SSPP မှ မြို့ပေါ်ထိ တပ်သားစုဆောင်းမှုများ ပြုလုပ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ပေါ်ထိ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA မှ တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ရှိ အမှတ် (၄)ရပ်ကွက်နှင့် မြို့အနီး ကျေးရွာများဖြစ်သည့် နားစံကျေးရွာ၊ ပန်ဆွဲကျေးရွာ၊ ပိန်းဆာကျေးရွာနှင့် ဖိုင်ဆားကျေးရွာတို့တွင် ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ည ၈ နာရီ ဝန်းကျင်တွင် မိသားစုတစ်စုတွင် အမျိုးသား(၂)ဦးရှိပါက SSPP/SSA တွင် စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီတစ်ကြိမ်နဲ့ဆို ၄ ကြိမ်မြောက်ပဲ၊ သူတို့က ရွာထဲကနေ မြို့ပေါ်ကို ပြောင်းပြီးလာနေတဲ့သူတွေကိုလိုက်ယူတာ၊ စာရင်းနဲ့လိုက်ယူတာ၊ ယောင်္ကျားလေး နှစ်ယောက်ရှိတဲ့ မိသားစုပေါ့၊ သားတွေ မသွားရင် အဖေက သွားရတာမျိုးတွေလည်း ရှိတယ်” ဟု မိုင်းရှူးဒေသခံတစ်ဦးက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် SSPP/SSA သည် ယခင်က ကျေးရွာများတွင်သာ တပ်သားသစ်စုဆောင်းမှုပြုလုပ်ခဲ့ကြောင်း၊ စစ်မှုမထမ်းလိုသည့် သူများသည် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသည်။

သို့သော် ဧပြီလ နောက်ပိုင်းမှ စတင်ကာ မြို့ပေါ် ရပ်ကွက်ထိ ဝင်ရောက်ပြီး တပ်သားသစ်ကောက်ယူမှု ပြုလုပ်လာကြောင်း သိရသည်။

“အခု သူတို့(SSPP/SSA) လာခေါ်သွားတာ အယောက် ၁၀၀ နီးနီးရှိနေပြီ၊ ရွာကနေ မြို့ပေါ်ကို ပြောင်းလာတဲ့ သူတွေကိုပဲ ခေါ်သွားတယ် ဆိုပေမဲ့ မြို့ပေါ်ထိလာကောက်နေမှတော့ ကျနော်တို့လို မြို့ခံအနေနဲ့လည်း လန့်နေရတယ်” ဟု မိုင်းရှူးမြို့ပေါ်တွင်နေထိုင်သည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ မြို့ပေါ်ရပ်ကွက်များအထိ တပ်သားသစ်ကောက်ယူနေမှုနှင့် ပတ်သက်ပြီး (SSPP/SSA)၏ ပြောရေး ဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းရာ မိုင်းရှူးမြို့ အပြင် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ တခြားသော မြို့ရွာ များကိုလည်း ကောက်ယူမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်၊၊

“တော်လှန်ရေးလုပ်ဖို့၊ ကျနော်တို့သျှမ်းတပ်မတော်ကြီး တည်တံ့ခိုင်မြဲဖို့က ရွာက တောင်သူလယ်သမားတွေနဲ့ပဲ တပ်မတော်ကို ဖွဲ့စည်းဖို့ မဖြစ်နိုင်ဘူးလေ၊ မြို့ပေါရှိတဲ့ လူငယ်တွေ၊ ပညာတတ်တွေ ပါလာဖို့လည်း လိုအပ်တယ်၊ အဲ့ကြောင့် မိုင်းရှူးမြို့မှ မကဘူး၊ တခြား မြို့ရွာတွေကိုလည်း ကျနော်တို့ ပေါ်လစီအတိုင်း ကောက်သွားဖို့ရှိတယ်” ဟု SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

မိုင်းရှူးမြို့နယ် အပြင် ပြီးခဲ့သည့် လပိုင်းအတွင်းမှာလည်း တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ် ကဲ့သို့သော မြို့နယ် များအတွင်း SSPP/SSA မှ တပ်သားသစ် ကောက်ယူစုဆောင်းမှုကြောင့် ကျေးရွာနေ ဒေသခံတချို့က စိုးရိမ် ထိတ်လန့်ခဲ့ရကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...