နောင်ချိုမြို့နယ် တိုက်ပွဲ ၂ရက်ဆက်တိုက်ဖြစ်၊ စစ်ကောင်စီတပ် အများအပြားသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အမှတ် (၅၀၉) တပ်ရင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ကြောင်း စုံစမ်း သိရသည်။

အဆိုပါ တိုက်ပွဲသည် စစ်ကောင်စီ တပ်ဖွဲ့ နှင့် (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၅၀၉)တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

အဆိုပါ တိုက်ပွဲသည် စစ်ကောင်စီ တပ်ဖွဲ့ နှင့် (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၅၀၉)တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ နောင်ချိုမြို့နယ် ခဲမွန်ကျေးရွာအနီးတွင် ရှိသည့် Mytel (မိုင်တဲ) တာဝါတိုင်ကို အမှတ် (၅၀၉) တပ်ရင်းမှ ဖောက်ခွဲဖျက်စီးမှု ပြုလုပ်ပြီးနောက် စစ်ကောင်စီတို့က ထိုးစစ်ဆင်လာရာ ထိတွေ့တိုက်ပွဲများမှ တိုက်ပွဲပြင်းထန်သွားကြောင်း သိရသည်။

ထိုတိုက်ပွဲသည် မတ် ၁၃ ရက်နှင့် ၁၄ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး အပါအဝင် အယောက် (၅၀) ဝန်းကျင် သေဆုံးကြောင်းလည်း အမှတ် (၅၀၉)တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ နောင်ချိုမြို့မှာရှိတဲ့ ဖုန်းတွေကို အသံဖမ်း ခိုးနားထောင်တဲ့တိုင်ကို ပထမဆုံး ဖောက်ခွဲခဲ့ပါတယ်။ အဲ့နောက်မှာ ကျနော်တို့ဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ပြီး တက်လာပါတယ်။ ကျနော်တို့ဘက်က မိုင်းဆွဲတာတွေရယ် အပြန်အလှန် ပစ်ခတ်တာရယ်ကြောင့် စစ်ကောင်စီဘက်က (၅၀)နီးပါး ကျဆုံးခဲ့ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မတ် ၁၄ ရက်တွင် စစ်ကောင်စီဘက်မှ လေယာဉ် (၂)စီး လာရောက်ပြီး ဗုံးကြဲခဲ့ကြောင်း သိရသည်။

“အဲ့ မတ် ၁၃ ရက်နေ့တည်းမှာ ပစ်ခတ်သံတွေ ပေါက်ကွဲသံတွေ သုံးခါလောက်ကြားနေရတယ်၊ နေ့ခင်းပိုင်း ၂ နာရီ လောက်ကနေစပြီးတော့ လေယာဥ်ပျံအသံတွေ စကြားလာရတာ၊ စစ်ကောင်စီတွေဘက်က လေယာဥ်နဲ့ သုံးပြီး PDF တွေကို လိုက်တိုက်တယ်လို့ ယူဆပါတယ်” ဟု နောင်ချိုမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၅၀၉) တပ်ရင်းမှ PDF ရဲဘော်များ ထိခိုက်ကျဆုံးခြင်းမရှိကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အများအပြားသေဆုံးသဖြင့် ရဟတ်ယာဉ် (၂)စီး အကူအညီခေါ်ကာ ရဟတ်ယာဉ်ပေါ်မှ ဗုံးသီးအလုံး (၃၀)ခန့် ကြဲချခြင်း စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...