လားရှိုးမြို့တွင်း စစ်ကောင်စီမှ ပစ္စည်း (၁၉) မျိုး ကုန်တင်ပို့မှု မပြုလုပ်ရန် လက်ကမ်းစာစောင်ဖြန့်ဝေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီမှ ပစ္စည်း (၁၉) မျိုး ကုန်တင်ပို့မှု မပြုလုပ်ရန်အတွက် ကားဂိတ်များတွင် လမ်းကမ်စာစောင်များကို လိုက်လံ ဖြန့်ဝေနေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇန်နဝါရီ (၂၁)တွင် စစ်ကောင်စီမှ လားရှိုးမြို့ ကားဂိတ်များတွင် ယခုလက်ရှိ နိုင်ငံရေးအခြေအနေနှင့် ပတ်သတ်ပြီး လျှပ်စစ်ပစ္စည်းများဆက်စပ်သည့်ကုန်များကို မတင်ပို့ရန်အတွက် လိုက်လံတားမြစ်နေလျက်ရှိကြောင်းသိရသည်။

“ ဟုတ်တယ်။ ဒီနေ့မနက် စစ်ကောင်စီတွေက လက်ကမ်းစာစောင်လိုက်ဝေပေးနေတာ။ ကုန်တင်သမားတွေ ပစ္စည်း (၁၉) မျိုးကို မတင်ပို့ရဘူးတဲ့။ အခု လက်ရှိအခြေနဲပတ်သတ်ပစ္စည်းတွေပေါ့။ လျှပ်စစ်ပစ္စည်းတွေပါတယ်”ဟု လားရှိုးမြို့ ကားသမားတဦးက ပြောသည်။

ထိုပစ္စည်း (၁၉) မျိုးသည် ဖုန်း၊ CCTV ၊ Drone၊ ကင်မရာ၊ ဘတ်ထရီ၊ မှန်ဘီလူး၊ ဓာတ်မီး၊ စကားပြောစက်၊ မီးကြိုး၊ ရွှေထည်ပစ္စည်း၊ ကော်ပစ္စည်း၊ စတီး၊ ယမ်းမှုန့်၊ ပျောက်ကြား တူညီဝတ်စုံ နှင့် ကုန်ခြောက်များကို တင်းပို့ခွင့် မပြုကြောင်း သိရသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း ရှိ မြို့တချို့ တွင်လည်း ကုန်တင်မှုကို ရပ်ဆိုင်လိုက်ပြီး ခရီးသည်များကိုသာ တင်လာကြောင်း သိရသည်။

“ ကုန်ပစ္စည်းတွေကို တင်သွားရင် စစ်ကောင်စီ အသေးစိတ် စစ်ဆေးတယ်။ မေးမြန်းတယ်။ သူတို့ဖောက်စစ်တယ်။ ဖောက်စစ်ပြီးတော့လည်း ပြန်မကောက်ပေးဘူး။ ကိုယ်ကိုပြန်ကောက်ယူရတယ်။ ဘယ်နားကနေ ပစ္စည်းယူလာတာလဲ အစ မေးတာ။ ဒါကြောင့် ကျနော်တို့ လူကိုပဲ သီးသန့်တင်တော့တယ်” ဟု တောင်ကြီးမြို့ ကားသမားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီက စစ်ဆေးမှုတင်းကြပ်ခြင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် အဆက်သွယ်ပြုလုပ် မှာကို ကြောက်သောကြောင့် စစ်ဆေးမှုပို တင်းကြပ်လာကြောင်း၊ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားတဦးက ပြောသည်။

“ စစ်ကောင်စီတွေက ကုန်ပစ္စည်းတွေကို မတင်ဖို့ တားမြစ်တာက PDF တွေကို ကူညီပေးမှာကြောက်တာ။ စစ်ရှောင်တွေကို ကူညီဖို့ ပစ္စည်းတွေကို ဆိုရင်လည်း သူတို့က ဖျက်ဆီးတာပဲ။ ဒါကြောင့်လည်း ကားသမားတွေက ခဏခဏ စစ်ဆေးမှုခံနေရတာ” ဟု သျှမ်းပြည်တောင်ပိုင်းအတွင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတဦးက ပြောသည်။

စစ်ကောင်စီတို့သည် PDF တပ်ဖွဲ့ နှင့် စစ်ရှောင်များကို အကူညီ မရရှိစေနိုင်ရန်အတွက် ဖြတ် (၄) ဖြတ်ပုံစံဖြင့် ပြုလုပ်လာနေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...