ကျောက်မဲ စစ်ရှောင်များ စားနပ်ရိက္ခာ အကူညီ လိုအပ်နေ

ကျောက်မဲမြို့နယ်မှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များမှာ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးငယ် အများစုသာ ဖြစ်ပြီး နေရပ်ပြန်နိုင်ဖို့ကိုလည်း မျှော်လင့်နေကြကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“ပြန်တော့မယ်လို့ ပြောတယ်၊ ဘယ်နေ့ ပြန်မလဲတော့ သေချာ မသိသေးဘူး၊ ခုချိန်ပြန်သွားလည်း ရွာမှာ အိမ်အလွတ်ပဲ ရှိတာ၊ ပြန်ရောက်ရင် စားဖို့ သောက်ဖို့တွေ လိုတယ်၊ ရွာမှာ ဘာအလုပ်မှ သိပ်မရှိတော့ဘူး၊ လက်ဖက်ခူးချိန်ကလည်း သိပ်မကျန်တော့ဘူး” ဟု ကျောက်မဲ သျှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်း ဥက္ကဌ လုံးလျန်းဟန်က သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

စစ်ရှောင်များအနေဖြင့် နေရပ်ပြန်သွားလျှင်လည်း အလုပ်လက်မဲ့ဖြစ်နေသဖြင့် စားသောက်ရန် လိုအပ်နေသေးကြောင်း၊ ထို့ပြင် ရွာထိပြန်ချိန်တွင်လည်း ကားငှားရမှာြဖစ်ကာ ဓာတ်ဆီစျေးကလည်း တက်နေသည့်အတွက် ကုန်ကျစရိတ်လည်း များနိုင်ကြောင်း လုံးလျန်းဟန် က ပြောသည်။

ထိုစစ်ရှောင်များသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်အချင်းချင်း ထိတွေ့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူများဖြစ်ပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းနှင့် ဆွေမျိုးအိမ်များတွင် နေထိုင်နေကြကြောင်း သိရသည်။

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရန်နှင့် နေရပ်ပြန်စဉ် စားသောက်နိုင်ရန်အတွက် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု ထိန်းချုပ်နယ်မြေထဲ ပါဝင်သည့် ကျောက်မဲမြို့နယ်မှ စစ်ရှောင်တချို့ နေရပ်ပြန်သွားစဉ် ရွာအတွင်း ဝင်ခွင့်မရသည့် ဖြစ်ရပ်များ ကြုံခဲ့ရပြီး ထိုပြဿနာအား သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် (SSPP/SSA) မှ ကူညီဖြေရှင်းပေးရန် တောင်းဆိုမှုများလည်း ရှိသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“သူတို့နေရပ် ပြန်နိုင်ဖို့အတွက် ဆိုတာက ကျနော်တို့တွေလည်း လုပ်ပေးခဲ့ပါတယ်။ နားလည်ပါတယ်။ ကျနော်တို့ ထိန်းချုပ်တဲ့ နယ်မြေထဲမှာရှိတယ် ဆိုရင်တော့ ချိတ်ဆက်မှုတွေ ရှိရမယ်။ ဆက်သွယ်ပြီး ကူညီကြတာပေါ့။ ပြည်သူတွေရဲ့ အခက်ခဲဟာ ကျနော်တို့ရဲ့ အခက်ခဲပဲ။ ကျနော်တို့ရဲ့ အခက်ခဲကလည်း ပြည်သူတွေရဲ့ အခက်ခဲပဲ။ ဒါပေမယ့် တချို့နေရာမှာက ပြင်ပ ပရောဂတွေ ရှိနေလား ဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး” ဟု (SSPP/SSA) မှ ဗိုလ်မှူး ဖုန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်ရှောင်များသည် ကျောက်မဲမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှု စစ်ရှောင်စခန်း၊ ရပ်ကွက် ၈ ဓမ္မာရုံ၊ မိုင်းတင်းကျေးရွာအုပ်စုအတွင်း နှင့် မိုင်းငေါ့မြို့တို့တွင် စစ်ရှောင်ခိုလှုံနေကြတာဖြစ်ပြီး လူဦးရေ (၄၀၀)ဝန်းကျင် ရှိနေကြောင်း သိရသည်။

ထို့အပြင် မြို့ပေါ် ၊ အခြားကျေးရွာနှင့် ဆွေမျိုးအိမ်များတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များလည်း ကျန်ရှိနေသေးကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...