မူစယ် ကွတ်ခိုင် ကြားယာဉ်မောင်း နှစ်ဦးပစ်ခတ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ် ကွတ်ခိုင် ကြား မန်လွယ်ကျေးရွာ ရှုခင်းသာ အတက် တွင် ယမန်နေ့ ( သြဂုတ် ၁၅) ညနေ ၄နာရီကျော် တွင် အရပ်သား ယာဉ်မောင်း ၂ ဦး သေနတ်ပစ်ခံရပြီး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

Khin Mg Lwin /facebook

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၄ နာရီတွင် မူစယ် မှ လာရှိုးသို့ ကုန်တင် လိုက်ထရတ်ကား မောင်းသူတဦး နှင့် ကွတ်ခိုင်မှ မူစယ်သို့ သွားမည့် အိမ်စီးကားမောင်းသူတဦး ကို လက်နက်ကိုင် အဖွဲ့ တဖွဲ့ ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိကြောင်း အခင်းဖြစ်ချိန်တွင် သေနတ်ဒဏ်ရာရရှိသူကို ဆေးရုံသို့ပေးသည့် မူစယ် မြို့လူမှု ကူညီရေး အသင်းမှ ဦးခင်မောင်လွင် က ပြောသည်။

“ ကျနော်က လူနာကို မူစယ်ကနေ မန္တလေး ပို့ဖို့အသွားမှာပါ။ ဖြစ်သွားတာက ကျနော် ကားရှေ့ မှာပါပဲ။ သေနတ်သံတော့ အကြီးကြီးမဟုတ်ဘူး။ တပ်မတော်က စီးလာတဲ့ လိုက်ထရတ်နဲ့ မှားပစ်တာ ခံရတာ။ ယာဉ်မောင်း ၂ယောက်က ခြေထောက်မှာ ဒဏ်ရာ ရသွားတယ်။ မစိုးရိမ်ရပါဘူး” လို့ ဦးခင်မောင်လွင် က ဆိုသည်။

သေနတ်ကျည်ထိမှန်သည့် ကားမောင်း သမား တဦးကို ကွတ်ခိုင်ဆေးရုံသို့ပို့ဆောင်ပေးပြီး၊ နောက်တဦးမှာ နမ့်ဖတ်ကာ ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

“ အပစ်ခံရတော့ ကျနော့်ကားကို အကူအညီတောင်းတယ်။ ဆေးလာတောင်းတယ်။ကျနော်ကားမှာလည်း ဆေးမစုံဘူး။ ကျည်ဆံထုတ်လို့ မရဘူး။ ဒါနဲ့ ကျနော် ကွတ်ခိုင် ဆေးရုံ ကို ပို့ပေးမယ်ဆိုပြီး သယ်လာတယ်။ နောက်တယောက်ကတော့တခြားကားနဲ့ နမ့်ဖတ်ကာ ဆေးရုံ ကို ဆက်သွားတယ်” အခင်းဖြစ်ပွားချိန်တွင် မျက်မြင်ကိုယ်တွေ့ ခဲ့သည့် ဦးခင်မောင်လွင် က ပြန်ပြောပြသည်။

ထို ဖြစ်ပွားချိန်တွင်လည်း တပ်မတော် တပ်သားများကလည်း လိုက်ထရတ် ကားများစီးလာပြီး၊ ပြည်သူနှင့် တပ်သား ထင်ယောင်ထင်မှား ဖြစ်သွားသည့် ပုံစံမျိုးဖြစ်သွားကာ အရပ်သားမောင်းလာသည့် လိုက်ထရတ်ကား သေနတ်ပစ် ခံ ရခြင်းဖြစ်သည် ဟု ဦးခင်မောင်လွင် က သုံးသပ်သည်။

ပစ်ခတ်မှုလက်သည်မှာလည်းမည်သည့်အဖွဲ့မှန်းမသိရကြောင်းသိရသည်။

“ တပ်မတော် အနေနဲ့ အရပ်သားတွေ စီးတဲ့ လိုက်ထရပ်ကားစီးတော့ ပြည်သူလား တပ်လား ဆိုတာ မသဲကွဲတော့ဘူး။ လက်နက်ကိုင်တွေလည်း တပ်က လိုက်ထရတ် ကားနဲ့လာမယ်ဆိုတဲ့ သတင်းရထားလို့ ဖြစ်မယ်။ တပ်မတော်အနေနဲ့ ဒီလို လုပ်ရပ်မျိုးမလုပ်သင့်ဘူး” ဟု မူစယ် ကားသမား စိုင်းအိုက်အောင် က ပြောသည်။

ယခုရက်ပိုင်း သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း တွင် အစိုးရတပ်မတော် နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး အစိုးရတပ်မတော် မှ စစ်အင်အားများ ဆက်တိုက် ဖြည့်တင်း နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကွတ်ခိုင်ကို MNDAA အလုံးစုံထိန်းချုပ်၊ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် မူဆယ်-လားရှိုး တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အလုံးစုံ တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်...

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...