ကျောက်မဲ ဟူးကွက်ကျေးရွာ ပိတ်ခံထားရ စားသောက်ရန် အခက်အခဲဖြစ်

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် အခြေစိုက်သည့် လက်နက်ကိုင်တပ်ဖွဲ့က ဝင်ထွက်သွားလာခွင့် ပိတ်ပင်ခံထားရသည့်အတွက် စားသောက်ရန် အခက်အခဲများဖြစ်နေကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအနီးတွင် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ပြင်းထန်မှုဖြစ်ပွားခဲ့ပြီး၊ ထိုကျေးရွာ အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ က ရွာအဝင်အထွက် ကန့်သတ်လိုက်ကာ ဒေသခံများ စားနပ်ရိက္ခာ ခက်ခဲနေကြောင်း ဟူးကွက်ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ရွာထဲမှာ ပိတ်မိနေတာ တစ်လကျော်ပြီ၊ အစားအသောက်တွေ ပြတ်ကုန်ပြီ၊ မြို့ထဲကို စစ်ရှောင်လာဖို့ကလည်း မလွယ်ဘူး၊ လမ်းတွေပိတ်ထားတယ်၊ လမ်းက ပန်စလော့ရွာနားမှာ ပိတ်ထားတာ” ဟု ဟူးကွက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟူးကွက်ကျေးရွာတွင် အိမ်ခြေ (၄၀၀)ခန့်၊ လူဦးရေ (၁၅၀၀)ဝန်းကျင်ရှိပြီး ပြီးခဲ့သည့် သြဂုတ်လ (၂၇)ရက်နေ့က ရွာအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်(၄)အိမ် ထိခိုက်ကာ ဒေသခံ (၂)ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး စစ်ရှောင်ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများလည်း ရှိကြောင်း သိရသည်။

“ကျနော်တို့က ရွာမှာ လက်နက်ကြီးကျပြီး မကြာဘူး ထွက်လာခဲ့တာ၊ ကျွန်နော့ အဖိုးအဖွားကို ခေါ်ပြီး ဘေးလွတ်ရာကို ပြေးခဲ့တာပေါ့၊ ရွာကနေ ထွက်ပြေးလာတာ (၅၀) ဝန်းကျင်လောက်တော့ရှိမယ်၊ ကျန်တာက ရွာမှာပဲ၊ အဆက်အသွယ် လုပ်လို့ မရဘူး” ဟု ဟူးကွက်ကျေးရွာမှ စစ်ရှောင်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံ က “အဝင်အထွက် ကန့်သတ်တယ်ဆိုတာက ယာယီပိတ်တာတော့ ဖြစ်နိုင်တယ်၊ တိုက်ပွဲဖြစ်တဲ့ နေရာဆိုတော့ ပိတ်ထားတာပါ၊ ဒေသခံတွေ ဝင်ထွက်သွားလာနေမယ်ဆိုရင် တစ်ခြားတပ်ဖွဲ့တွေနဲ့ မှားနိုင်တယ်၊ တိုက်ပွဲနဲ့ တိုးမှာစိုးလို့ပါ။ အဓိကတော့ ဒေသခံတွေ လုံခြုံပြီး အန္တရာယ်ကင်းဖို့အတွက်ပါ” ဟု ဆိုသည်။

ထိုဒေသတွင် RCSS/SSA တပ်ဖွဲ့အပြင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သည့် SSPP/SSA နှင့် TNLA တပ်တို့လည်း ရှိနေသည့်အတွက် ဒေသခံများ လုံခြုံရေးရှိစေဖို့ ယာယီပိတ်ထားတာဖြစ်ကြောင်း၊ ဖုန်းဆက်သွယ်ခွင့် ကန့်သတ်ထားတာနဲ့ပတ်သက်ပြီး အသေးစိတ်ကို မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့တွေကို ဘယ်မှပေးမသွားပဲ တမင်ပိတ်ထားတာတော့ မဟုတ်ဘူး၊ ဒီချိန်က ဒေသခံတွေ ရှာဖွေစားသောက်ရမယ့် အချိန်ဆိုတာ နားလည်ပါတယ်၊ ဒေသခံတွေကို တမင် အနိုင်ကျင့်လိုတဲ့ရည်ရွယ်ချက်နဲ့ ပိတ်ထားတာမဟုတ်ဘူး၊ ဖုန်းသုံးစွဲခွင့်ပိတ်တာနဲ့ ပတ်သက်ပြီး အသေးစိတ်တော့ မသိရသေးဘူး” ဟု ဗိုလ်မှူး ခမ်းစံ က ပြောသည်။

ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအတွင်း နည်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် ဒေသခံ သံဃာတော်နှင့်ရွာသူရွာသားတို့ စုပေါင်းပြီး ယမန်နေ့ (စက်တင်ဘာလ ၂၁ ရက်)တွင် သဘောထားနှင့် တောင်းဆိုချက်များကို ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲတွင် RCSS/SSA တပ်မှ ကျေးရွာအတွင်း တပ်စွဲထားမှုကို ရုပ်သိမ်းပေးရန်၊ လက်နက်ကိုင်တပ်များ မြေမြုပ်မှိုင်း အသုံးမပြုရန်၊ ကျေးရွာအနီး မိုင်းမြုပ်နှံခြင်းများ မပြုလုပ်ရန်၊ ဝင်ထွက်သွားလာခွင့်နှင့် လက်ကိုင်ဖုန်း အသုံးပြုခြင်း ပိတ်ပင်ထားမှုအား ပြန်လည်ရုပ်သိမ်းပေးရန်နှင့် အခြားတောင်းဆိုချက်များလည်း ပါဝင်ကြောင်း သိရသည်။

ထိုကျေးရွာတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းနင်းမိပြီး ဒေသခံ (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုလူနာများအား ကျောက်မဲဆေးရုံသို့ ပို့ဆောင်ပြီး ရွာသို့ ပြန်လာသည့် ရွာဥက္ကဌလည်း ရွာအဝင်တွင် ပစ်ခတ်ခံရပြီး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...