နှစ်ပေါင်းများစွာ စစ်ဒဏ်ခံနေရတာ သျှမ်းပြည်လူထုရဲ့ ဝဋ်ကြွေးလား

ပိုင်ဆိုင်တဲ့ ကျွဲတွေ၊နွားတွေကို ကိုယ်စီ ဆွဲပြီး၊ ဆာလအိတ်ထုတ်ကို မနိုင်မနင်း လွယ် တဖက်မှာလည်း ကလေးငယ်ရဲ့ လက်ကိုင်ကာ မိုးရေထဲကို မရှောင်ဘဲ စစ်ဒဏ်လွတ်ကင်းရာ သောကတွေအပြည့်နဲ့ ချီတက်နေကြပါတယ်။

တချို့ကတော့ ထော်လဂျီ၊ လေးလုံးထိုးရဲ့ဘီးကို သံကြိုးတွေပတ်ပြီး ရွံ့ပွတ်ထဲ ခက်ခက်ခဲခဲဖြင့် စစ်နဲ့ဝေးရာကို ထွက်ပြေးနေရပါတယ်။

ထို စစ်ဒဏ်ကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ပြေးနေရတဲ့သူတွေကတော့ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်းရှိ ဟိုခဲကျေးရွာကနေ ထွက်ပြေး တိမ်းရှောင်လာကြတဲ့ သူတွေဖြစ်ကြပါတယ်။

“မနေ့က လမ်းမှာ လူတွေ အပြည့်ပဲ။ ကျွဲဆွဲလာတဲ့ လူလည်း ရှိသလို တစ်ချို့လည်း အထုပ်ကိုယ်စီ နဲ့ ကား၊ ထော်လဂျီထဲမှာ လူအပြည့်ပဲ”ဟု အသက် (၃၀)ကျော် စစ်ရှောင် အမျိုးသား တစ်ဦး က ပြောပါတယ်။

လက်နက်ကြီးသံတွေကြောင့် ပြည်သူတွေဟာ ဦးတည်ရာကိုသာထွက်ပြေးနေရတဲ့အတွက် အဝတ်တစုံ ကိုယ်တလုံးနဲ့သာ လွှတ်ရာကို ထွက်ပြေးလာရပါတယ်။

“ ကျမတို့ ဘာမှ မရလာဘူး။ အဝတ်လည်း မရလာဘူး။ ၁လသား ကလေးကလည်းပါတယ်။ ကြောက်ကြောက် နဲ့ အမြန်ထွက်ပြေးလာတာ။ လက်နက်ကြီးသံတွေ သေနတ်သံကြားတာနဲ့ ထွက်ပြေးလာတာ။ မနေ့က ထွက်ပြေးလာချိန် မိုးကလည်းရွာတော့ကျမလည်းနေမကောင်းဘူး” ဟု ပန်ကေတု ကျေးရွာမှ စစ်ရှောင်အမျိုးသမီး ပါ့ကျင် က ငိုယိုပြီး ပြောပါတယ်။

မိုင်းကိုင်မြို့နယ် အတွင်းမှာတော့ စက်တင်ဘာ (၁၄)ရက် မှ စတင်ပြီး သျှမ်းတိုင်းရင်းသား လက်နက်ကိုင် (၂)တပ် တိုက်ပွဲကြောင့် သျှမ်းပြည်သားတွေ စိုးရိမ်ပူပန်သောကတွေ ကြောက်ရွံ့စိတ် တွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မိုင်းကိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တွေဟာ တပူပေါ် နှစ်ပူဆင့် ဆိုသလို စစ်ရှောင်စခန်းအနီး လက်နက်ကြီးပစ်ခတ်သံတွေကြောင့် ထပ်မံထွက်ပြေးနေရပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထော်လဂျီ (လေးလုံးထိုး) တိမ်းမှောက်ခဲ့ကာ အသက်ကြီး (၈၀) ကျော် အမျိုးသမီးအပါအဝင် အမျိုးသမီး (၃) ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

“ တပူပေါ် နှစ်ပူဆင့်ဆိုတာပေါ့။ စစ်ရှောင်စခန်းအနီးသေနတ်သံကြောင့် ထပ်ရှောင်ရတယ်။ စစ်ရှောင်ထော်လဂျီမှောက်ပြီး ပြည်သူတွေ ဒဏ်ရာရခဲ့တယ်။ ဒါတွေဘယ်သူတွေကြည့်ပေးလဲ။ ဘယ်လက်နက်ကိုင်အဖွဲ့က လာကူညီလဲ” ဟု စစ်ရှောင် အမျိုးသားတစ်ဦးက ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တွေရဲ့ သေနတ်သံ ရုတ်တရက်ကြားရမှုကြောင့် ကိုယ်လွှတ်ရုန်း ထွက်ပြေးလာရပြီး၊ စားနပ်ရိက္ခာတွေ အဝတ်အစားတွေ မရခဲ့သဖြင့် အခက်အခဲမျိုးစုံကြုံနေရကြောင်း အသက် (၆၀)ကျော်ရှိ စစ်ရှောင်အမျိုးသမီး ပါ့အီ က စိတ်မကောင်းစွာ ပြောပြလာပါတယ်။

“ သေနတ်သံကြားတာတဲ့ ထွက်ပြေးလာတယ်။ ဘာမှ မရလိုက်ဘူး။ ကလေး နဲ့ အသက်ပဲ ရလိုက်တယ်။ ဒီလို မကြုံဖူးသေးဘူး။ ဒီလောက်ထိ အသက်ရလာပြီ ဒီလိုမကြုံဖူးသေးဘူး” လို့အသက် (၆၀)ကျော် ပါ့အီက ရှိုတ်သံဖြင့် ပြောပါတယ်။

လက်ရှိ စစ်ရှောင်စခန်းမှာ မိုးရာသီဖြစ်တဲ့အတွက် နေရာထိုင်ခင်းတွေ မိုးကာတွေ အခက်အခဲဖြစ်နေပြီး၊ ဆေးဝါးတွေ ကလေး အဝတ်အထည်တွေလည်း လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

“တစ်ချို့ကလည်း အဝတ်တွေမပါလာဘူး။ ကိုယ်မှာ ပါလာတဲ့ အဝတ်အစားတွေပဲ ရှိတယ်။ လူကြီး ကလေးအပါ မိုးတွေလည်း အရမ်းရွာတယ်။ နို့မဖြတ်သေးတဲ့ သူတွေလည်းရှိတယ်။ မိုးကလည်းရွာ ကလေးတွေရဲ့ အဝတ်တွေလည်း မခြောက်ဘူး။ အဲ့လိုတွေ အခက်ခဲတွေဖြစ်တယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ အမျိုးသား တစ်ဦး ကပြောပါတယ်။

သျှမ်းပြည်တဝှမ်းမှာ စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ တစ်နေ့တစ်ခြား အရှိန်အဟုန် ဖြစ်ပွားလာပြီး စစ်ရှောင်တွေ သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သျှမ်းမြောက်ပိုင်းမှာလည်း ကျောက်မဲမြို့နယ် နှင့် သီပေါ မြို့နယ်အတွင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တပ်ပေါင်းစု တို့ရဲ့ တိုက်ပွဲကြောင့် စစ်ရှောင်တွေ ယနေ့ထိ ထွက်ပြေးနေဆဲပါ။

RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တပ်ပေါင်းစု တို့ တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်
အတွင်းတွင် လက်ရှိ ချိန်ထိ စစ်ရှောင် (၂၅၀၀) ကျော် ရှိပြီး နေရပ်သို့ မပြန်နိုင်သေးပေ။

“နှစ်ဖက်တပ် စစ်ရေး တင်းမာမှု ရှိနေသေးတော့ တိုက်ပွဲဖြစ်ပွားမှာ ကြောက်လို့ နေရပ်သို့ မပြန်သေးတာ” ဟု ကျောက်မဲမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ရှောင် ပြည်သူ တစ်ဦး ကပြောသည်။

သီပေါမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားသောကြောင့် စစ်ရှောင်များ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိချိန်မှာတော့ တိုက်ပွဲ ငြိမ်သက်သွားပြီး နေရပ်သို့ ပြန်သွားပေမယ့် စားနပ်ရိက္ခာ အခက်ခဲဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

“အလုပ်ဆင်းရမယ့်အချိန်မှာ စစ်ရှောင်နေရလို့ ခု အိမ်ပြန်ရောက်လာလဲ စားသောက်ဖို့က ခက်ခဲတယ်။ ခြံတွေလဲ မသွားရဲသေးဘူး။ မိုင်းတွေ နင်းမိမှာကြောက်တယ်။ နှစ်ဖက်တပ် စစ်ရေး တင်းမာနေတုန်းပဲ” ဟု သီပေါမြို့နယ် ချောင်းဆုံကျေးရွာ ဒေသခံ တစ်ဦးကပြောသည်။

မိုးရွာသွန်းမှုကြောင့် လမ်းခရီးခက်ခဲပြီး ရွံ့ပွတ်ကြား ထော်လဂျီ ဆွဲရကြောင်း၊ ကိုဗစ်-၁၉ ကူးစက် ရောဂါ ကြောင့် အဖက်ဖက် မှ ဆုတ်ရွံ့နေချိန် မလိုလားအပ်တဲ့ ပြဿနာကြောင့် ပြည်သူတွေဟာ ဆင်းရဲသထက် ဆင်းရဲတွင်းထဲရောက်နေရကြောင်း လည်း စစ်ရှောင်ကူညီပေးနေတဲ့ သီပေါ ဒေသခံ တစ်ဦး ကဆိုပါတယ်။

“အချိန်အခါ မဟုတ် မိုးရွာသွန်းမှုကြောင့် ရွံ့ပွက်တွေကြားထဲမှာ ထော်လဂျီ ဆွဲပြီးထွက်ပြေးရတယ်။ မလိုလားအပ်တဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ဆင်းရဲ သထက် ဆင်းရဲတွင်းထဲကို ရောက်နေတဲ့ ကြားထဲကနေ ပိုပြီး ဒုက္ခရောက် အောင် မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်” လို့ စစ်ရှောင်များကို ကူညီပေးနေသည့် သီပေါဒေသခံ တစ်ဦး ကပြောပါတယ်။

ယနေ့ (စက်တင်ဘာ ၂၁)ရက် နေ့ဟာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်ပေမယ့် သျှမ်းပြည်ရဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းရေး အနှစ်သာရကို မသိရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား စစ်ပြေးနေရတဲ့ နှစ်စဉ်နဲ့ အမျှပါပဲ။

ငြိမ်းချမ်းရေးနေ့ ဆိုတာ သျှမ်းပြည်သူတွေ အတွက် တကြိမ်တခါမျှ မခံစားရဘဲ ငြိမ်းချမ်းရေးနေ့မှာ စစ်ဘေးရှောင်နေရတဲ့ဘဝ ကို မလိုလားကြောင်း၊ တိုင်းရင်းသားအချင်းချင်းတိုက်နေတဲ့ တိုက်ပွဲလည်း အမြန်ချုပ်ငြိမ်းစေလိုကြောင်း သျှမ်းပြည် စစ်ရှောင်တွေက ပြောဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲကြောင့် ပြည်သူများအပေါ် မေတ္တာစိတ်ထားပြီး ချင်းချင်း အမြန်ဆုံး ဖြေရှင်းပေးကြရန် ပြည်သူများက တောင်းဆိုပါတယ်။

“ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ် အမြန်ဆုံး ဖြေရှင်းပေးဖို့ပဲ။ ထိတ်တိုက်ရင်ဆိုင်ပြီးတော့ ပြည်သူအတွက် အကောင်းဆုံး ဖြစ်အောင် ဆွေးနွေးပေးဖို့ မျှော်လင့်တယ်။ ဆွေးနွေးဖြစ်အောင်လည်း ဆွေးနွေးကြပါ။ ပြည်သူအပေါ် ကိုယ်စားချင်းစိတ်လေးတွေနဲ့ စေတနာ မေတ္တာထားပြီး ကြည့်ရှုစောင့်ရှောက်ကြပါ။” လို့ သီပေါမြို့ မှ နန်းမွမ်းမွမ်းပေါင်း က ပြောပါတယ်။

လက်ရှိချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ တင်းမာနေကြောင်း၊ နှစ်ဖက် တပ်အင်အားလည်း ဖြည့်တင်းနေဆဲ ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က ပြောပါတယ်။

“ခုလက်ရှိ စစ်ရေး တင်းမာနေတုန်းပဲ။ မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ ဒီနေ့လည်း ဖြစ်နေတုန်းပဲ။ မငြိမ်သေးပါဘူး။ တိုက်ပွဲသဘောဝက တိုက်ပြင်းထန်ရင် ချက်ချင်းနောက်ဆုတ်လို့မရဘူး။ အဲ့ကြောင့် စစ်အင်အားတွေ ဖြည့်တင်းတယ်။ စစ်ရေးတင်းမာပြီးမှ နောက်ပိုင်းမှာ ဖြေလျော့မှု ဖြစ်လာမယ်။ အဲ့ဒါက တိုက်ပွဲရဲ့ သဘာဝပဲ” လို့ ဗိုလ်မှူး ခမ်းစံ က ဆိုပါတယ်။

စစ်ပွဲတွေကို အမြန်ဆုံး ရပ်တန့်ပေးပြီး အချင်းချင်းညှိနှိုင်းကာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကို မေတ္တာရပ်ခံချင်ကြောင်း စစ်ရှောင်ပြည်သူတွေ က တောင်းဆိုလိုက်ပါတယ်။

စိုက်ပျိုးရေးရာသီဖြစ်တဲ့အလျောက် လယ်ယာစိုက်ခင်းကို စွန့်လွှတ်ပြီး ကိုယ်လွှတ်ရုန်း ထွက်ပြေးလာရတဲ့ စစ်ရှောင်၊ သျှမ်းပြည်သားအချင်းချင်းကို ငဲ့ညာခြင်းအားဖြင့် တိုက်ပွဲရပ်တန့်စေချင်ပြီး နေရပ်ပြန်ချင် စိုက်ပျိုးရေး လုပ်ချင်ကြောင်း စစ်ရှောင် အမျိုးသမီး က ဝမ်းနည်းစိတ်ဖြင့် ပြောပါတယ်။

“ ဒီလိုအခြေအနေရောက်လာမယ်လို တခါမှ မထင်ခဲ့ဘူး။ အခုတော့ မြေပဲပင်တောင်မနုတ်ရသေးဘူး။ အိမ်ပြန်ဖို့အတွက်ပဲ မျှော်လင့်တယ်” အသက် (၂၇)နှစ် ဝန်းကျင်ရှိ အမျိုးသမီး က ပြောပါတယ်။

စစ်ရှောင်တွေကတော့ မိုးသည်းထန်ရွာသွန်းတဲ့ကြားက ကျွဲတွေ၊ ကလေးတွေကို ဆွဲကာ စစ်ဘေးလွှတ်ရာသို့ ဦးတည်ပြီး ဆက်လက် တိမ်းရှောင်နေရတဲ့ အခြေအနေရောက်နေပြီး ငြိမ်းချမ်းရေးနေ့ တိုင်း ဟာ သျှမ်းပြည်သူတွေ အတွက် မသက်ဆိုင်တဲ့နေရက်တွေပါပဲ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူသတ္တုတွင်း ဝန်ထမ်းအိမ်ရာများကို TNLA ကဖယ်ရှားခိုင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်ရှိ သတ္တုတွင်း ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖယ်ရှားရန် ညွှန်ကြားထားသောကြောင့် နှစ်ရှည်လများ အခြေချနေထိုင်လာသည့် အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄) ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများကို TNLA အုပ်ချုပ်ရေးအဖွဲ့က...

နမ့်ခမ်းမြို့အနီးထိ MNDAA ဒရုန်းဗုံးကျရောက်

0
သျှမ်းပြည် နမ့်ခမ်းမြို့အနီးထိ ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်ခတ်သည့် ဒရုန်းဗုံးများ ကျရောက်နေခြင်းကြောင့် မြို့ပေါ်ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း ဝန်ထမ်းများကို TNLA ဘက်မှ တိမ်းရှောင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက် ၆ နာရီခွဲကျော်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...