တရားဥပဒေ စိုးမိုးမှု ကင်းဝေးနေသည့်သီပေါမြို့ နယ်

သျှမ်းပြည်မြောက်ပိုင်း သီပေါ နှင့် ကျောက်မဲ မြို့ နယ် အတွင်း အရပ်သား ပြည်သူများ ကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ ့များက မကြာခဏ ပစ်ခတ် သေဆုံးမှုတွေ ရှိနေသည်။

သီပေါမြို့ ညောင်ပင်ရိပ်စားသောက်ဆိုင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းလင်မယား သေနတ်နဲ့ပစ်သတ်ခံရ

ထိုပစ်ခတ်သေဆုံးမှုများ ကြောင့် သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ် အတွင်း နေထိုင်သည့် ဒေသခံများက လုံ ခြုံရေး အထူး စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိနေကြသည်။

ယခုနှစ်အတွင်း သီပေါမြို့နယ် အတွင်း အရပ်သား ပြည်သူ အကြောင်းမဲ့ ပစ်ခတ်ခံနေရတာ ၁၀ဦး ခန့် ရှိကြောင်း သီပေါ နာရေး ကူညီမှု အသင်း ၏ ဖေ့ဘွတ်စ် စာမျက်နှာ တွင် ဖော်ပြထားသည်။

အရပ်သားပြည်သူများ ကို လာရောက်ပစ်ခတ်သည့် လက်နက်ကိုင် အဖွဲ့ဝင်များမှာ ညအချိန် တွင် အရပ်သားနေအိမ်ထိ ဆိုင်ကယ်မောင်းလာပြီး ပစ်ခတ်မှုများ ပြုလုပ်ကြကြောင်း တွေ့ရသည်။

လက်ရှိမှာတော့ သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ် မှာ တရားဥပဒေ စိုးမိုးမှုတွေ ကင်းဝေး နေပြီး ၊ လက်နက်ရှိရင် မည်သည့် ကိစ္စမဆို ဖြေရှင်းနိုင်မည် ဟု ယူဆနေကြကြောင်း ဒေသခံများက ဝေဖန် ထောက်ပြသည်။

“ ကျနော်တို့နယ်မြေမှာက လက်နက်ကိုင် အဖွဲ့တွေ များပါတယ်။ ပြသနာ တခုခု ဖြစ်လာရင် သေနတ်နဲ့ ဖြေရှင်းမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ လက်နက်တွေကလည်း အလွယ်ဝယ်နိုင်နေတယ်။ တရားဥပဒေ စိုးမိုးမှု အရမ်းဝေးနေတယ်” လို့ သီပေါမြို့ခံ စိုင်းအိုက် က ပြောသည်။

သီပေါမြို့နယ် အတွင်း က လှုပ်ရှားသည့် လက်နက်ကိုင် အဖွဲ့တွေ များပြီး ၊ အရပ်သားများ ပစ်ခတ်ခံရသည့် အပေါ် ခန့်မှန်းရခက်နေကြောင်း၊ တချို့ ကိစ္စများမှာ ပုဂ္ဂိုလ်ရေး နှင့် ဆက်နွယ်နိုင်ကြောင်းလည်း သီပေါမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင် က ပြောပါတယ်။

“ လက်နက်ကိုင် အဖွဲ့တွေက အရပ်ဝတ်နဲ့ သွားလာ လှုပ်ရှားနေတော့ မသိနိုင် မမြင်နိုင်ဘူး။ ဒီခေတ် ဒီကာလ က လက်နက်တွေ ပေါနေတော့ တရားမဝင် စီးပွားရေးလုပ်နေတဲ့သူတွေကလည်း ရှိနိုင်တဲ့အခြေအနေပါ။ ဒီလို တစစ တွေက ပြောရခက်တယ်။ ခန့်မှန်းရခက်တယ်” ဟု စိုင်းခမ်းအောင် က ဆိုသည်။

အပစ်ခတ်ခံရသည့် ပြည်သူများ၏ နောက်ကြောင်းရာဇာဝင် ကို သေချာ မသိရှိ သကဲ့သို့ လာရောက် ပစ်ခတ်သည့် လက်နက်ကိုင် အဖွဲ့ဝင် များနှင့် မည်ကဲ့သို့ ဆက်နွယ်သည်ကို မသိရှိသဖြင့် ပြောဆိုရ ခက်ခဲ့ သည်ဟုလည်း စိုင်းခမ်းအောင် က ပြောသည်။

သီပေါမြို့ ပြည်သူများ ၏ စိုးရိမ်ပူပန်မှုက နေ့စဉ် အမြဲ ရှိနေပြီး၊ အရပ်သားများကို သေနတ်ပစ်သတ်ခြင်း ကလည်း ဒေသခံများကို ခြိမ်းခြောက်မှု တခု ဖြစ်ကြောင်း သီပေါမြို့နယ် နယ်စည်းမခြား ပရဟိတ အသင်း မှ ကိုမျိုးက ပြောသည်။

“ ဒီနှစ် သေနတ်ပစ်သတ်ခံရတာ ပိုများတယ်။ အခြေအနေက လည်း ပိုဆိုးလာတယ်။ ပြည်သူတွေရဲ့ ဘဝလုံခြံုမှု မရှိတော့ဘူးလို့ ” ကိုမျိုးက ဆိုသည်။

သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ် ကြား မကြာခဏ ပစ်ခတ်မှုတွေများလာသည့် ကိစ္စသည် စစ်ရေးပစ်မှတ်များ မဟုတ်ကြောင်း၊ အရပ်ဖက် ပြည်သူများကို ပစ်မှတ်ထားနေကြောင်း ကျောက်မဲမြို့နယ် ဇိဝိတ လူမှု ကူညီရေး အသင်းမှ ဦးတင်မောင်သိန်း က ပြောသည်။

“ နွားကားတို့ နေအိမ်ထဲဝင်ပစ် ပြီး ပြည်သူတွေသေဆုံးတာ ကိုကြည့်ရင် လက်နက်ကိုင်အဖွဲ့တွေရဲ့နည်းဗျူဟာ ဘာလဲဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ နွားကားကို ပစ်တာ က အခွန်လို့ခေါ်တဲ့ ဆက်ကြေးမပေးလို့ ။နေအိမ်ထဲဝင်ပစ်တာကတော့ စဉ်းစားစရာဘဲ” လို့ ကျောက်မဲ မြို့နယ် ဇိဝိတ လူမှု ကူညီရေး အသင်းမှ ဦးတင်မောင်သိန်း က ပြောပါသည်။

သေနတ်ပစ်ခံရသူတွေ ဟာ စစ်တပ်ရဲ့ သတင်းပေးတွေ မဟုတ်ဘဲ သာမာန် အရပ်သားတွေ သာဖြစ်ကြောင်း၊ သတ်ခံရတဲ့ သူအများစု က သျှမ်း နဲ့ ပလောင် (တအာန်း) လူမျိုးတွေ ဖြစ်ကြောင်း၊ သတ်ခံရတဲ့ သူတွေမှာ လက်နက်မရှိကြောင်း ဦးတင်မောင်သိန်းက ဆိုပါသည်။

“ စကားတခုခုကြေင့် အထင်လွဲပြီး ပစ်ခတ်ခံရတာမျိုးဖြစ်ပါလိမ့်မယ်။ဖြေရှင်းခွင့်မရှိ။ရန်ငြိုးမရှိဘဲ ပစ်လိုက်တာပဲ။ တနည်းအားဖြင့် အရပ်သူအရပ်သားတွေကို ခြိမ်းခြောက်လိုက်တာပဲ” လို့ ဦးတင်မောင်သိန်း က ထပ်လောင်း ပြောပါသည်။

အရပ်သား ပြည်သူ ပစ်သတ်ခံရသည့် မှာ ယခုနှစ်အတွင်း ဖြစ်ပွားမှု များခဲ့ပေမယ့် တကြိမ်မျှ အမှုမှန် မပေါ်ပေါက် ကြောင်း၊ လာရောက်ပစ်ခတ်သည့် လက်နက်ကိုင် အဖွဲ့ကိုလည်း သေချာ ဖော်ထုတ်ပြောဆိုခြင်း မရှိကြောင်း သီပေါမြို့နယ် မှ ဒေသခံများက ပြောဆိုကြသည်။

“ ရန်ကုန်လေဆိပ် လူများတဲ့ နေရာ မှာတောင် ရှေ့နေ ဦးကိုနီ လုပ်ကြံ ပစ်သတ်ခံရတာ အရေးမယူနိုင်သေးတာ။ ကျနော်တို့ လို နယ်မြေဆို တရားဥပဒေ စိုးမိုးမှု က ပိုဝေးပါတယ်” ဟု စိုင်းခမ်းအောင်က မှတ်ချက်ပြုလိုက်သည်။

သေနတ်ပစ်သတ်ခံရသည့် အမှု များ ကို လူသတ်မှုဖြင့်အမှုဖွင့်ပြီး၊ အချိန်တန်ကာ စုံစမ်း ထောက်လှမ်း မရပါက အမှုများ ပိတ်သိမ်းလိုက်ကြောင်းလည်း ဦးတင်မောင်သိန်းက ဝေဖန် ထောက်ပြလိုက်သည်။

သီပေါမြိုု့နယ် အတွင်း နေထိုင်သည် ပြည်သူများအတွက် တဖက်လှည့် ခြိမ်းခြောက်လိုက်ပြီး၊ လက်နက်ကိုင် တပ်ဖွဲ့များဖြင့် အဆင်မပြေမှုများရှိ လက်နက်ဖြင့် သာ ဖြေရှင်းမည် ဆိုသည့် ပုံစံ မျိုးဖြစ်နေကြောင်းလည်း သီပေါဒေသခံများက ပြောဆိုကြသည်။

“ လက်နက်ကိုင် တွေက သူတို့နဲ့ အဆင်မပြေရင်သေနတ်နဲ့ ပစ်သတ်မယ် ဆိုပြီး ခြိမ်းခြောက်နေသလိုပါပဲ။ သီပေါမှာ နေရတာ ကိုယ့် အလှည့် ဘယ်တော့လဲ ဆိုတာ စဉ်းစားနေရသလိုပါပဲ။ လုံခြံုရေးကတော့ ကိုယ့် ဘာသာကိုပဲ ပြန်ယူနေရပါတယ်” လို့ သီပေါမြို့ဒေသခံ စိုင်းအိုက် ကပြောသည်။

သီပေါမြို့နယ် အတွင်း တရားဥပဒေမဲ့ ပစ်ခတ်မှု များရပ်တန့်နိုင်ရေး အတွက် တရားဥပဒေ စိုးမိုးရေး လိုအပ်နေ ကြောင်း ဒေသခံများက ပြောဆိုကြသည်။

သီပေါမြို့နယ် အတွင်း အစိုးရ တပ်မတော် ရှိနေသော်လည်း ပစ်ခတ်ခံရမှုများ တဖြည်းဖြည်းများလာသည့်အတွက် မည်သည့်လက်နက်ကိုင် အဖွဲ့ကို မှ အားမကိုးရကြောင်းလညး် သီပေါ ဒေသခံများ ကဝေဖန်ပြောဆိုနေကြပါသည်။

“ ကျနော်တို့ သီပေါမြို့ က လုံခြံုရေး လုံးဝ မရှိတဲ့ အနေအထားဖြစ်နေတယ်။ လက်နက်ကိုင်တဲ့သူတိုင်း ကြောက်နေရတယ်။ ကိုယ့်လုံခြံုရေး က ကိုယ့် ဘာသာ တာဝန်ယူနေရတယ်” လို့ သီပေါမြို့ဒေသခံစိုင်းအိုက် က ဆိုသည်။

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နှင့် ကျောက်မဲ မြို့နယ် အတွင်း အစိုးရ တပ်မတော်၊ အစိုးရ တပ်မတော် လက်အောက်ခံပြည်သူ့စစ် များ အပြင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ( RCSS/SSA)၊ သျှမ်းပြည် တိုးတက်ရေး ပါတီ၊ သျှမ်းပြည် တပ်မတော် ( SSPP/SSA ) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ လှုပ်ရှားသည့် နေရာ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

သီပေါဒေသခံတစ်ဦးကို အသက်သေဆုံးသည်အထိ MNDAA စစ်ဆေးရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စုတွင် ဒေသခံအမျိုးသားတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများမှ သေဆုံးသည်အထိ စစ်ဆေးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၉) ရက် ည(၈)နာရီခန့်တွင် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ပန်မြိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၆၃) နှစ်အရွယ် လုံးပန်သည် တောင်ယာတဲ အိပ်စောင့်ရန်...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...