သျှမ်းပြည်တောင်ပိုင်း ကလောမြို့အဝင်တွင်ရှိသည့် ထင်ရှုးတောမှ ထင်ရှူးပင်များကို အဖွဲ့အစည်း တစ်ခုက စီးပွားဖြစ် ခုတ်aရာင်းချခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံ ပြည်သူများက ဝေဖန်ချက်အမျိုးမျိုးပြောဆိုနေကြသည်။

ကလောမြို့အဝင် ရေယားမှာ ရှိနေသည့် ထင်ရှူးပင် အများအပြားကို အဖွဲ့အစည်းတစ်ခုက လာရောက်ခုတ် လှဲ ထုတ်ယူခြင်းများပြုလုပ်နေသော်လည်း သစ်တောတာဝန်ရှိသူများက အရေးယူခြင်းများ မရှိသည့် အပြင် ၎င်းတို့ လုပ်ရပ်ကို ကန့်ကွက်တားမြစ်မှုများလည်း မရှိကြောင်း ကလောမြို့ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သူတို့အဖွဲ့က အင်အားများတယ်၊ ထင်ရှူးကို လာခုတ်တဲ့ချိန်ကလည်းက ညအချိန်သန်းခေါင်ယံနီးပါး လောက်လာကြတာ၊ ပြီးတော့ သူတို့မှာ ဓါးရှည်ရော၊ တူမီးသေနတ်ရောပါကြတယ်၊ သူတို့လာပြီဆိုရင် သစ်တင်ကားနဲ့ လွှစက်တွေနဲ့ အင်အားကလည်း များတော့ တွေ့မြင်တဲ့သူလည်းရှိနေလည်း မြို့ခံတွေက သူတို့ကို သွားပြီးမပြောရဲဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ထို့အပြင် အဆိုပါ ထင်ရှူးတောအနီးရှိ ကလော်မြို့နေ ထောပတ်ခြံ ပိုင်ရှင်ကလည်း အဆိုပါ သစ်လာ ခုတ်လှဲသူများတွင် တူမီးသေနတ်နှင့် ဓားရှည်များ အပြင် အခြားသော လက်နက်များလည်း ပါရှိသည့် အတွက် ပြောဆို၍ မရနိုင်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထင်းရှူးပင်များသည် ကလောမြို့၏ အထိမ်းအမှတ်တစ်ခု ဖြစ်နေသဖြင့် အဖွဲ့အစည်း တစ်ခုမှ ယင်းကဲ့သို့ လာရောက်ခုတ်လှဲ ထုတ်ယူခြင်းများကို သစ်တောဌာနမှ ထိထိရောက်ရောက် အရေးယူတားမြစ်သင့်ကြောင်း လည်း ကလောမြို့နေ မချယ်ရီက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ ထင်းရှူးများကို လာခုတ်ခြင်းနှင့်ပတ်သက်ပြီး သစ်တောဦးစီးဌာန အနေဖြင့် ထိရောက်စွာအရေးယူသင့်ကြောင်း၊ ထင်းရှူးသည် ကလောမြို့ရဲ့ အမှတ်အသားဖြစ်ကြောင်း မချယ်ရီ ကဆိုသည်။

“သစ်တောဌာနက ထိထိရောက်ရောက်အရေးယူသင့်တယ်လို့ မြင်တယ်။ ထင်းရှူးဆိုတာ ကလောရဲ့ အထိမ်းအမှတ်အပင်လေ၊ ကလောရဲ့ပြယုတ်တခုပဲလေ၊ ထင်းရှူးမြို့တော်ဆိုတဲ့ အမည်ပျောက်ကွယ် သွားမှာစိုးတယ်၊ သစ်တောဌာနက အရမ်းပေါ့လျော့လွန်းတယ် ” ဟု မချယ်ရီက ပြောသည်။
ကလောမြို့သည် ထင်ရှူးမြို့တော်ဟု နာမည်တင်စားခေါ်ဝေါ်ကြသည့်နည်းတူ ထင်ရှူးပင် ပြဿနာများ နှစ်စဉ်နှစ်တိုင်းရှိကြသော်လည်း ယခုဖြစ်စဉ်ကဲ့သို့ စက်ပစ္စည်း အပြည့် အစုံနှင့် လက်နက်များ ကိုင်ဆောင် သည့် အဖွဲ့အစည်းများမရှိဖူးကြောင်းနှင့် ယခု အဖွဲ့အစည်းများသည် စစ်တပ်အနွယ်တော်များ ဖြစ်သည့်အတွက် ပြည်သူများမှ မတားမြစ်နိုင်ကြောင်းလည်း ဒေသခံများက ပြောသည်။











Leave a Comments