သျှမ်းပြည်မြို့ကြီးအချို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွင် တပ်ချထားသည့် စစ်ကောင်စီတပ်များပြန်ရုတ်သိမ်း

သျှမ်းပြည်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းတချို့တွင် ကင်းစောင့်ချထား သည့် စစ်ကောင်စီ တပ်သားများကို ပြန်လည် ရုတ်သိမ်းသွားကြောင်း စုံစမ်းသိရှိရသည်။

Photo Credit to Owner -စာသင်ကျောင်းအတွင်း ၀င်ရောက်လုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ်သားများ

စက်တင်ဘာလ ၁ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်တွင် တာချီလိတ်မြို့ အခြေခံပညာကျောင်းများတွင် ဝင်ရောက်တပ်ချထားသည့် စစ်ကောင်စီတပ်များ မိခင်တပ်ရင်းသို့ တပ်နှုတ်ပြန်နေကြကြောင်း၊ တောင်ကြီးမြို့တော် တွင်လည်းထို့နည်းတူ တပ်နှုတ်ပြန်မှုရှိကြောင်း၊ စောင့်ကြည့်လေ့လာသူများပြောပြ ချက်အရ စစ်ရေးပဋိပက္ခဖြစ်နေသည့်ဒေသများသို့ ရှေ့တန်းထွက်ရန်ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။  

“တာချီလိတ် အထက ကျောင်းမှာ ဒီနေ့ မနက်မှာတော့ သူတို့ အချင်းချင်း ရှေ့တန်းထွက်ရတော့မယ်ဆိုပြီး တော့ ပြောနေကြတယ်၊ လက်ဖက်ရည်လာလာ သောက် တတ်တဲ့ စစ်သားတစ်ဦးကလည်း ရှေ့တန်းမှာ အင်အားမရှိတော့လို့ ရှေ့တန်းထွက်ရတော့မယ်လို့ ပြောနေတာ မိခင်တပ်က ပြန်ခေါ်တာလို့ပြောတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ကိုဗစ်ကပ်ရောဂါ ပြန့်နှံ့နေသည့်ကြားမှ စစ်ကောင်စီက အတင်းဖွင့်လှစ်ခဲ့သည့် တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်း တစ်ကျောင်းလျှင် တပ်သား ၅ ယောက်မှ ၇ ယောက်ထိ ထားရှိပြီး လက်ရှိမှာတော့ ရှေ့တန်းသို့ပို့ရန်ဟုဆိုကာ အဆိုပါ တပ်သားများကို ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့မှာလည်း စာသင်ကျောင်းများနှင့် တချို့သော အစိုးရဌာများ တွင် ကင်းစောင့်တာဝန်ကျသည့် စစ်ကောင်စီတပ်သားများလည်း တပ်ထဲ ပြန်သွားကြရကြောင်း သတင်းသိ ရပါသည်။

“တောင်ကြီးမှာက ဒီသြဂုတ်လ နောက်ဆုံးပတ်ထဲကနေစ စစ်သားတွေ စောင့်လေ့စောင့်ထရှိတဲ့နေရာတွေမှာ မစောင့်တော့သူးဗျ၊ ကြားရတာကနေ တပ်ထဲပြန်သွားပြီး လွိုင်လင်လေးဖက် သွားကြရတယ်ပြောနေတယ်၊ အခု မြို့ထဲမှာ ကျောင်းဆိုရင် အထက (၇) နဲ့ ဘဏ်တွေမှာပဲ အစောင့်ထားတာ တွေ့ရတယ်” ဟု တောင်ကြီးမြို့ခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သျှမ်းပြည် နှင့် ကယားပြည် နယ်စပ်ရှိ ကျေးရွာများ ဖြစ်ကြသည့် လွိုင်လင်လေးကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတို့ဖက်မှ အကျအရှုံးများနေသဖြင့် စစ်ကူပို့ဆောင်ပေးရန်အတွက် ကင်းစောင့်တပ်သားများကို ပြန်ခေါ် ခြင်းဖြစ်နိုင် ကြောင်းလည်း ဒေသခံ ပြည်သူများက သုံးသပ်ကြပါသည်။

ထို့နည်းတူစွာ လားရှိုးမြို့ရှိ အခြေခံ ပညာ စာသင်ကျောင်းနှင့် ဌာနဆိုင်ရာ ရုံးဝင်းများတွင် ချထားသည့် အစောင့် တပ်သားများ တချို့ကိုလည်း အခြေခံ ပညာစာသင်ကျောင်းများကို တရားဝင်ပိတ်ပင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာပြီးနောက်တစ်ပတ်ခန့် အကြာတွင် ရုတ်သိမ်းသွားကြောင်း သတင်းသိ ရှိရသည်။

အာဏာသိမ်း စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ဇွန်လအတွင်း ကိုဗစ် – ၁၉ တတိယလှိုင်း ကူးစက်မှုနှုန်း မြင့်မားနေသည့် ကြားကပင် စာသင်ကျောင်းများ ဖွင့်လှစ်စေကာ စာသင်ကျောင်းအတွင်း အစောင့်တပ်သား ချထားခြင်း၊ သဲအိတ်ဘန်ကာများ ကာရံခြင်းတို့ ဆောင်ရွက်ခဲ့သည်။

သို့သော် စာသင်ကျောင်းများ ဖွင့်လှစ်ပြီး လဝက်ခန့် အကြာ ကိုဗစ် – ၁၉ ရောဂါ ကူးစက်နှုန်းမြင့်မား၊ သေဆုံးမှုမြင့်တက်လာသောကြောင့် စာသင်ကျောင်းများကို ပြန်ပိတ်ခဲ့သည်မှာ ယခုအထိပင်ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့နယ်ရှိ စာသင်ကျောင်းများတွင် “အချိန်ပိုကြေး” အမည်ဖြင့် ငွေကြေးကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင် ကျောင်းသား/သူ များကို “အချိန်ပို” ဟုခေါ်ဆိုကာ တစ်ဦးလျှင် ငွေကျပ် ၁ သောင်းခွဲပေးဆောင်ရကြောင်း စုံစမ်းသိရပါသည်။ ယခု  ၂၀၂၆ - ၂၇ ပညာသင်နှစ် မိုင်းရှူးမြို့နယ် နားစံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း နှင့် ဖာယကျေးရွာ အခြေခံပညာ...

မိုးဗြဲမြို့ နေရပ်ပြန်ပြည်သူများ စစ်တပ် သတ်မှတ်ပေးသည့် ဘုန်ကြီးကျောင်းအတွင်း နေထိုင်ရ

0
သျှမ်းပြည် မိုးဗြဲမြို့သို့ နေရပ်ပြန်‌သည့် ဒေသခံများကို စစ်ကောင်စီ သတ်မှတ်ပေးထားသည့် ဘုန်ကြီးကျောင်းအတွင်းသာ နေထိုင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် နေရပ်ပြန်သည့် ဒေသခံအချို့ကိုရပ်ကွက်အတွင်းတွင်နေထိုင်ခွင့်မပြုဘဲ စစ်ကော်မရှင် သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းအတွင်းသာ နေထိုင်စေပြီး အပြင်ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်ထားကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...