သင်္ကြန်အကြိုနေ့ ရွာငံမြို့နယ် နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့၊လူငယ်များဖမ်းဆီးခံရ

သျှမ်းတောင် ရွာငံမြို့နယ် လွှစင်ကျေးရွာရှိနေအိမ်များကို သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃)ရက် မနက် ၁နာရီ ၀န်းကျင်တွင် စစ်ကောင်စီ အုပ်စုမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

ရွာငံမြို့နယ်လွှစင်ကျေးရွာအတွင်းမီးရှို့ခံရသည့်အိမ်

စစ်ကောင်စီ အုပ်စု မီးရှို့ဖျက်ဆီးလိုက်သည့် နေအိမ် (၂)လုံးရှိပြီး၊ အသက်မပြည့်ကလေးတစ်ဦးအပါအ၀င် လူငယ် ၂ဦးကို ဖမ်းဆီးသွားကြောင်း ရွာငံမြို့နယ်မှ အမည်မဖော်လိုသည့် လူငယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” မနက် ၁နာရီမှာ ကားသုံးစီးနှင့် လာရှို့သွားတာ။ လူကတော့ အထိအခိုက် မရှိဘူး။ အိမ်နှစ်လုံးနှင့် အိမ်ထဲရှိ ပစ္စည်းအကုန်ပါသွားတာ။ မနေ့ညကပဲ ရွာက လူငယ်နှစ်ယောက်နှင့် ကလေးတစ်ယောက် ကို ရှောင်နေတဲ့ နေရာအထိ လာဖမ်းသွားတယ်” ဟု အမည်မဖော်လိုသည့် လူငယ်တစ်ဦးက ဆိုသည်။

ယခုရက်ပိုင်း စစ်ကောင်စီ အုပ်စုသည် ရွာငံမြို့နယ် လွှစင်ကျေးရွာမှ လူငယ်စုစုပေါင်း ၆ဦးဖမ်းဆီးသွားခဲ့ပြီး၊ ထိုထဲတွင် အသက် (၁၆)နှစ်အရွယ် လူငယ်တစ်ဦးလည်းပါ၀င်ကြောင်း သိရသည်။

ရွာငံမြို့နယ် လွှစင်ကျေးရွာ နေအိမ်မီးရှို့ခံရစဥ်

ထို့အပြင် ဧပြီ ၁၂ရက် တွင်လည်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာမှ CDM လုပ်ထားသည့် ကျောင်းဆရာမ နေအိမ်ကိုလည်း စစ်ကောင်စီ မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း နွားဘန်းကြီးကျေးရွာမှ အသက် ၃၀အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“ CDMဆရာမကို လာဖမ်းတာ။ ဆရာမရော သူ့အမျိုးသား ကိုအေးရွှေ က အိမ်မှာမရှိကြဘူး။ အဲ့ဒါနဲ့ စကစ က မီးရှို့ဖျက်ဆီးလိုက်တာ။ သူတို့တွေအိမ်မှာ မရှိတာ ၅ လလောက်ရှိပြီ။ အရင်ကတော့ လာလာချောင်းတယ်” ဟု ၎င်းက ပြောသည်။

CDM လုပ်ဆောင်ထားသည့် ဆရာမ၏ နေအိမ်ကို မီးမရှို့ခင်တွင် ၎င်းအိမ်အနီးလမ်းရှိ လမ်းသွားလမ်းလာ များအား ပိတ်ဆို့စစ်ဆေးခဲ့ပြီး လူရှင်းသွားသည့်အချိန်တွင် ဓာတ်ဆီလောင်းကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီ အုပ်စုသည့် နေ့စဥ်ဆက်တိုက် ဖမ်းဆီးခြင်း၊ နေအိမ်မီးရှို့ဖျက်ဆီးခြင်းကို ရက်ဆက်တိုက်ပြုလုပ်လာသဖြင့် ပြည်သူများက ရွာထဲတွင် မနေရဲကာ ထွက်ပြေးတိမ်းရှောင်ရန် စစ်ကောင်စီကို ဆက်လက် တော်လှန်နေကြကြောင်းသိရသည်?

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...