိုက်ဖို့ တောထဲတောင်မရောက်သေးဘူး ခြံတွေနားပဲရောက်သေးတာ ထိသွားတယ်။ ဘယ်နှစ်ယောက်သွားလဲတော့ ကျနော်လဲ မသိရဘူး။ အရင်ကတော့ ကျနော်တို့သွားရင် (၁၅) ယောက်လောက်သွားကြတယ်” ဟု တွန်ကျိုင်းဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုမြေမြုပ်မိုင်းကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ မိုင်းစထိမှန်ထားပြီး နမ့်လန်ဆေးရုံသို့ ဆေးကုသမှု ခံယူသည့် လုံးလမ်သည် လက်ရှိမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

“ဖြစ်တဲ့နေ့က နမ့်လန်ဆေးရုံကို ခေါ်သွားတယ်။ ခုတော့ အိမ်ကိုပြန်ခေါ်လာပြီ။ ဒဏ်ရာတော့မသက်သာသေးဘူး။ ဘာလို့ ပြန်ခေါ်လာလဲတော့ ကျနော်တို့လဲ သေချာမသိဘူး။ခြေထောက်မှာ ဒဏ်ရာပြင်းထန်တဲ့အတွက် ခြေထောက်ဖြတ်ရမှာ စိုးရိမ်တာလဲ ပါမယ်ထင်တယ်” ဟု မိသားစုနှင့် နီးစပ်သူ အမျိုးသား တစ်ဦးကပြောသည်။

တုံလောကျေးရွာအုပ်စု တွန်ကျိုင်းကျေးရွာတွင် ယခုလိုဖြစ်စဉ်မျိုးသည် ပထမဆုံးဖြစ်စဉ်ဖြစ်ပြီး ဒေသခံများ ရှာဖွေစားသောက်ရန်အတွက် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများက ပြောဆိုကြသည်။
“အရင်တုန်းက တစ်ခါမှ မကြုံဖူးဘူး။ ဒေသခံတွေ ထိတ်လန့်နေကြတယ်။ ရှေ့ဆက် ဒီလိုအမဲလိုက်ဖို့ ခြံသွားဖို့ ဆိုတာ အခက်ခဲဖြစ်လာမယ်။ ဒီလိုမြေမြုပ်မိုင်း ထပ်သွားနင်းမိမှာ စိုးရိမ်တယ်” ဟု တွန်ကျိုင်းဒေသခံ တစ်ဦးကပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊သျှမ်းပြည်တပ်မတော် (SSPP) တို့ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး စစ်ရေးတင်းမာကာ တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံ အများအပြား နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း၊ မြေမြုပ်မိုင်းကြောင့် မကြာခဏ ဒေသခံများ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

ကျောက်မဲ တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်မှန်သေဆုံး၊ နေရပ်ပြန်စစ်ရှောင်တစ်ဦး မိုင်းနင်းမိသေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး နေရပ်ပြန်စစ်ရှောင်တစ်ဦးလည်း မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၁၇ ရက်တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေသည့်...

နွားစာ မြက်သွားရိတ်သည့် မိုင်းနောင်ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝမ်စိမ်းကျေးရွာတွင် နွားစာအတွက် ထော်လာဂျီဖြင့် မြက်သွားရိတ်သည့် အရပ်သား (၃) ဦး မိုင်းနင်းမိရာ တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၁) ရက် နံနက် (၇) နာရီကျော်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး...

ကွန်ဟိန်းမြို့နယ် တောင်ယာသွားစဉ် မိုင်းနင်းမိပြီး အရပ်သား (၁) ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ဝမ်ဆိုင်းမွန်ရွာမှ ဒေသခံများ တောင်ယာသွားနေစဉ် လမ်းတွင် မြေမြှုပ်မိုင်း နင်းမိပြီး အသက် (၁၅) နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးပြီး၊ ဒေသခံ ၂၀ ကျော် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၂၀) ရက် နံနက် ၈ နာရီခန့်တွင် ကွန်ဟိန်းမြို့နယ်...