TNLA ဖမ်းသွားသည့် နမ့်ခမ်းသူတဦးလွတ်မြောက်ရေးအတွက် SSPP ထံနမ့်ခမ်းမြို့ခံများအကူအညီတောင်း

TNLA တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဖမ်းသွားသည်ဟု ယူဆရသည့် နမ့်ခမ်းသူတဦးလွှတ် မြောက်ရေးအတွက် ၄င်းတို့မဟာမိတ်တပ်ဖွဲ့အနေဖြင့် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးရန် SSPP သျှမ်းပြည် တပ်မတော် ထံ ဒေသခံများ၊ မိဘ ဆွေမျိုးအသိုင်းအဝိုင်းများက စုပေါင်းကာ အကူအညီတောင်းခံစာပေးလိုက် သည်ဟုသိရသည်။

ဖမ်းဆီးခံသွားရသည့် နမ့်ခမ်းမြို့သူ နန်းမိုဟွမ်

သြဂုတ်လ ၁၇ ရက်ယနေ့မနက် ၈ နာရီက လက်နက်ကိုယ်စီကိုင်ဆောင်ထားသော အရပ်ဝတ် လူ ၅ ဦးသည် ပါကျဲရိုးကား နံပတ် 7B-4280 ဖြင့် ဟိုနောင်ရပ်ကွက်ရှိ နောင်မောဝ်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်သို့ ရောက်ရှိကာ ဆိုင် ရှင် ၏ ချွေးမဖြစ်သူနန်းမိုဟွမ်အား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ အဆိုပါ အရပ် ၀တ် သေနတ်ကိုင် ဆောင်သူ လူ ၅ ဦးသည် ပလောင်ဘာသာစကား၊ ဗမာဘာသာစကား ပြောကြားကြောင်း၊ ဆိုင်အတွင်း စီစီတီဗွီ တပ်ဆင်ထားသောကြောင့် စီစီတီဗွီ စက်အားလည်း ရိုက်ခွဲဖျက်ဆီးသွားကြောင်း အမည် မဖေါ်လိုသည့် ဆိုင်ရောက်ပုဂ္ဂိုလ်တဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြော သည်။

“ကျနော်က အဲ့ဆိုင်ကိုရောက်နေတာ။ သူတို့က အိမ်ဆိုင်ထဲကို ကားဆုတ်ပြီးဝင်လာတယ်။ ဆိုင်ထဲ လူသုံးယောက်ဝင်လာတယ်။ ကျန်တဲ့တယောက်က အပြင်မှာစောင့်ကြည့်တယ်။ ကားမောင်းတဲ့သူက တ ယောက်။ ဆိုင်ထဲဝင်လာတဲ့သူက သေနတ်ကိုယ်စီထုတ်ပြီး မလှုပ်ကြဖို့ သေနတ်နဲ့ချိန်တယ်။ ကျန်တယောက် ကတော့ နန်းမိုဟွမ်ကို သေနတ်နဲ့ထောက်ပြီး ကားပေါ် တက်ခိုင်းပြီး အမြန်မောင်းထွက်သွားတယ်။ ”- သျှမ်းသံတော်ဆင့်သို့ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ TNLA အားဖုန်းဆက်မေးသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိချေ။

SSPP သျှမ်းပြည် တပ်မတော် ဌာနချုပ်ပြန်ကြားရေးအရာရှိတဦးက အဆိုပါကိစ္စ အား ဖြစ်ပျက်သည့် အကြောင်းအရာ စီစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

အဖမ်းခံရသူ၏ ခင်ပွန်းဖြစ်သူက -“ ကျနော်တရားအားထုတ်ပြီးဒီနေ့မှပြန်ထွက်လာတာ။ ကျနော့်မိန်းမက ဘယ်အဖွဲ့အစည်းနဲ့မှ လည်းမပတ် သက်ခဲ့ဖူးဘူး။ ကုန်အရောင်းအဝယ်လုပ်ငန်းတခုဘဲလုပ်တတ်ပါတယ်။ ရံပုံငွေတောင်းလာတဲ့ဘယ်အဖွဲ့မဆို ကျနော်တို့အကုန်ပေးပါတယ်။ မပေးတာ ကလန်ကလန် ကဆန် လုပ်တာဘယ်တုန်းကမှမရှိခဲ့ဖူးပါဘူး။ ကျနော်တို့မှာ ကလေးလေးတွေ သုံးယောက်တောင်ရှိတယ်။ သူတို့အမေ ကိုမျှော်ရှာတယ်။ အဲတာကိုသက်ညှာသောအားဖြင့် ကျနော့်မိန်းမကိုအမြန်ဆုံးပြန်လွှတ် ပေးပါလို့တောင်းဆို လိုပါတယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မိသားစုဝင်ကဲ့သို့ ခင်မင်ရသော အမည်မဖေါ်လိုသူ ရပ်ကွက်သူ တဦးကလည်း – ယမန်နှစ်က ဤကာလမျိုး TNLA မှ အခွန်လာကောက်ကြောင်း အခွန်လာကောက်မှုတွင် နန်းမိုဟွမ်မှ ကျပ်ငွေ ၁၁ သိန်း ပေးဆောင် လိုက်ရကြောင်း၊ ထိုစဉ်အခွန်ကောက်ပြီး ပြန်ထွက်သွားသည့် TNLA စစ်သားအား အစိုးရတပ်မတော် တပ်မ ၈၈ က လမ်းတွင်စောင့်ဆိုင်းကာ ပစ်ခတ် ဖမ်းဆီးကြောင်း၊ တဦးသေပြီး တဦးအရှင်ဖမ်းသွားကြောင်း၊ ထို့နောက်ပိုင်း TNLA မှ ၄င်းတို့မိသားစုအား ဖုန်းဆက်သတိပေးမှုပြုလုပ်ခဲ့ကြောင်း၊ နန်းမိုဟွမ်မှလည်း အဆိုပါ ကိစ္စ ၄င်းနှင့်မသက်ဆိုင်ကြောင်း၊ ပိုက်ဆံ ၁၁ သိန်းထက် မိသားစုအရေး သားသမီးအရေးက ရှိသောကြောင့် အစိုးရတပ်ထံ သတင်းပို့သည့် ကိစ္စ လုံးဝ မပြုလုပ်ရကြောင်း ပြန်ပြောခဲ့သည်ဟု ပြောသည်။

လက်ရှိတွင် နန်းမိုဟွမ် လွှတ်မြောက်ရေးအတွက် ဆွေမျိုးအသိုင်းအဝိုင်းများ၊ ရပ်ကွက်သူရပ်ကွက်သားများ စုပေါင်းကာ ရဲစခန်းတွင်လည်းကောင်း၊ ဆိုင်ရာအဖွဲ့အစည်းသို့လည်းကောင်း စာရေးတောင်းခံထား ကြောင်း၊ ထို့အပြင် ၄င်းတို့ မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သော သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ထံလည်း ကူညီဆောင်ရွက်ပေးပါရန် စာတစောင်ပေးပို့ထားကြောင်း ပါ၀င်တောင်းခံသူ ရပ်ရွာအကြီးအကဲတဦးက ပြောသည်။

နန်းမိုဟွမ် အသက် ၃၆ နှစ်သည် နမ့်ခမ်းမြို့နယ် စယ်ဟိုင်း အုပ်စု ဒေသခံတဦးဖြစ်သည်။ ဟိုနောင်ရပ်ကွက် သား နောင်မောဝ် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်နှင့် အိမ်ထောင်ပြုကာ သားသမီး ၃ ဦး ထွန်းကားပါသည်။ သားသမီးသုံးဦးလုံးသည် ကျောင်းနေအရွယ်ဖြစ်ပြီး အငယ်ဆုံးမှာ အသက် ၆ နှစ်သာရှိသေးသည်ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...