တိုင်းရင်းသားလက်နက်ကိုင်တပ်များ စစ်ရေးတင်းမာ တာတေဒေသခံ (၂၀၀)ကျော် တိမ်းရှောင်

သျှမ်းမြောက် သီပေါမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်များ စစ်ရေးတင်းမာနေသဖြင့် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သည့်အတွက် တာတေကျေးရွာဒေသခံ(၂၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သတင်းသိရသည်။

“ခု တုံစင့်ဘက်မှာ လာနေတာ၊ အရင်ကလို တိုက်ပွဲပြင်းထန်မှာ ကြောက်လို့ ကြိုတင်ပြီး တိမ်းရှောင်ခဲ့တာ၊ ရောက်တာ ၃၊ ၄ ရက်လောက်ပဲ ရှိသေးတယ်။ တိုက်ပွဲဖြစ်လို့ ပြေးရတာတော့ မဟုတ်ဘူး။ တိုက်ပွဲဖြစ်မှာကြောက်လို့ စိုးရိမ်လို့ ကြိုပြီး ရှောင်နေတဲ့ အနေအထားပါ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ထွက်ပြေးတိမ်းရှောင်သူများထဲတွင် မသန်စွမ်း (၆)ဦးနှင့် ကိုယ်ဝန်သည် တစ်ဦး အပါအဝင် ဒေသခံ (၂၀၀)ကျော်သည် သီပေါမြို့ တုံစင့်ကျေးရွာအနီး လာ‌ရောက်နေထိုင်နေတာဖြစ်ကြောင်း သိရသည်။

ထို့အပြင် အခြား ဆွေမျိုးနေအိမ်များတွင် သွားရောက်နေထိုင်သူများလည်း ရှိနေပြီး စားနပ်ရိက္ခာများ ခက်ခဲနေတာဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

“အစားအသောက်တွေ လိုနေတယ်။ ဘာမှကို မရှိသေးဘူး။ ဘယ်လောက် ကြာကြာ နေရမှာလဲ မပြောနိုင်ဘူး။ လက်နက်ကိုင်တွေ တင်းမာနေတယ်လို့ပဲ ကြားတာ။ တိုက်ပွဲသံတော့ မကြားဘူး” ဟု ၄င်းတို့ကို ကူညီပေးနေသည့် အမျိုးသား တစ်ဦးက ပြောသည်။

တာတေ ဒေသခံများအပါအဝင် ချောင်းဆုံ၊ ဟာလျံ၊ ကွန်စံလိတ်၊ မန်မိုင်နှင့် ဆွန်လုံကျေးရွာ‌ဒေသခံတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲဖြစ်ပွားမှုကြောင့် သီပေါမြို့ပေါ်သို့ တိမ်းရှောင်ခဲ့ရပြီး နေရပ်ပြန်သွားသည်မှာ တစ်လဝန်းကျင်ခန့်သာ ရှိသေးကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ချောင်းဆုံကျေးရွာမှ ဒေသခံ နေအိမ် တစ်လုံးနှင့် ဂိုဒေါင်တစ်လုံး လက်နက်ထိမှန် ပျက်စီးခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...