Tuesday, January 27, 2026

မူဆယ်မြို့နယ် စိန်ကျော့ပြည်သူ့စစ်စခန်း မီးရှို့ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု မိုင်းမိုင်စခန်း (စိန်ကျော့ပြည်သူ့စစ်စခန်း) မီးရှို့ခံရကြောင်းစုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာ (၉ ) ရက် မနက် ၈ နာရီခန့်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ က လာရောက် မီးရှို့ကြောင်း စုံစမ်းသိရှိရသည်။

“ခုလက်ရှိချိန်ထိ ရှို့နေတုန်းပဲ။ ဘယ်သူမှ အနီးမသွားရဘူး။ ဘယ်သူလဲဆိုတာတော့ ကျနော်တို့တော့ မပြောရဲဘူး။ အဲ့အနီးနားနေတဲ့ သူတွေတော့ TNLA စစ်သားတွေကိုမြင်တယ်လို့ပြောတယ်” ဟု စယ်လန့်ဒေသခံ တစ်ဦး သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုတပ်စခန်းအတွင်း စစ်ကောင်စီ နှင့် ပြည်သူ့စစ်များ အတူနေထိုင်ပြီး လက်ရှိ သတင်းရေးသားနေသည့်အချိန်ထိ စခန်းများ ရှို့နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

“တစ်ပတ်လောက်ရှိပြီ အဲ့ဘက်က တောင်ယာတွေ မသွားရတာ။ TNLA က မပေးတက်သွားဘူး” ဟု စယ်လန့်ဒေသခံ တစ်ဦး က ပြောသည်။

အဆိုပါ မီးရှို့သည့် ကိစ္စနှင့် ပတသက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော် က “ ကျနော်တို့လဲ မေးကြည့်နေတုန်းပဲ။ ဘယ်အဖွဲ့ဆိုတာတော့ မသိရသေးဘူး။ ကျနော်တို့ အဖွဲ့ကို မေးကြည့်တော့ ဒီနေ့ မနက်မှာ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ကျနော်တို့ လှုပ်ရှားနယ်မြေအတွင်းတော့ ဖြစ်တာပေါ့နော်။ အရင်ကတည်းက ကျနော်တို့ လှုပ်ရှားမှု ရှိပါတယ်” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်သည် ၁၉၈၉ ခုနှစ်က စစ်တပ် နှင့် အပစ်ရပ်ငြိမ်းချမ်းရေးယူထားသည့် သျှမ်းလက်နက်ကိုင်တပ်တစ်ခု၏ ဥကဋ္ဌ ဗိုလ်ချုပ်လွယ်မော ဆိုသူဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် တပ်မဟာ သုံးခု ဦးဆောင်ပြီး စစ်အစိုးရလက်အောက်ခံ ပြည်သူ့စစ်တပ်အဖြစ် အသွင်ပြောင်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...

သီပေါမြို့နယ် စိန်ကျော့ပြည်သူ့စစ်ဌာနချုပ်ကို MNDAA ထိန်းချုပ်၊ ပန်ဆိုင်း SSPP နှင့် MNDAA မြေပြင်ထိတွေ့မှုရှိ

0
သျှမ်းပြည် သီပေါမြို့နယ်ရှိ စိန်ကျော့ဌာနေ ပြည်သူ့စစ် ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် စိန်ကျော့ပြည်သူ့စစ်အားလုံး တပ်ဆုတ်ခွာပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် ဆင်ကျော့ကျေးရွာအုပ်စုရှိ စိန်ကျော့ဌာနေပြည်သူ့စစ် ဌာနချုပ် အနီးတဝိုက်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ...

SSPP ထံ စိန်ကျော့နှင့် မိုင်းခေးဌာနေပြည်သူ့စစ် လက်နက်အပြည့်အစုံဖြင့် ပြန်လည်ဝင်ရောက်လာ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံသို့ စိန်ကျော့ပြည်သူ့စစ် ဉက္ကဋ္ဌ စဝ်လွယ်မောဝ် ခေါင်းဆောင်သည့် တပ်အင်အား အများအပြားသည် လက်နက်အပြည့်အစုံဖြင့် ပြန်လည်ပူးပေါင်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၅ ရက်) နံနက်ပိုင်းတွင် SSPP ဌာနချုပ် ဝမ်ဟိုင်းသို့ စိန်ကျော့ပြည်သူ့စစ်အဖွဲ့မှ ဥက္ကဋ္ဌ စဝ်လွယ်မောဝ် ဦးဆောင်ပြီး...

KIA လက်အောက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို MNDAA မှ ဖျက်ဆီး

0
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက် ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ ( MNDAA) မှ ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ် မုံးပေါ်ဒေသရှိ ကျေးရွာများတွင် စိုက်ထူးထားသော မူးယစ်တိုက်ဖျက်ရေး (Pat Jasan) အဖွဲ့များ၏ သတိပေးကြေညာချက် ဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ယမန်နေ့...

မူဆယ် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများ ဝင်ရောက်စီးနင်းခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မူဆယ်မြို့ရှိ ဆင်ဖြူအိမ်ရာနှင့် စွမ်စော်ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီတပ်က အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မူဆယ်ဒေသခံများက...