Wednesday, January 28, 2026

၂၁ ရာစုပင်လုံညီလာခံကာလ သျှမ်းဒေသခံအပေါ် တပ်မတော်မှ ဆက်တိုက်လူ့အခွင့်အရေးချိုးဖောက်နေသည်ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်

၂၁ ရာစု တတိယအကြိမ်ပင်လုံညီလာခံသည် နိုင်ငံတကာအား ငြိမ်းချမ်းရေးဖော်ဆောင်မှုပြုနေ သည်ဟုပြသ နေပြီး တိုင်းရင်းသားဒေသတွင်မူ လူ့အခွင့်အရေးချိုးဖောက်မှု တပ်မတော်ကပြုလုပ်နေသည် ဟု သျှမ်းလူ့အခွင့် အရေးမဏ္ဍိုင်က ပြောဆိုလိုက်သည်။

သျှမ်းလူ့အခွင့် အရေးမဏ္ဍိုင်၏အစီရင်ခံစာတွင်ဖော်ပြထားသော ရိုက်နှက်ခံရသည့် ရွာသူကြီး လုံးသောင်း၏ပုံ

သျှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း မြန်မာ့ တပ်မတော် နှင့် ပြည်သူ့စစ် တပ်ဖွဲ့ ပူးပေါင်းအဖွဲ့က မူးဆေး ကျေးရွာ ရွာသူကြီးတဦး နှင့် ဒေသခံတဦးအား ရိုက်နှက်မှုပြုလုပ်ပြီး၊ ဒေသခံရွာသားများ နေအိမ်အတွင်းဝင်ရောက် မွှေနှောက်စစ်ဆေးခဲ့သည့်ဖြစ်ရပ်အပေါ် သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် မှ ယနေ့ ဇူလိုင် ၁၉ ရက်စွဲဖြင့် ကြေငြာချက်တစောင်ထုတ်ပြန်ကာ ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။

လွိုင်လင်ခရိုင် နောင်လိုင်ကျေးရွာအုပ်စု မူးဆေး ကျေးရွာ တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကယားပြည်နယ် ကောင်ဆိုင်း ခြေမြန်တပ်ရင်း (၄၃၀) တပ်နှင့် ပြည်သူ့စစ် တို့ စခန်းချနေခဲ့ပြီး ဒေသခံ များကို RCSS/SSA နှင့် အဆက်အသွယ် ရှိသည် ဟု ဇွန်လ ၂၆ နှင့် ၂၇ ရက်နေ့က စွပ်စွဲကာ ရွာသူကြီး နှင့် ဒေသခံ အမျိုးသား တဦး အား ရိုက်နှက်မှုပြုခဲ့ကြောင်း၊ တခြားသော ဒေသခံ များ၏ နေအိမ်များကို လည်း ဝင်ရောက်ကာ မွှေနှောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေး မဏ္ဍိုင်၏ အစီရင်ခံစာတွင် ရေးသားထားသည်။

သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောခွင့်ရ စိုင်းဟော်ရှဲန်က “ ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ လက်မှတ် ထိုးပြီးတဲ့ အဖွဲ့တွေကို ရန်သူလိုသတ်မှတ်ခြင်းနဲ့ အဲ့ဒီလက်နက်ကိုင်အဖွဲ့တွေ ကူညီနေတယ်ဆိုတဲ့ စွဲဆိုချက်တွေကို ပြည်သူလူထုကို ဒုက္ခပေးနေတာမလုပ်သင့်ဘူး” ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

လွိုင်လင်ခရိုင် မူးဆေး ကျေးရွာ သူကြီး နှင့် ဒေသခံများကို RCSS/SSA နှင့် အဆက်အသွယ် ပြုသည် ဟု စွပ်စွဲပြီး နှိပ်စက်သည့် အပေါ် တိုင်းရင်းသားလက်နက်ကိုင်တပ််ဖွဲ့နှင့် မြန်မာတပ်မတော် တို့အကြားယုံကြည်မှု တည်ဆောက်ခြင်းကို ထိခိုက်စေကြောင်း၊ ပြည်သူများကို ပစ်မှတ်ထား အပြစ်ရှာ ခြင်း မပြုသင့်ကြောင်း လည်း စိုင်းဟော်ရှဲန် က ပြောသည်။

“ ဒီ ၂၁ ရာစု သတိယကြိမ် ပင်လုံညီလာခံမတိုင်ခင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေပြင်းထန်ခဲ့ပါတယ်။ တစ်ဖက်ကနိုင်ငံတကာကို ငြိမ်းချမ်းရေးဖော်ဆောင်နေတယ်ဆိုတာကိုပြပြီး တဖက်ကပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတုန်းပဲ။ ဒီဆုံးရှှုံးသွားတဲ့ ပြည်သူလူထုဥစ္စာပစ္စည်းတွေ ညှင်းပမ်းနှိပ်စက်ခံရတဲ့ ပြည်သူလူထုတွေကို စပ်တပ်နဲ့အစိုးရအဖွဲ့တွေက တာဝန်ယူရပါမယ် ” ဟု စိုင်းဟော်ရှဲန် က ဆိုသည်။

မြန်မာ့တပ်မတော် နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့သည် မူးဆေး ရွာသူကြီးကို သေနတ်ဒင်ဖြင့် ဘယ်ဘက်နားထင် ၁ ချက်၊ ဘယ်ဘက်မျက်စိ ၁ ချက်၊ ပါးစပ် ၁ ချက်၊ ငယ်ထိပ်ကို ၂ ချက် ၊ ရင်ဘတ်ကိုလည်း သေနတ်ဖြင့် ရိုက်နှက်မှုကြောင့် လက်ရှိမှာ ရွာသူကြီး ကျန်းမာရေး အခြေအနေ စိုးရိမ်နေရသည် ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် မူးဆေး ကျေးရွာ မှ ဒေသခံအမျိုးသား တဦးကိုလည်း ဘယ်ဘက်နားထင်ကို ၃ ချက်တိတိ ပြင်းပြင်း ထန်ထန်ရိုက်ပြီး ခန္ဓာကိုယ်အနှံ့ခြေထောက်ဖြင့် ဝိုင်းကန်ခဲ့ကြကြောင်းသိရသည်။

ဇူလိုင်လ ၉ ရက်နေ့ ၂၁ ရာစု တတိယကြိမ်မြောက်ပင်လုံညီလာခံ ငြိမ်းချမ်း ရေးဆွေး နွေးပွဲ မတိုင်ခင် ၂ ရက်အလိုတွင် မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု အတွင်း RCSS/SSA နှင့် မြန်မာ တပ်မတော်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားကာ ဒေသခံ တထောင်ကျော် နေရပ်မှ ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

RCSS/SSA သည် ၂၀၁၅ခုနစ် အောက်တိုဘာ လ တွင် နိုင်ငံတော် အဆင့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် NCA ငြိမ်းချမ်းရေး လက်မှတ်ထိုးထားပြီးဖြစ်သောအဖွဲ့အစည်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူနည်းပါး၊ လူထုစိတ်မဝင်စား

0
သျှမ်းပြည် လွိုင်လင်မြို့နယ်ရှိ လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်မြို့များတွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ နည်းပါးကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် လွိုင်လင်မြို့နယ်လည်း ပါဝင်ပြီး လွိုင်လင်မြို့၊ ပင်လုံမြို့၊ မိုင်းပွန်မြို့နှင့်...

PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ရွာသူကြီးတစ်ဦး ပိုက်ဆံဖြင့်ပြန်ရွေးရ

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီးတစ်ဦးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာရန် ပိုက်ဆံအများအပြားနှင့် ပြန်ရွေးရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့သည်...

လွိုင်လင် – မိုင်းပွန် အကြောင်းမရှိလမ်းပိတ်မှုကြောင့် ကားသမားအခက်ကြုံနေ

0
သျှမ်းပြည် တောင်ပိုင်း လွိုင်လင် - မိုင်းပွန်လမ်းပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲများက အကြောင်းရင်းမရှိလမ်းပိတ်၍ တွဲကားကြီးများကို အချိန်ကန့်သတ် သွားလာခိုင်းနေသဖြင့် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း လွိုင်လင် - မိုင်းပွန် လမ်းပိုင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်မှစ၍ စစ်ကောင်စီ လက်အောက်ခံရဲများက...

လွိုင်လင် စစ်ကောင်စီက ဆေးသမားများကိုဖမ်းဆီး မြို့အဝင် ဂိတ် ကင်းစောင့်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နှင့် အနီးတဝိုက်တွင် စစ်ကောင်စီက ဆေးသမားများကို ဖမ်းဆီးပြီး မြို့အဝင်၊အထွက် ဂိတ်များတွင် ကင်းစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်မှ စပြီး စစ်ကောင်စီတပ်မှ ဒေသတွင်း စစ်မှုထမ်းခေါ်ယူရန် လူအင်အားနည်းလာသောကြောင့် မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးကာ တပ်သားသစ်အဖြစ် အစားထိုးစုဆောင်းလာကြောင်း သိရသည်။ အဆိုပါ တပ်သားသစ်များသည်...

လွိုင်လင်မြို့နယ်မြေပြိုဒဏ်ခံရသည့် နေရာအချို့ အကူအညီလိုအပ်နေဆဲ 

0
 သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် ရေဘေးကြောင့် မြေပြိုခဲ့သော နောင်စံဖူးကျေးရွာမှ ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများရှိကြောင်းသိရသည်။ စက်တင်ဘာလ ပထမအပတ်မှ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် လွိုင်လင်မြို့နယ် နောင်စံဖူးကျေးရွာ အတွင်း မြေပြို၊ မြေကွဲမှုများဖြစ်ပေါ်ခဲ့သောကြောင့် နေအိမ် ၁၁ လုံးနှင့် ကျေးရွာဘုန်းကြီးကျောင်းရှိဇရပ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။ လက်ရှိတွင် ကျေးရွာတွင်းဒေသခံများ ပြောင်းရွေ့နေထိုင်နေရပြီး အကူအညီများစွာ လိုအပ်နေကြောင်း  သွားရောက်...