လဝက်ကြာ ဂူတွင်းပိတ်မိခဲ့သော ထိုင်းကျောင်းသားလေးများအား ထိုင်းနိုင်ငံတော်၏တက္ကသိုလ်တခုမှ ပညာရေးဆုံးခန်းတိုင်အောင်ထောက်ပံ့မည်  

ထိုင်းနိုင်ငံ မြောက်ပိုင်း ဂူတွင်းပိတ်မိနေသည့် မူပါအကယ်ဒမီ ကျောင်းသား ဘောလုံးအသင်း နှင့် နည်းပြ စုစုပေါင်း ၁၃ ဦးအား ထိုင်းနိုင်ငံတော်၏ နရေးဆွန် တက္ကသိုလ်မှ Ph.D ဘွဲ့ရသည်အထိ အခမဲ့ပညာ သင် ခွင့်ပေးမည်ဖြစ်ကြောင်း ၊ နေစရိတ် စားစရိတ်များပါ ထောက်ပံ့မည်ဖြစ်ကြောင်းသိရသည်။


၁၅ ရက်အကြာ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်နန်းနောန်းဂူအတွင်း ပိတ်မိနေသော ကလေးများအား ထိုင်းနိုင်ငံ နေဗီဆီးလ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရေငုပ်ကျွမ်းကျင်ပညာရှင်များက ကြိုးစားကယ်ထုတ်ရာတွင် ဇွန်လ ၈ ရက် ၉ ရက်နှင့် ၁၀ ရက် နေ့တို့တွင် ၁၃ ယောက်လုံးအား အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည်။

၄င်းကျောင်းသား ၁၂ ဦးနှင့်နည်းပြ ၁ ဦး စုစုပေါင်း ၁၃ ဦးတို့အား ထိုင်းနိုင်ငံ ဖိစနုလုတ် (ဗိသနိုး) ခရိုင်ရှိ နရေးဆွန်တက္ကသိုလ်က နွေးထွေးစွာကြိုဆိုကြောင်းနှင့် ၄င်းတို့ကြိုးစားပါက အမြင့်ဆုံး Ph.D ဘွဲ့ရသည်အထိ အခမဲ့ ပညာသင်ကြားခွင့်ပေးမည်ဖြစ်ကြောင်း တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ကန်ကျနာ ငေါ၀်းရန်းဆီ က ချင်းရိုင်းခရိုင်ဝန်ထံ စာရေးသားပေးဖို့ခဲ့ကြောင်း ထိုင်းအစိုးရပိုင်သတင်းဌာနများတွင်ဖော်ပြထားသည်။

ဘယ်သူတွေဘယ်လိုဘဲဝေဖန်ပါစေပေါ့။ ဒီကလေးတွေဟာ သီးခံမှုအပြည့်ရှိတယ်။ ဆုံးဖြတ်ချက် ခိုင်မာကြတယ်။ နည်းမှန်လမ်းမှန်ကိုကျင့်သုံးဖို့ အသိဉာဏ်ရှိတယ်။ သူတို့နည်းပြဟာ ခေါင်းဆောင် ကောင်းတယောက်ရဲ့အရည်အချင်းနဲ့ပြည့်ဝတယ်။ ကလေးတွေကလည်းလိမ်မာကြတယ်။ အနာဂတ်မှာ ထိုင်းနိုင်ငံအတွက် လူတော်လူကောင်းတွေ၊ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေ တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့တက္ကသိုလ်ကနေ သူတို့ ၁၃ ယောက်ကို ပညာသင်ခွင့်အခွင့် အလမ်း တွေပေးချင်တာကြောင့် ဒီလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ – ဟု ထိုင်းသတင်းမီဒီယာများအားပြောဆိုသည်။

နည်းပြအပါအဝင် မူပါအကယ်ဒမီ ကျောင်းသားဘော်လုံးအသင်း ၁၃ ဦးမှာ နရေးဆွန်တက္ကသိုလ်မှ ဘွဲ့ရပြီး ပါက ဒေသအတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိနေရပ်သို့ပြန်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်သွား ရမည်ဖြစ်ပြီး အလုပ်အကိုင်ရရှိရေးအတွက်လည်း တက္ကသိုလ်မှ စီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ရေးသားထားပါသည်။

မူပါ အကယ်ဒမီ ကျောင်းသားဘောလုံးအသင်း ၁၃ ဦးတွင် ထိုင်းနိုင်ငံသားမှတ်ပုံတင်မရသေးသည့် မယ်ဆိုင်မြို့နေ သျှမ်းပြည်သား မိဘများမှ မွေးဖွားသော ကလေး ၄ ဦးရှိကြောင်း၊ အဆိုပါ ၄ ဦအားလည်း ထိုင်းနိုင်ငံသားလက်မှတ် ထုတ်ပေးနိုင်ရေးအတွက် မွေးဖွားမှုသက်သေအထောက်အထားများ ရှာဖွေဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံအစိုးရက ပြည်ထဲရေးဝန်ကြီးဌာနက မှာကြားထားကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...

မယ်ဆိုင်တွင် စိတ်ကြွဆေးပြားအမြောက်အမြား သယ်ဆောင်လာသူ မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ ပထမမြောက် မယ်ဆိုင်နယ်စပ် အကောက်ခွန်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦး သယ်ဆောင်လာသည့် သစ်သီးခြင်းများအောက်၌ သိုဝှက်သယ်ဆောင်လာသည့် ကီတမင်း ၁၁၁ ကီလိုဂရမ်ကျော်နှင့် ယာဘ (စိတ်ကြွဆေးပြား) ၆ သိန်းပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇူလိုင်လ ၅ ရက်) နံနက်ပိုင်းတွင်...

ချင်းရိုင်တွင် မဲခေါင်မြစ်အတွင်း ပစ်ချခဲ့သည့် စိတ်ကြွဆေးပြား ၆ သန်းကျော်သိမ်းဆည်းရမိ

0
ထိုင်းနိုင်ငံအတွင်းသို့ အကြီးစား မူးယစ်ဆေးဝါး တင်သွင်းရန် ကြိုးပမ်းခဲ့သည့် လာအိုမှ မှောင်ခိုသမားများ ပစ်ချထားခဲ့သော စိတ်ကြွရူးသွပ်ဆေးပြား (Yaba) ၆ သန်းကျော်ကို ထိုင်း-လာအိုနယ်စပ် မဲခေါင်မြစ်အတွင်း  သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၁၄ ရက်) ည ၈ခွဲဝန်းကျင်တွင် မဲခေါင်မြစ်ကြောင်း ထိန်းသိမ်းရေးအဖွဲ့က အိမ်နီးချင်းနိုင်ငံ လာအိုဘက်မှ မဲခေါင်မြစ်ကို...

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ...

ချင်းရိုင် ဂိုဒေါင်တစ်ခုတွင် မူးယစ်ဆေးပြား ၁၀ သန်း သိမ်းဆည်းရမိ

0
ထိုင်းနိုင်ငံ ချင်းရိုင်မြို့ရှိ ဂိုဒေါင်တစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းရာ ဆိုဖာများအတွင်း ဝှက်ထားသော မက်သာဖက်သမင်း ဆေးပြား ၁၀ သန်းခန့်အား သိမ်းဆည်းရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့လယ် ၁ နာရီခွဲတွင် ထိုင်းအာဏာပိုင်များသည် ချင်းရိုင်မြို့ရှိ ဂိုဒေါင်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုဖာအသစ်...