Friday, January 30, 2026

သျှမ်းပြည် ညီလာခံ ပထမအဆင့် တွေ့ဆုံပွဲပြုလုပ်

သျှမ်းပြည်ကိုယ်စားပြုနိုင်ငံရေး စုဖွဲ့ တရပ်ပေါ်ထွန်းလာရေး အတွက် သျှမ်းပြည် ညီလာခံ ဖြစ်မြောက်ရေး တွေ့ဆုံဆွေးနွေးပွဲ ပထမအဆင့် ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ကမကထ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ထို ပထမအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ဖေဖော်ဝါရီ (၃) ရက်မှ (၇) ရက်နေ့ထိ (၅) ရက်တာ ကျင်းပခဲ့ပြီး သျှမ်းပြည်တွင်း နှင့် ပြည်ပရှိ သံဃာတော်များ၊ အရပ်ဖက် အဖွဲ့အစည်းများ ၊ မြို့နယ်များမှ တက်ရောက်သူများ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ အဖွဲ့ဝင်များ စုစုပေါင်း (၉၃) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“သျှမ်းပြည်တွင်း ပြည်သူတွေ စည်းလုံးညီညွတ်ဖို့။ အဖက်ဖက်က လက်ခံနိုင်တဲ့ သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဉပဒေပေါ်ထွန်းလာရေး၊ သျှမ်းပြည် ကိုယ်စားပြုနိုင်ငံရေးစုဖွဲ့မှု တစ်ရပ် ပေါ်ထွန်းလာစေဖို့ ဖြစ်တယ်။ ခုက ဘာမူမှ သဘောတူညီချမှတ်တာ မရှိသေးဘူး။ ပြည်သူတွေရဲ့အမြင်သဘောထားတွေကိုသာ ဆွေးနွေးစုစည်းခြင်းဖြစ်တယ်။ RCSS ကနေ သီးခြားလုပ်သွားတာ မဟုတ်ဘူး။ အဖက်ဖက်ကလည်း ပါဝင်ပါတယ်။ RCSS က ကမကထ ပြုလုပ်သွားတာပဲဖြစ်ပါတယ်” ဟု သျှမ်းပြည်ညီလာခံ ဖြစ်မြောက်ရေးတွေ့ဆုံဆွေးနွေးပွဲ (ပထမအဆင့်) အတွင်းရေးမှူး စိုင်းလျှန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်ညီလာခံ ဖြစ်မြောက်လာစေရန်အတွက် အဆင့်ဆင့် ဆွေးနွေးသွားမည်ဖြစ်ပြီး ပထမအဆင့်မှာ သျှမ်းတိုင်းရင်းသားထဲက လူမှုအဖွဲ့အစည်းများ၊ ဒုတိယအဆင့်အနေဖြင့် သျှမ်းပြည်တွင်းရှိ တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ၊ တတိယအဆင့်အနေဖြင့် သျှမ်းပြည်တွင်းရှိ နိုင်ငံရေးပါတီများ နှင့် စတုတ္တအဆင့်မှ သျှမ်းပြည်ညီလာခံ ဖြစ်မြောက်လာမည်ဖြစ်ကြောင်း စိုင်းလျှန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။


“တတိယအဆင့်အနေဖြင့် သျှမ်းပြည်တွင်းရှိ နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးပြီး တူညီတဲ့ဘုံသဘောထားများချမှတ်နိုင်ကပြီဆိုမှသာ စတုတ္ထအဆင့်ဖြစ်တဲ့သျှမ်းပြည်ညီလာခံကို ကျင်းပနိုင်မှာဖြစ်ပါတယ်။” ဟု စိုင်းလျှန်း ကပြောသည်။

အလားတူ သျှမ်းပြည်ညီညွှတ်ရေးကော်မတီ (CSSU) သည်လည်း ဖက်ဒရယ်ကို အခြေခံသည့် တန်းတူညီမျှရေး သျှမ်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေးမူကြမ်းကို အတည်ပြုထားပြီး သျှမ်းပြည်တွင်းရှိ လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ CSO များထံ (CSSU) က ချပြသွားရန် ရှိကြောင်း သိရှိရသည်။

“တချိန်ကျရင်တော့ CSSU မှာ ကြိုးစားလုပ်ဆောင်နေတာတွေနဲ့ထပ်တူ ဖြစ်လာမှာပါ ” ဟု စိုင်းလျှန်း က ထပ်လောင်းပြောသည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲသည် သျှမ်းပြည်ညီလာခံ ဖြစ်မြောက်ရေးအတွက် ကနဦးစတင်သည့်အဆင့် ဖြစ်ပြီး၊ သျှမ်းပြည်ရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ အလွှာအဆင့်အသီးသီး၊ အဖွဲ့အစည်းများ စုံလင်စွာ ပါဝင်ဆွေးနွေးနိုင်သည်အထိ အဆင့်ဆင့် ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...