Tuesday, January 27, 2026

ဟိုပုံး ကိုရင်လေး ဈာပနာ ကို ချက်ချင်းမပြုလုပ်သည့်အတွက် ကိုဗစ်ဆက်လက်ပြန့်ပွားမည်ကို စိုးရိမ်နေကြ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးဟိုရင်လေး ကိုဗစ်-၁၉ ရောဂါဖြင့် ပျံလွန်တော်မူသွားသော်လည်း ဈာပနာ အခမ်းအနား ကို ချက်ချင်း မပြုလုပ်သဖြင့် ဒေသခံ လူထုများ ကိုဗစ် ပြန့်ပွားလာမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ (၁) ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ် အချိန်မှာ ကိုဗစ်-၁၉ ရောဂါဖြင့် ပျံလွန်တော်မူသော ဟိုပုံး ကိုရင်လေးကို ညတွင်းချင်း သဂြိုလ်ရန် စီစဉ်ထားသော်လည်း ဒကာများကြား ညှိနှိုင်းသဘောတူညီမှု မရရှိကြောင်း စုံစမ်းသိရှိရသည်။

“ဒီလောက် ကိုဗစ် ဖြစ်နေတာ ဒီနေ့ ကား (၅) စီးလောက် ဟိုပုံးဘက် တက်သွားတာ ကားထဲလူ အပြည့်ပဲ။ တကယ်ကူးလာရင် ဆီဆိုင်မြို့နယ်အတွက် မတွေးဝံ့စရာပဲ” ဟု ဘန်းယဉ် ဒေသခံ တစ်ဦးကပြောသည်။

ကိုရင်လေးကို စက်တင်ဘာ (၅) ရက်နေ့ ဝါခေါင်လကွယ်အထိ ဆက်လက် ထားရှိမည်ဟု သတင်းများ ထွက်ပေါ်လာပေမယ့် ယနေ့ သြဂုတ် (၂) ရက်နေ့လည် (၃) နာရီမှာ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

“ကိုဗစ် ကူးမှာ စိုးရိမ်ရတယ်။ မြို့ထဲလာရင် မြို့ခံ လူထုက စိုးရိမ်နေတယ်။ အဲ့ပတ်ဝန်းကျင်က ကျေးလက်လူထုက ဘာကာကွယ်မှုလည်း မလုပ်ထားတော့ မြို့ထဲသွားလာနေရင် နှာခေါင်းစည်းလည်းမတပ်ကြဘူး။ ပိုးက ပျံ့မှာကို စိုးရိမ်ရတယ်။ သူ့နားနေတဲ့သူတွေလည်း နှာခေါင်းစည်း မတပ်ကြဘူး။ လက်အိတ်တွေလည်း မဝတ်ကြဘူး။ သူ့ကျောင်းကိုတော့ လော့ဒေါင်းလုပ်ထားတယ် အပြင်လူတွေ မလာအောင် သူ့တပ် နဲ့ သူလူတွေတော့ ဝင်ထွက်နေတယ်” ဟု ဟိုပုံးဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဟိုပုံးကိုရင်လေး နှင့် ဟိုတိကျေးရွာကို ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက Local semi-lockdown သတ်မှတ်ထားကြောင်း စုံစမ်းသိရှိရသည်။

“သက်ဆိုင်အာဏာပိုင်တွေနဲ့ တိုင်းမှူးတွေ စီမံခန့်ခွဲရေးကောင်စီအဖွဲ့ဝင်အားလုံး စီမံခန့်ခွဲတာပေါ့နော်။ သူတို့ ဒကာတွေနဲ့ ညှိနှိုင်းပြီးတော့ သူတို့ ဆုံးဖြတ်တယ်။ အသေးစိတ်ကိုတော့ ကျနော် မသိဘူးခင်ဗျာ။ ဒေသဦးစီး နဲ့ သျှမ်းပြည်အစိုးရအဖွဲ့ဝင် မေးရင်တော့ ပိုပြီး တိကျမှာပေါ့နော်။ ကျနော်တို့ PNO ထုတ်ပြန်ထားတဲ့အတိုင်း ပျံလွန်တော်မူတာ မှန်ပါတယ်ခင်ဗျာ” ဟု PNO ပြောရေးဆိုခွင့်ရှိသူ ခွန်ကျော်ဝင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကိုရင်လေး ပျံတော်မူသွားသည်မှာ သက်တော် (၄၈) နှစ်ရှိပြီး အသက် (၆) နှစ်မှ စတင်ပြီး သာသနာ့ဘောင်သို့ ဝင်ရောက်လာခဲ့ပြီး လက်သန်းကို ဖြတ်လှူထားပြီး ကိုရင်လေး စတင်ဝတ်ခဲ့ကြောင်းသိရသည်။

ဟိုပုံး ကိုရင်လေး ဈာပန အခမ်းအနားကို ချက်ချင်းမပြုလုပ်သည့်အတွက် ကိုဗစ်ဆက်လက်ပြန့်ပွားမည်ကို စိုးရိမ်နေကြ

သျှမ်းသံတော်ဆင့်
စက်တင်ဘာ (၂) ရက် ၂၀၂၁

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးဟိုရင်လေး ကိုဗစ်-၁၉ ရောဂါဖြင့် ပျံလွန်တော်မူသွားသော်လည်း ဈာပန အခမ်းအနား ကို ချက်ချင်း မပြုလုပ်သဖြင့် ဒေသခံ လူထုများ ကိုဗစ် ပြန့်ပွားလာမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ (၁) ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ် အချိန်မှာ ကိုဗစ်-၁၉ ရောဂါဖြင့် ပျံလွန်တော်မူသော ဟိုပုံး ကိုရင်လေးကို ညတွင်းချင်း သဂြိုလ်ရန် စီစဉ်ထားသော်လည်း ဒကာများကြား ညှိနှိုင်းသဘောတူညီမှု မရရှိကြောင်း စုံစမ်းသိရှိရသည်။

“ဒီလောက် ကိုဗစ် ဖြစ်နေတာ ဒီနေ့ ကား (၅) စီးလောက် ဟိုပုံးဘက် တက်သွားတာ ကားထဲလူ အပြည့်ပဲ။ တကယ်ကူးလာရင် ဆီဆိုင်မြို့နယ်အတွက် မတွေးဝံ့စရာပဲ” ဟု ဘန်းယဉ် ဒေသခံ တစ်ဦးကပြောသည်။

ကိုရင်လေးကို စက်တင်ဘာ (၅) ရက်နေ့ ဝါခေါင်လကွယ်အထိ ဆက်လက် ထားရှိမည်ဟု သတင်းများ ထွက်ပေါ်လာပေမယ့် ယနေ့ သြဂုတ် (၂) ရက်နေ့လည် (၃) နာရီမှာ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

“ကိုဗစ် ကူးမှာ စိုးရိမ်ရတယ်။ မြို့ထဲလာရင် မြို့ခံ လူထုက စိုးရိမ်နေတယ်။ အဲ့ပတ်ဝန်းကျင်က ကျေးလက်လူထုက ဘာကာကွယ်မှုလည်း မလုပ်ထားတော့ မြို့ထဲသွားလာနေရင် နှာခေါင်းစည်းလည်းမတပ်ကြဘူး။ ပိုးက ပျံ့မှာကို စိုးရိမ်ရတယ်။ သူ့နားနေတဲ့သူတွေလည်း နှာခေါင်းစည်း မတပ်ကြဘူး။ လက်အိတ်တွေလည်း မဝတ်ကြဘူး။ သူ့ကျောင်းကိုတော့ လော့ဒေါင်းလုပ်ထားတယ် အပြင်လူတွေ မလာအောင် သူ့တပ် နဲ့ သူလူတွေတော့ ဝင်ထွက်နေတယ်” ဟု ဟိုပုံးဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဟိုပုံးကိုရင်လေး နှင့် ဟိုတိကျေးရွာကို ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက Local semi-lockdown သတ်မှတ်ထားကြောင်း စုံစမ်းသိရှိရသည်။

“သက်ဆိုင်အာဏာပိုင်တွေနဲ့ တိုင်းမှူးတွေ စီမံခန့်ခွဲရေးကောင်စီအဖွဲ့ဝင်အားလုံး စီမံခန့်ခွဲတာပေါ့နော်။ သူတို့ ဒကာတွေနဲ့ ညှိနှိုင်းပြီးတော့ သူတို့ ဆုံးဖြတ်တယ်။ အသေးစိတ်ကိုတော့ ကျနော် မသိဘူးခင်ဗျာ။ ဒေသဦးစီး နဲ့ သျှမ်းပြည်အစိုးရအဖွဲ့ဝင် မေးရင်တော့ ပိုပြီး တိကျမှာပေါ့နော်။ ကျနော်တို့ PNO ထုတ်ပြန်ထားတဲ့အတိုင်း ပျံလွန်တော်မူတာ မှန်ပါတယ်ခင်ဗျာ” ဟု PNO ပြောရေးဆိုခွင့်ရှိသူ ခွန်ကျော်ဝင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကိုရင်လေး ပျံတော်မူသွားသည်မှာ သက်တော် (၄၈) နှစ်ရှိပြီး အသက် (၆) နှစ်မှ စတင်ပြီး သာသနာ့ဘောင်သို့ ဝင်ရောက်လာခဲ့ပြီး လက်သန်းကို ဖြတ်လှူထားပြီး ကိုရင်လေး စတင်ဝတ်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် မိုင်းကျက်မှ ရှင်သာမဏေတစ်ပါး မြေမြှုပ်မိုင်းဆော့ကစားရင်း ပေါက်ကွဲပြီး သေဆုံး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာမှ ကိုရင်လေးတစ်ပါးသည် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းဆော့ကစားရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂ ရက်) နံနက် ၆ နာရီခွဲခန့်တွင် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ အသက် (၁၄)နှစ်အရွယ်ရှိ ရှင်ကုမာရ သည် အုတ်ခဲသွားသယ်နေစဉ် မပေါက်ကွဲသေးသည့်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

လားရှိုးမြို့နယ် ညိုမဲအောင် ရိုက်နှက်ခံရသည့် ကိုရင်လေး ကျပ်ငွေ ၁ သိန်းခွဲကျော်ဖြင့် ကျေအေးလိုက်ရ

0
သျှမ်းပြည် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာ ဝေဠုဝန်ကျောင်းတိုက်တွင် ညှိမဲအောင် ရိုက်နှက်ခံရသော အသက် (၉) နှစ်အရွယ် ကိုရင်လေးသည် ကျပ်ငွေ ၁ သိန်းခွဲကျော်ဖြင့် ကျေအေးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ . ပြီးခဲ့သည့် ဩဂုတ် ၈ ရက်တွင် အသက် (၉) နှစ်အရွယ် ကိုရင်လေးသည် စာမရသဖြင့် ကျောင်းထိုင်...

လားရှိုးမြို့နယ် ကျောင်းထိုင်ဆရာတော်မှ ကိုရင်လေးတစ်ပါး ညိုမဲရိုက်နှက်

0
သျှမ်းပြည် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာရှိ ဝေဠုဝန်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်ထားသည့် ကိုရင်လေးတစ်ပါး က စာမရသည်ဟု ပြောဆိုပြီး ဆရာတော်က ညိုမဲအောင် ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ . ပြီးခဲ့သည့် သြဂုတ်လ (၈) ရက်က အသက် (၉) နှစ်အရွယ် ကိုရင်လေး တစ်ပါး က စာမရသည်ဟု ပြောဆိုပြီး...

ကိုရင်လေးကို ရိုက်ခဲ့သည့် ဆရာတော် ခံဝန်လက်မှတ်ထိုးခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နယ် တာပုံကျေးရွာ ဘုန်းကြီးကျောင်းတွင် စာချဆရာတော်က ကိုရင်လေးအပေါ် ရိုက်နှက်ခဲ့သည်ကို အပြစ်ပေး အရေးယူမှု မရှိဘဲ ခံဝန်လက်မှတ်သာ ထိုးခိုင်းကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၄ ရက်တွင် တာပုံဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော် ၊ စာချဆရာတော် ၊ ကိုရင်လေး မိဘ နှင့်...