Saturday, July 20, 2024

တိုင်းရင်းသား သတင်းဒီယာကျောင်း(ကောလိပ်) ဖွင့်လှစ်ရန် အစီစဉ် မရှိသေး

Must read

တိုင်းရင်းသား သတင်းမီဒီယာ ကျောင်း (ကောလိပ်) ဖွင့်လှစ်ရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း က ပြောကြားခဲ့သည်။

သြဂုတ်လ ၂ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြောက်ဦး မဲဆန္ဒနယ်မှ ဦးဦးလှစောက တိုင်းရင်းမီဒီယာများ ရှင်သန် ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသား သတင်း မီဒီယာကျောင်း(ကောလိပ်) ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း

သြဂုတ် ၂ရက် တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် မြောက်ပိုင်းမဲဆန္ဒနယ် မှ ဦးဦးလှစော ၏ တိုင်းရင်းမီဒီယာများ ရှင်သန်ဖွံ့ဖြိုးရေး အတွက် တိုင်းရင်းသားသတင်း မီဒီယာကျောင်း(ကောလိပ်) ဖွင့်လှစ်ပေးရန် အစီစဉ် ရှိ၊မရှိ မေးမြန်းခြင်း ကို ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ပြန်လည် ဖြေကြားပေးခြင်းဖြစ်သည်။

တိုင်းရင်းမီဒီယာများ ရှင်သန်ဖွံ့ဖြိုးရေးအရေးပါပုံကို ကောင်းစွာအသိ အမှတ်ပြုသော် လည်း တိုင်းရင်းသားသတင်း မီဒီယာကျောင်း(ကောလိပ်) ဖွင့်လှစ်ပေးရန် လတ်တလောတွင် အစီအစဉ်မရှိသေးပါကြောင်း ဦးအောင်လှထွန်းက ပြောသည်။

တိုင်းရင်းသားသတင်းမီဒီယာ ကောလိပ် ဖွင့်လှစ်ခြင်းအား ပြန်ကြားရေး ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ခြင်းထက် လက်ရှိတွင် သတင်းစာ အတတ်ပညာ စနစ်တကျ သင်ကြား ပို့ချလျက်ရှိသည့် ပညာရေးဝန်ကြီး ဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနတို့ ညှိနှိုင်း ဆောင်ရွက်ခြင်းသည် ပိုမိုသင့်လျော်ကောင်းမွန်မည်ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် လိုအပ် ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပံ့ပိုးကူညီ ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

တိုင်းရင်းသား မီဒီယာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုကို နိုင်ငံပိုင်မီဒီယာဖြစ်သည့် မြန်မာ့ရုပ်မြင်သံကြားတွင် တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းကို ၂၀၁၃ အောက်တိုဘာ လမှ စတင်ကာ တိုင်းရင်းသားဘာသာ ၁၁ ဘာသာဖြင့် ထုတ်လွှင့်ပေးလျက်ရှိသည်။

ထို့ပြင် ထုတ်လွှင့်ချိန် တစ်သမတ်တည်း မဖြစ်စေရေးအတွက် ၄ လ တစ်ကြိမ် အက္ခရာစဉ်အလိုက် ပြောင်းလဲထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့အသံ (ရေဒီယို)တွင် တိုင်းရင်းသားရေဒီယို အစီအစဉ်အား တိုင်းရင်းသား ဘာသာ ၁၇ မျိုးဖြင့် ထုတ်လွှင့် ပေးလျက်ရှိပါကြောင်း ဖြေကြားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article